Rosita အမည္ရွိအမ်ိဳးသမီးဟာ ၂၀၀၃ ခုႏွစ္မွာ Michael Hendry အမည္ရွိၿဗိတိသွ်အမ်ိဳးသားႏွင့္ လက္ထပ္ခဲ့ပါတယ္။Michael နဲ႔ သူမက အသက္ ၂၀ ကြာဟမႈရွိေပမဲ့လည္း အဂၤလန္ႏိုင္ငံ East Molesey ၿမိဳ႕ Surrey ေကာင္တီရွိ ၎တို႔ရဲ႕ေနအိမ္မွာ ေပ်ာ္႐ႊင္စြာေနထိုင္ခဲ့စဥ္ အသက္ကြာျခားမႈက သိပ္အေရးမႀကီးေနခဲ့ပါဘူး။Michael ဟာ ေပါင္ ၂၂၀,၀၀၀ ( ၄၆၂ သိန္းနီးပါး) တန္ဖိုးရွိတဲ့အိမ္တစ္လုံးပိုင္ဆိုင္ထားတဲ့ သူေဌးတစ္ဦးျဖစ္ပါတယ္။သို႔ေပမယ့္ ႏွစ္ေတြၾကာလာတာႏွင့္အမွ် ဇနီး Rositaဟာ Michael က အၿမဲအရက္ေသာက္တတ္ေၾကာင္း ဆိုလာခဲ့ပါတယ္။တစ္ဖန္ Michael ကလည္း Rosita မွာ ရည္းစားမ်ားရွိေၾကာင္းနဲ႔ သူမဟာ သူတို႔ရဲ႕အိမ္ေထာင္ေရးကို အဆုံးသတ္ခ်င္ေနတဲ့အျပင္ သူတို႔ရဲ႕ကေလးႏွစ္ေယာက္ကိုလည္း ထားခဲ့ဖို႔လုပ္ေနေၾကာင္း ထိုကဲ့သို႔ ဆိုလာခဲ့ပါတယ္။
ထို႔ေနာက္ Michael ဟာ၂၀၁၇ ခုႏွစ္ သူ႔အသက္ ၇၀ မွာ ကြယ္လြန္သြားခဲ့ပါတယ္။ Michael ကြယ္လြန္ၿပီးေနာက္ ၎တို႔ရဲ႕ကြာရွင္းျပတ္စဲျခင္းကို စတင္ခဲ့ၿပီး Rosita ဟာ အိမ္ေထာင္ေရးအဆင္မေျပမႈ (သို႔) အျခားျဖစ္လာႏိုင္ဖြယ္အေျခအေနမ်ားရွိခဲ့လွ်င္ သူမအိမ္ျပန္ရန္ ေလယာဥ္လက္မွတ္ ႏွင့္ ေပါင္ ၁၀,၀၀၀ (၂၁ သိန္းေက်ာ္) ကိုရရွိရန္အတြက္ လက္မွတ္ေရးထိုးေပးရမဲ့အေျခအေနရွိလာခဲ့ပါတယ္။ထို႔ေနာက္ Rosita ဟာ လက္မွတ္ထိုးမဲ့ကိစၥကိုျငင္းခဲ့တာေၾကာင့္ သက္ဆိုင္သူတို႔က ေျမႏွင့္ပိုင္ဆိုင္မႈအားလုံးကို သုံးပိုင္းခြဲရန္ သေဘာတူခဲ့ေပမဲ့လည္း Rosita က Michael ရဲ႕ပိုင္ဆိုင္မႈမ်ားကို သုံးပိုင္းခြဲမယ့္အစား တစ္ဝက္ကို သားသမီးမ်ားအား ခြဲေပးၿပီး က်န္ထက္ဝက္ကိုေတာ့ သူမက လိုခ်င္ေနခဲ့ပါတယ္။
၎တို႔ရဲ႕အေမြကိစၥက တရား႐ုံးသိုေရာက္သြားခဲ့ေပမဲ့လည္း ၂ ႏွစ္အၾကာမွာ Michael အိမ္ရာပိုင္ဆိုင္ခြင့္မ်ားအားလုံးကို တရား႐ုံးကဘဲ ဆုံးျဖတ္ေပးလိုက္ပါတယ္။Rosita ဟာ နစ္နာေၾကးေတာင္းခံတဲ့ ၆ လကန႔္သတ္ခ်က္ကို လြဲေခ်ာ္ခဲ့တာေၾကာင့္ သူမဟာ ဘာမွမရခဲ့ရပါဘူး။သားသမီးမ်ားကလည္း သူမျငင္းဆန္ခဲ့တဲ့ေငြအခ်ိဳ႕ႏွင့္လက္မွတ္တစ္ေစာင္အား ေပးမဲ့ကိစၥကိုလည္း မလုပ္ေပးခဲ့ၾကပါဘူး။လက္ရွိမွာေတာ့ Rosita ဟာ အဂၤလန္မွာ ပိတ္မိေနၿပီး Netizen မ်ားစြာက Rosita အား သားသမီးျဖစ္သူတို႔ရဲ႕ကမ္းလွမ္းခ်က္ကို လက္ခံခဲ့သင့္ေၾကာင္း အလားတူမွတ္ခ်က္မ်ားစြာကို ေရးသားတုံျပန္ခဲ့ၾကပါတယ္။
Mia (Mckzone Daily)
Source : rachfeed
Unicode
