သေးပေါက်နေတဲ့သူငယ်ချင်းကိုမှ သွားစနောက်ခဲ့မိလို့ ဘဝတစ်လျှောက်မမေ့နိုင်တဲ့အဖြစ်မျိုးကြုံခဲ့ရတဲ့ အမျိုးသား(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချို့သောယောင်္ကျားလေးတွေဟာ အပေါ့သွားချင်လို့ အိမ်သာရှာလို့မတွေ့လျှင် တွေ့တဲ့နေရာမှာကြုံလျှင်ကြုံသလို ၊ အဆင်ပြေသလိုဆီးသွားတတ်လေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံအမျိုးသားတစ်ယောက်ဟာ မြစ်ချောင်းအနီး သေးပေါက်နေခဲ့တဲ့သူငယ်ချင်းကိုစနောက်ချင်လို့ video ရိုက်ပြီးတော့ပါ သူငယ်ချင်းကိုစနောက်အရှက်ခွဲချင်ခဲ့တာပါ ။ သို့သော်လည်း သူငယ်ချင်းကိုစနောက်ပေမဲ့လည်း သူကသာမမေ့နိုင်လောက်တဲ့အဖြစ်မျိုးနဲ့သာ ပြန်ပြီးကြုံတွေ့ခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ သူငယ်ချင်းဖြစ်သူက သေးပေါက်နေတုန်း အဆိုပါအမျိုးသားဟာ သူငယ်ချင်းကို လှန်းပြီးရိုက်လိုက်ပြီးနောက် သူမမြင်နိုင်တဲ့မျက်ကွယ်ရာမှာ ပုန်းနေဖို့ အောက်ဖက်သို့ထိုင်ချခဲ့ပေမဲ့လည်း ၊ သူငယ်ချင်းဖြစ်သူဟာ သေးပေါက်နေရင်းတန်းလန်းဖြစ်နေတာမို့ အရှိန်မထိန်းနိုင်ပဲ အောက်ဖက်ထိုင်ပြီး ပုန်းခိုနေခဲ့တဲ့ အဆိုပါအမျိုးသားရဲ့မျက်နှာတည့်တည့်သို့ သေးဖြင့်ပန်းမိခဲ့ယုံမျှမက ၊ အဆိုပါအမျိုးသား၏ပါးစပ်တည့်တည့်ကိုပါ သေးဖြင့်ပန်းမိခဲ့ပါတယ် ။ ၎င်းအမျိုးသားမှာတော့ အလွန်ထိတ်လန့်သွားပြီး ရှောင်ဖို့ကြိုးစားခဲ့ရင် အနောက်ဖက်မှာရှိနေခဲ့တဲ့ မြစ်ချောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့ရပါတယ် ။

အဆိုပါအဖြစ်အပျက်ကို video မှတ်တမ်းရိုက်ယူထားခဲ့တဲ့ သူငယ်ချင်းတစ်ယောက်မှာတော့ ဘယ်လိုမှမထိန်းနိုင်တော့ဘဲ အတော်လေးအော်ရယ်ခဲ့ပါတော့တယ် ။ အချိန်အခါမကြည့်ဘဲ စနောက်တတ်ကြတဲ့ အဆိုပါအမျိုးသားမှာလည်း အတော်လေးကိုမှတ်သားလောက်တဲ့ သင်ခန်းစားမျိုးရသွားလောက်ပြီလို့ ဆိုရမှာပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "သေးပေါက်နေတဲ့သူငယ်ချင်းကိုမှ သွားစနောက်ခဲ့မိလို့ ဘဝတစ်လျှောက်မမေ့နိုင်တဲ့အဖြစ်မျိုးကြုံခဲ့ရတဲ့ အမျိုးသား(ရုပ်သံ)"

Leave a comment

Your email address will not be published.


*