အပြာဇာတ်ကားကြည့်နေရင်းမှ အစ်ကိုဖြစ်သူရဲ့သတို့သမီးလောင်းဟာ နာမည်ကြီးအပြာမယ်လေးဖြစ်နေကြောင်း သိခဲ့ရတဲ့အဖြစ်





Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သော Relationship တွေဟာ ချစ်သူရဲ့နောက်ကွယ်မှာ ခိုးကြောင်ခိုဝှက်နဲ့လိမ်ညာလှည့်စားတာမျိုး များလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း သြစတြေးလျနိုင်ငံသို့ ပညာသွားရောက်သင်ကြားနေခဲ့တဲ့ တရုတ်အမျိုးသားတစ်ဦးဟာ ၊ အဆိုပါနိုင်ငံတွင်ပဲပညာလာရောက်သင်ကြားနေခဲ့တဲ့ သိတတ်လိမ္မာတဲ့တရုတ်မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံးခဲ့ပြီးနောက် နှစ်ယောက်သားအတည်တကျလက်တွဲခဲ့ကြကာ လက်ထပ်ဖို့အထိကိုရည်ရွယ်ခဲ့ကြပါတယ် ။ ထို့အပြင် အဆိုပါမိန်းကလေးဟာ သူမရဲ့ပညာရေးကိုအနှောင့်အယှက်မဖြစ်လို၍ တက္ကသိုလ် ၊ စာကြည့်တိုက်သို့ တစ်ဦးတည်းသွားပြီး စာလေ့လာနေလေ့ရှိကြောင်း အဆိုပါအမျိုးသား၏ပြောဆိုချက်အရ သိရှိရပါတယ် ။

သို့ပေမဲ့လည်း တစ်ရက်မှာတော့ အဆိုပါအမျိုးသားရဲ့ ညီလေးတော်စပ်သူမှာ သြစတြေးလျသို့အလည်လာရောက်ပြီးနောက် အတူတူနေထိုင်ခဲ့ကြပါသေးတယ် ။ နောက်ပိုင် ညီလေးဖြစ်သူဟာ တရုတ်ပြည်သို့ပြန်ရောက်ပြီး အစ်ကိုဖြစ်သူအတွက် စာတစ်စောင်ပေးပို့ခဲ့ပါတယ် ။ စာထဲမှာတော့ အစ်ကိုလက်ရှိသြစတြေးလျက ချစ်သူနဲ့လမ်းခွဲလိုက်ပါတော့ဆိုပြီး အပြာဇာတ်ကား တစ်ကားကိုပါပေးပို့ခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ ဇာတ်ကားကိုဖွင့်ကြည့်လိုက်ချိန်မှာတော့ သူ၏ချစ်သူကောင်မလေးဟာ အခြားအမျိုးသားတစ်ဦးနဲ့ လိင်ဆက်ဆံနေခဲ့တဲ့ video ဖြစ်နေခဲ့ပါတယ် ။ ထို့ကြောင့် သူ၏ချစ်သူမှာ နောက်ကွယ်တွင် အပြာမယ်တစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေခဲ့တာကို သိရှိသွားခဲ့ပါတော့တယ် ။

သူ၏ချစ်သူမိန်းကလေးကို ဆက်သွယ်မေးမြန်ခဲ့ချိန်မှာတော့ သူမက ” အဲ့ဓာတ်ပုံထဲက ငါဖြစ်နေရင်တောင် နင်ငါ့ကိုမေးနေစရာမလိုဘူး ၊ ငါနင့်ကို ဘားမှဖြေရှင်ချက်ပေးစရာ မလိုဘူးလို့ထင်တယ် ” ဆိုပြီး သူမဖက်က အေးအေးဆေးဆေးတုံ့ပြန်ခဲ့ပါတယ် ။ ဘာလို့ ယခုလိုမျိုးလုပ်ရတာလဲဆိုပြီးမေးမြန်ခဲ့ချိန်မှာတော့ ” ပိုက်ဆံအတွက်လုပ်တာပေါ့ ၊ ဘာအတွက်ဖြစ်ရမှာလဲ ၊ နင်ထင်ချင်သလိုထင် ၊ ငါတော့ ဂရုမစိုက်ဘူး ” ဆိုပြီးဖြေကြားခဲ့တဲ့အပြင် ၊ အဆိုပါအမျိုးသားက ” ငါနင့်ကို အသုံးအဆောင်ပစ္စည်းတွေ ဝယ်ပေးနေတာပဲ ၊ မလုံလောက်နိုင်သေးဘူးလား ” ဆိုတော့ သူမက ” ဟုတ်တယ် မလုံလောက်လို့ ” ဆိုပြီးတော့သာ အေးဆေးတည်ငြိမ်စွာ ဖြေကြားခဲ့ပါတယ် ။

အဆိုပါကောင်လေးဖက်မှလည်း ချစ်သူမိန်းကလေးကို သူမရဲ့ဖခင် အနားသို့ပြန်တိုင်ပြောမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပေမဲ့လည်း ကောင်မလေးဖက်ကတော့ လုံးဝဂရုမစိုက်တဲ့ပုံစံမျိုးသာဖြစ်နေခဲ့ပါတယ် ။ နောက်ဆုံး သူ၏သတို့သမီးလောင်းကို လမ်းမခွဲနိုင်တဲ့အဆုံး ကောင်လေးဟာ သူမနဲ့ပြန်လည်ပြေလည်မှုရယူခဲ့ပြီး ၊ ကောင်မလေးမှာလည်း အဆိုပါလိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ အလုပ်အားလုံးဖြတ်တောက်ပစ်ခဲ့ပါတော့တယ် ။ ကောင်လေးမှာ တရုတ်ပြည်သို့ပြန်ဖို့ အားလုံးစီစဉ်ပြီးခဲ့ပေမဲ့လည်း ကောင်မလေးမှာတော့ မပြန်ရဲတော့ဘဲ သြစတြေးလျတွင်သာ အခြေ ချဖို့ဆုံးဖြတ်ခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အပြာဇာတ်ကားကြည့်နေရင်းမှ အစ်ကိုဖြစ်သူရဲ့သတို့သမီးလောင်းဟာ နာမည်ကြီးအပြာမယ်လေးဖြစ်နေကြောင်း သိခဲ့ရတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*