Rosita အမည်ရှိအမျိုးသမီးဟာ ၂၀၀၃ ခုနှစ်မှာ Michael Hendry အမည်ရှိဗြိတိသျှအမျိုးသားနှင့် လက်ထပ်ခဲ့ပါတယ်။Michael နဲ့ သူမက အသက် ၂၀ ကွာဟမှုရှိပေမဲ့လည်း အင်္ဂလန်နိုင်ငံ East Molesey မြို့ Surrey ကောင်တီရှိ ၎င်းတို့ရဲ့နေအိမ်မှာ ပျော်ရွှင်စွာနေထိုင်ခဲ့စဉ် အသက်ကွာခြားမှုက သိပ်အရေးမကြီးနေခဲ့ပါဘူး။Michael ဟာ ပေါင် ၂၂၀,၀၀၀ ( ၄၆၂ သိန်းနီးပါး) တန်ဖိုးရှိတဲ့အိမ်တစ်လုံးပိုင်ဆိုင်ထားတဲ့ သူဌေးတစ်ဦးဖြစ်ပါတယ်။သို့ပေမယ့် နှစ်တွေကြာလာတာနှင့်အမျှ ဇနီး Rositaဟာ Michael က အမြဲအရက်သောက်တတ်ကြောင်း ဆိုလာခဲ့ပါတယ်။တစ်ဖန် Michael ကလည်း Rosita မှာ ရည်းစားများရှိကြောင်းနဲ့ သူမဟာ သူတို့ရဲ့အိမ်ထောင်ရေးကို အဆုံးသတ်ချင်နေတဲ့အပြင် သူတို့ရဲ့ကလေးနှစ်ယောက်ကိုလည်း ထားခဲ့ဖို့လုပ်နေကြောင်း ထိုကဲ့သို့ ဆိုလာခဲ့ပါတယ်။
ထို့နောက် Michael ဟာ၂၀၁၇ ခုနှစ် သူ့အသက် ၇၀ မှာ ကွယ်လွန်သွားခဲ့ပါတယ်။ Michael ကွယ်လွန်ပြီးနောက် ၎င်းတို့ရဲ့ကွာရှင်းပြတ်စဲခြင်းကို စတင်ခဲ့ပြီး Rosita ဟာ အိမ်ထောင်ရေးအဆင်မပြေမှု (သို့) အခြားဖြစ်လာနိုင်ဖွယ်အခြေအနေများရှိခဲ့လျှင် သူမအိမ်ပြန်ရန် လေယာဉ်လက်မှတ် နှင့် ပေါင် ၁၀,၀၀၀ (၂၁ သိန်းကျော်) ကိုရရှိရန်အတွက် လက်မှတ်ရေးထိုးပေးရမဲ့အခြေအနေရှိလာခဲ့ပါတယ်။ထို့နောက် Rosita ဟာ လက်မှတ်ထိုးမဲ့ကိစ္စကိုငြင်းခဲ့တာကြောင့် သက်ဆိုင်သူတို့က မြေနှင့်ပိုင်ဆိုင်မှုအားလုံးကို သုံးပိုင်းခွဲရန် သဘောတူခဲ့ပေမဲ့လည်း Rosita က Michael ရဲ့ပိုင်ဆိုင်မှုများကို သုံးပိုင်းခွဲမယ့်အစား တစ်ဝက်ကို သားသမီးများအား ခွဲပေးပြီး ကျန်ထက်ဝက်ကိုတော့ သူမက လိုချင်နေခဲ့ပါတယ်။
၎င်းတို့ရဲ့အမွေကိစ္စက တရားရုံးသိုရောက်သွားခဲ့ပေမဲ့လည်း ၂ နှစ်အကြာမှာ Michael အိမ်ရာပိုင်ဆိုင်ခွင့်များအားလုံးကို တရားရုံးကဘဲ ဆုံးဖြတ်ပေးလိုက်ပါတယ်။Rosita ဟာ နစ်နာကြေးတောင်းခံတဲ့ ၆ လကန့်သတ်ချက်ကို လွဲချော်ခဲ့တာကြောင့် သူမဟာ ဘာမှမရခဲ့ရပါဘူး။သားသမီးများကလည်း သူမငြင်းဆန်ခဲ့တဲ့ငွေအချို့နှင့်လက်မှတ်တစ်စောင်အား ပေးမဲ့ကိစ္စကိုလည်း မလုပ်ပေးခဲ့ကြပါဘူး။လက်ရှိမှာတော့ Rosita ဟာ အင်္ဂလန်မှာ ပိတ်မိနေပြီး Netizen များစွာက Rosita အား သားသမီးဖြစ်သူတို့ရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့သင့်ကြောင်း အလားတူမှတ်ချက်များစွာကို ရေးသားတုံပြန်ခဲ့ကြပါတယ်။
Mia (Mckzone Daily)
Be the first to comment on "သားသမီးမ်ားက ကမ္းလွမ္းတဲ့ေငြ ၂၁သိန္းကိုျငင္းဆန္ခဲ့ၿပီးေနာက္ ကြယ္လြန္ၿပီးခင္ပြန္းထံမွ အေမြတစ္ခုမွမရလိုက္ရတဲ့ အမ်ိဳးသမီး"