မၾကာေသးခင္က ဖိလစ္ပိုင္ႏိုင္ငံရွိ သက္ဆိုင္ရာအစိုးရမ်ားဟာ လူစုလူေဝးျဖစ္ျခင္းကို ေရွာင္ရွားႏိုင္ရန္ ေမာ္ေတာ္ဆိုင္ကယ္စီးျခင္းကိုကန႔္သတ္ထားသျဖင့္ ျပည္သူမ်ားစြာဟာ ေမာ္ေတာ္ဆိုင္ကယ္ကို သယ္ယူပို႔ေဆာင္ေရးနည္းလမ္းတစ္ခုအျဖစ္ အသုံးခ်ႏိုင္တာေၾကာင့္ ၎ဥပေဒကို ေရွာင္တိမ္းႏိုင္ရန္ နည္းလမ္းမ်ိဳးစုံကို ရွာေဖြေနခဲ့ၾကရပါတယ္။ဖိလစ္ပိုင္ႏိုင္ငံတြင္ ေမာ္ေတာ္ဆိုင္ကယ္မ်ားဟာ သန္းႏွင့္ခ်ီေသာလူမ်ားအတြက္ သယ္ယူပို႔ေဆာင္ေရးရဲ႕အဓိကနည္းလမ္းတစ္ခုလိုပါဘဲ။ေမာ္ေတာ္ဆိုင္ကယ္ကို အေနာက္ကေနလိုက္မစီးရဆိုတဲ့ကန္သတ္ခ်က္က မေတာ္တဆမႈမ်ားျဖစ္ပြားျခင္းႏွင့္ ကီလိုမီတာမ်ားစြာေဝးတဲ့ လူတိုင္းရဲ႕လုပ္ငန္းခြင္သို႔ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ေမာင္းသြားျခင္းက ၎တို႔ရဲ႕အသက္အႏၲရာယ္မ်ားျဖစ္ေစျခင္းအပါအ၀င္ အျခားေသာျပသနာမ်ားကို မျဖစ္ေပၚလာေအာင္ ဟန္႔တားထားျခင္းဘဲ ျဖစ္ပါတယ္။
သို႔ေပမဲ့ ဒါကိုေျဖရွင္းဖို႔ ဖိလစ္ပိုင္လူမ်ိဳးအေတာ္မ်ားမ်ားဟာ နည္းလမ္းအမ်ိဳးမ်ိဳးကို ရွာထားၿပီးသားျဖစ္ပါတယ္။လြန္ခဲ့တဲ့ ရက္သတၱပတ္အၾကာက စုံတြဲတစ္တြဲဟာ အလူမီနီယံလွည္းကို ေမာ္ေတာ္ဆိုင္ကယ္ရဲ႕ေနာက္မွာ ႀကိဳးျဖင့္တုပ္ၿပီး အျခားတစ္ဦးက ရထားႏွင့္တူတဲ့၎၂ဘီးတပ္အလႉမီနီယံလွည္းေပၚမွာ လိုက္ပါစီးနင္းေနခဲ့ပါတယ္။အျခားစုံတြဲတစ္တြဲကလည္း ဆိုင္ကယ္ထိုင္ခုံၾကားမွာ သစ္သားႏွင့္ပလပ္စတစ္အကာတို႔ကို ကာဆီးကာ အတူတူဆိုင္ကယ္စီးခဲ့ၾကပါတယ္။သို႔ေပမဲ့ အခုစုံတြဲတစ္တြဲကေတာ့ စိတ္ကူးေကာင္းတစ္ခုရွိေနခဲ့ပါတယ္။သူတို႔ဟာ ဆိုင္ကယ္ေနာက္မွ ဘီးမပါတဲ့သစ္သား sled တစ္ခုကို တပ္ကာ ၎sled ေပၚမွာမွ အကာေတြကိုလည္း အလွပါဆင္ထားပါေသးတယ္။
အလွဆင္ထားတဲ့ “ဘီးမပါတဲ့လွည္း”ေပၚမွာ အမ်ိဳးသမီးထိုင္စီးေနတာကိုျမင္ရျခင္းက ႐ိုးရွင္းေပမဲ့ ခ်စ္စရာလည္းေကာင္းေနပါတယ္။ထို႔ေနာက္ ဒီ social distancing hack ကို လူအမ်ားက သေဘာေတြက်ေနခဲ့ၾကပါတယ္။ဒါဟာ ပါးနပ္တဲ့နည္းလမ္းတစ္ခုပါဘဲ။ဖိလစ္ပိုင္ျပည္သူအမ်ားစုဟာ ၎တို႔က ဆိုင္ကယ္အားႏွစ္ေယာက္စီးလို႔မရတဲ့မူဝါဒကို ခ်ိဳးေဖာက္ခဲ့ရင္ေတာ့ ၎တို႔ကို ဒဏ္ေငြ႐ိုက္မဲ့နည္းလမ္းမ်ားမရွိေသးေၾကာင္း ေျပာဆိုေနခဲ့ၾကပါတယ္။ဘာဘဲျဖစ္ျဖစ္ ကူးစက္ေရာဂါက ျပန္႔ပြါးေနဆဲျဖစ္တာေၾကာင့္ ျပည္သူမ်ားအေနနဲ႔ မျဖစ္မေန social distancing ကို လုပ္ကိုလုပ္သင့္ပါတယ္။
Mia (Mckzone Daily One)
Source : rachfeed
Unicode
မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံရှိ သက်ဆိုင်ရာအစိုးရများဟာ လူစုလူဝေးဖြစ်ခြင်းကို ရှောင်ရှားနိုင်ရန် မော်တော်ဆိုင်ကယ်စီးခြင်းကိုကန့်သတ်ထားသဖြင့် ပြည်သူများစွာဟာ မော်တော်ဆိုင်ကယ်ကို သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုအဖြစ် အသုံးချနိုင်တာကြောင့် ၎င်းဥပဒေကို ရှောင်တိမ်းနိုင်ရန် နည်းလမ်းမျိုးစုံကို ရှာဖွေနေခဲ့ကြရပါတယ်။ဖိလစ်ပိုင်နိုင်ငံတွင် မော်တော်ဆိုင်ကယ်များဟာ သန်းနှင့်ချီသောလူများအတွက် သယ်ယူပို့ဆောင်ရေးရဲ့အဓိကနည်းလမ်းတစ်ခုလိုပါဘဲ။မော်တော်ဆိုင်ကယ်ကို အနောက်ကနေလိုက်မစီးရဆိုတဲ့ကန်သတ်ချက်က မတော်တဆမှုများဖြစ်ပွားခြင်းနှင့် ကီလိုမီတာများစွာဝေးတဲ့ လူတိုင်းရဲ့လုပ်ငန်းခွင်သို့ မော်တော်ဆိုင်ကယ်ဖြင့်မောင်းသွားခြင်းက ၎င်းတို့ရဲ့အသက်အန္တရာယ်များဖြစ်စေခြင်းအပါအဝင် အခြားသောပြသနာများကို မဖြစ်ပေါ်လာအောင် ဟန့်တားထားခြင်းဘဲ ဖြစ်ပါတယ်။
သို့ပေမဲ့ ဒါကိုဖြေရှင်းဖို့ ဖိလစ်ပိုင်လူမျိုးအတော်များများဟာ နည်းလမ်းအမျိုးမျိုးကို ရှာထားပြီးသားဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရက်သတ္တပတ်အကြာက စုံတွဲတစ်တွဲဟာ အလူမီနီယံလှည်းကို မော်တော်ဆိုင်ကယ်ရဲ့နောက်မှာ ကြိုးဖြင့်တုပ်ပြီး အခြားတစ်ဦးက ရထားနှင့်တူတဲ့၎င်း၂ဘီးတပ်အလှူမီနီယံလှည်းပေါ်မှာ လိုက်ပါစီးနင်းနေခဲ့ပါတယ်။အခြားစုံတွဲတစ်တွဲကလည်း ဆိုင်ကယ်ထိုင်ခုံကြားမှာ သစ်သားနှင့်ပလပ်စတစ်အကာတို့ကို ကာဆီးကာ အတူတူဆိုင်ကယ်စီးခဲ့ကြပါတယ်။သို့ပေမဲ့ အခုစုံတွဲတစ်တွဲကတော့ စိတ်ကူးကောင်းတစ်ခုရှိနေခဲ့ပါတယ်။သူတို့ဟာ ဆိုင်ကယ်နောက်မှ ဘီးမပါတဲ့သစ်သား sled တစ်ခုကို တပ်ကာ ၎င်းsled ပေါ်မှာမှ အကာတွေကိုလည်း အလှပါဆင်ထားပါသေးတယ်။
အလှဆင်ထားတဲ့ “ဘီးမပါတဲ့လှည်း”ပေါ်မှာ အမျိုးသမီးထိုင်စီးနေတာကိုမြင်ရခြင်းက ရိုးရှင်းပေမဲ့ ချစ်စရာလည်းကောင်းနေပါတယ်။ထို့နောက် ဒီ social distancing hack ကို လူအများက သဘောတွေကျနေခဲ့ကြပါတယ်။ဒါဟာ ပါးနပ်တဲ့နည်းလမ်းတစ်ခုပါဘဲ။ဖိလစ်ပိုင်ပြည်သူအများစုဟာ ၎င်းတို့က ဆိုင်ကယ်အားနှစ်ယောက်စီးလို့မရတဲ့မူဝါဒကို ချိုးဖောက်ခဲ့ရင်တော့ ၎င်းတို့ကို ဒဏ်ငွေရိုက်မဲ့နည်းလမ်းများမရှိသေးကြောင်း ပြောဆိုနေခဲ့ကြပါတယ်။ဘာဘဲဖြစ်ဖြစ် ကူးစက်ရောဂါက ပြန့်ပွါးနေဆဲဖြစ်တာကြောင့် ပြည်သူများအနေနဲ့ မဖြစ်မနေ social distancing ကို လုပ်ကိုလုပ်သင့်ပါတယ်။
Mia (Mckzone Daily One)
Be the first to comment on "ဆိုင္ကယ္အားႏွစ္ေယာက္စီးလို႔မရတဲ့စည္းကမ္း ႏွင့္အညီ ဘီးမပါတဲ့အလွသစ္လုံးတြဲလွည္းျဖင့္ social distancing လုပ္ျပခဲ့ၾကတဲ့ စုံတြဲတစ္တြဲ"