အရက္ဆိုင္အျပင္ဖက္မွာ စကားမ်ားရန္ျဖစ္ရာမွ ကိုယ့္ကိုဓာတ္ဆီႏွင့္ေလာင္းၿပီး မီး႐ႈိ့ခဲ့တဲ့ အမ်ိဳးသား

ၿပီးခဲ့တဲ့ မေန႔ည 9 နာရီအခ်ိန္ခန္႔မွာ လန္ဒန္ၿမိဳ႕ Chislehurst Hight Street လမ္းမႀကီးေဘးမွာ႐ွိတဲ့ Queen’s Head Pub အရက္ဆိုု္င္ေ႐ွ႕မွာ အမ်ိဳးသားတစ္ဦးဟာကိုယ့္ကိုမီး႐ႈိ ့ၿပီးအဆံုးစီရင္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ ရဲအရာရွိမ်ားက အခင္းျဖစ္ပြားရာေနရာသို႔ အလ်င္အျမန္သြားေရာက္ခဲ့ၾကၿပီး ကိုယ့္ကိုမီး႐ႈိ့သတ္မႈျဖစ္ေၾကာင္း မွတ္ခ်က္ေပးေျပာဆိုခဲ့ၾကပါတယ္ ။ ထို႔အျပင္ မ်က္ျမင္သက္ေသေတြရဲ႕ေျပာျပခ်က္အရ အဆိုပါမီးေလာင္ကြၽမ္းမႈဟာ အရက္ဆိုင္အျပင္ဖက္မွာ အျငင္းအခုန္ျဖစ္ၾကၿပီးေနာက္မွာမွ ျဖစ္ပ်က္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

မီးသတ္တပ္ဖြဲ႔မ်ားႏွင့္ အေရးေပၚလူနာယာဥ္မ်ားေရာက္႐ွိလာၿပီး အဆိုပါအမ်ိဳးသားကို ေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ၾကၿပီးေနာက္ ၊ လက္႐ွိမွာေတာ့ အဆိုပါအမ်ိဳးသား၏က်န္းမာေရးအေျခအေနကို သိရျခင္းမ်ိဳး မ႐ွိေသးပါဘူး ။ အခင္းျဖစ္ပြားရာေနရာမွာ ရပ္ထားတဲ့ ခဲေရာင္ကားတစ္စီးအေပၚမွာေတာ့ မီးေလာင္ကြၽမ္းခဲ့တဲ့အရာမ်ား ေတြ႔႐ွိခဲ့ရတဲ့အျပင္ ၊ ေျမျပင္ေပၚတြင္လည္း အနီေရာင္ဓာတ္ဆီဗူးကို ေတြ႔႐ွိရမွာပါ ။

ရဲအရာ႐ွိမ်ားကေတာ့ အဆိုပါကိစၥရပ္ကို ၎ပတ္ဝန္းက်င္အနီးအနားမွာ႐ွိတဲ့ သူမ်ားကိုေမးျမန္းကာ ဆက္လက္ၿပီးစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: Metro

Unicode

ပြီးခဲ့တဲ့ မနေ့ည 9 နာရီအချိန်ခန့်မှာ လန်ဒန်မြို့ Chislehurst Hight Street လမ်းမကြီးဘေးမှာရှိတဲ့ Queen’s Head Pub အရက်ဆိုင်ရှေ့မှာ အမျိုးသားတစ်ဦးဟာကိုယ့်ကိုမီးရှို့ပြီးအဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ ရဲအရာရှိများက အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်သွားရောက်ခဲ့ကြပြီး ကိုယ့်ကိုမီးရှို့သတ်မှုဖြစ်ကြောင်း မှတ်ချက်ပေးပြောဆိုခဲ့ကြပါတယ် ။ ထို့အပြင် မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရ အဆိုပါမီးလောင်ကျွမ်းမှုဟာ အရက်ဆိုင်အပြင်ဖက်မှာ အငြင်းအခုန်ဖြစ်ကြပြီးနောက်မှာမှ ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

မီးသတ်တပ်ဖွဲ့များနှင့် အရေးပေါ်လူနာယာဉ်များရောက်ရှိလာပြီး အဆိုပါအမျိုးသားကို ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြပြီးနောက် ၊ လက်ရှိမှာတော့ အဆိုပါအမျိုးသား၏ကျန်းမာရေးအခြေအနေကို သိရခြင်းမျိုး မရှိသေးပါဘူး ။ အခင်းဖြစ်ပွားရာနေရာမှာ ရပ်ထားတဲ့ ခဲရောင်ကားတစ်စီးအပေါ်မှာတော့ မီးလောင်ကျွမ်းခဲ့တဲ့အရာများ တွေ့ရှိခဲ့ရတဲ့အပြင် ၊ မြေပြင်ပေါ်တွင်လည်း အနီရောင်ဓာတ်ဆီဗူးကို တွေ့ရှိရမှာပါ ။

ရဲအရာရှိများကတော့ အဆိုပါကိစ္စရပ်ကို ၎င်းပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ သူများကိုမေးမြန်းကာ ဆက်လက်ပြီးစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အရက္ဆိုင္အျပင္ဖက္မွာ စကားမ်ားရန္ျဖစ္ရာမွ ကိုယ့္ကိုဓာတ္ဆီႏွင့္ေလာင္းၿပီး မီး႐ႈိ့ခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*