မိုးကြီးရေလျှံနေပြီး ကားတစ်စီးလုံးရေထဲမျာသွားမတက်ဖြစ်နေပေမဲ့လည်း မင်္ဂလာပွဲဆီသို့အရောက်သွားခဲ့ကြတဲ့ စုံတွဲ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ချစ်ရသူနှစ်ဦးပေါင်းဖက်ရဖို့ဆိုရင် ဘယ်လိုစိန်ခေါ်နေတဲ့အရာမျိုးပဲဖြစ်ဖြစ်ဖြတ်ကျော်နိုင်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Maizatul Akmal Moh Razmi အမည်ရှိတဲ့ အသက်29 နှစ်အရွယ်အမျိုးသား နှင့် Aliff Taufiq Alin Azman အမည်ရှိတဲ့ အသက်28နှစ်အရွအမျိုးသမီးတို့ရဲ့ မင်္ဂလာပွဲဟာ မိုးကြီးရေလျှံလွန်းတဲ့အဖြစ်ကြောင့် သူတို့ရဲ့မင်္ဂလာပွဲဟာပျက်ဆီးသွားခဲ့ရပါတယ် ။

Video ထဲမှာတော့ သတို့သားနှင့်သတို့သမီးတို့ စီးနှင်လိုက်ပါခဲ့တဲ့ကားဟာ လမ်းမအလယ်မှာ မိုးကြီးရေလျှံတဲ့အခြေအနေကြောင့် ပိတ်မိနေခဲ့ပြီး ကားထဲအထိရေတွေဝင်နေခဲ့တဲ့အထိ ဖြစ်ပျက်ခဲ့ပါတယ် ။ ထို့သို့ ကားထဲဝင်ရောက်လာတဲ့ရွံ့ရေများကြောင့် သတို့သမီးဟာ မင်္ဂလာဝတ်စုံအဖြူရောင်လေး မပျက်ဆီးသွားအောင် ထိန်းရင် ကားအနောက်ခန်းဖက်မှာအတော်လေး ဒုက္ခရောက်နေခဲ့တာကိုလည်း တွေ့မြင်ရမှာပါ ။

သို့ပေမဲ့လည်း နောက်ဆုံး အဆိုပါစုံတွဲနှစ်ယောက်လုံး မင်္ဂလာပွဲနေရာသို့အရောက်သွားခဲ့ပြီးနောက် သာမာန်ဝတ်စုံများဖြင့်သာ မင်္ဂလာပွဲကျင်းပခဲ့ကြပါတယ် ။ ၎င်းတို့စုံတွဲယုံကြည်ထားခဲ့ကြတာကတော့ မည်သို့ပင်ဖြစ်စေကာမူ ချစ်ရသူနှစ်ဦးပေါင်းဖက်နိုင်ဖို့ အဓိကအရေးကြီးတဲ့အချက်မှာတော့ အချင်းချင်းဆိုးသည်ဖြစ်စေ ၊ ကောင်းသည်ဖြစ်စေ အတူတူသက်ဆုံးထိပေါင်းဖက်နိုင်ဖို့ပဲ ဆိုပြီး ၎င်းတို့ရဲ့ယုံကြည်ချက်ကို ဖြေကြားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိုးကြီးရေလျှံနေပြီး ကားတစ်စီးလုံးရေထဲမျာသွားမတက်ဖြစ်နေပေမဲ့လည်း မင်္ဂလာပွဲဆီသို့အရောက်သွားခဲ့ကြတဲ့ စုံတွဲ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*