ချစ်သူကောင်လေးက ကလေးအမေကိုကြိုက်နေလို့ဆိုပြီး သဝန်တိုကာ ကလေးငယ်ကိုသတ်ပစ်ခဲ့တဲ့ 19နှစ်ရွယ်မိန်းကလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ မလေးရှားနိုင်ငံ ၊ Semporna မြို့မှာနေထိုင်တဲ့ ဆယ်ကျော်သက်မိန်းကလေးတွေဟာ အသက် 1နှစ်ခွဲအရွယ်ကလေးငယ်ကို ရက်ရက်စက်စက်နှိပ်စက်ခဲ့တဲ့အပြင် ၊ လူသတ်မှုအထိပါကျူ းလွန်ခဲ့ကြပါတယ် ။ ဖြစ်စဉ်ကတော့ အသက် 23နှစ်အရွယ် ကလေးအမေဖြစ်သူမှာ ကလေးငယ်အတွက် နို့နှင့်အစားအစာများ သွားဝယ်ရမည်ဖြစ်တဲ့အတွက် အဆိုပါကလေးထိန်း ဆယ်ကျော်သက်မိန်းကလေးနှစ်ယောက်ကို ကလေးငယ်အားထိန်းထားပေးဖို့မှာကြားခဲ့ပါတယ် ။

သို့ပေမဲ့လည်း ကလေးငယ်ကိုထိန်းပေးမဲ့အစား အဆိုပါမိန်းကလေးတွေဟာ ကလေးငယ်ကိုအကြိမ်ပေါင်းများစွာရိုက်နှက်နှိပ်စက်ခဲ့ကြတဲ့အတွက် ကလေးငယ်မှာအသက်သေဆုံးသွားခဲ့ရပါတယ် ။ ရဲအရာရှိများက စုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ အဆိုပါပြစ်မှုကျူ းလွန်ခဲ့တဲ့ဖြစ်စဉ်နောက်ကွယ်မှ ရက်စက်လွန်းတဲ့ဖြစ်ရပ်တစ်ခုကိုတွေ့ရှိခဲ့ရပါတယ် ။ အဲဒါကတော့ အသက် 19နှစ်အရွယ်မိန်းကလေးရဲ့ ချစ်သူမှာ အဆိုပါကလေးအမေကိုချစ်မိနေခဲ့တဲ့အတွက် ပြန်လက်စားချေလိုသောစိတ်နှင့် သူမ၏အပေါင်းအပါကိုခေါ်ပြီး ကလေးငယ်ကိုနှိပ်စက်ခဲ့ခြင်းဖြစ်ပါတယ် ။

ရဲအရာရှိတွေရဲ့ပြောပြချက်အရ အဆိုပါမိန်းကလေးဟာ သဝန်တိုလွန်းလို့ လူသတ်မှုကျူ းလွန်မိခဲ့တာဖြစ်ပြီး ၊ ကျန်တစ်ယောက်မှာတော့ ကလေးအမေက သူမကိုတအားဆူဆဲတဲ့အတွက် သူမတို့နှစ်ယောက်လုံးပေါင်းပြီး ကလေးငယ်ကိုဝိုင်းပြီးရိုက်နှက်ခဲ့ကြတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ အဆိုပါ လူသတ်မှုဖြစ်စဉ်ကို တာဝန်ရှိသူများက ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ချစ်သူကောင်လေးက ကလေးအမေကိုကြိုက်နေလို့ဆိုပြီး သဝန်တိုကာ ကလေးငယ်ကိုသတ်ပစ်ခဲ့တဲ့ 19နှစ်ရွယ်မိန်းကလေး"

Leave a comment

Your email address will not be published.


*