ဝိတ္က်ဖို႔ အစာေတြျပန္အန္ထုတ္ေအာင္ လည္ေခ်ာင္းအတြင္းသို႔ထိုးထည့္တဲ့ 30cm အ႐ွည္႐ွိတဲ့ပိုက္ကို မ်ိဳးခ်မိခဲ့တဲ့ မိန္းကေလး

တ႐ုတ္ႏိုင္ငံမွာ ေနထိုင္တဲ့ အသက္22ႏွစ္အရြယ္မိန္းကေလးဟာ ဝိတ္က်ဖို႔အတြက္ စားၿပီးသားအစားအစာေတြျပန္အန္ထုတ္ေအာင္ ဗိုက္ထဲသို႔ 30cm အ႐ွည္႐ွိတဲ့ပိုက္ကိုထိုးထည့္ရင္း မေတာ္တဆမ်ိဳခ်မိခဲ့လို႔ အေတာ္ေလးဒုကၡေရာက္ခဲ့ၾကတဲ့အျဖစ္မ်ိဳးနဲ႔ ၾကံဳေတြ႔ခဲ့ရပါတယ္ ။ အဆိုပါ ဝိတ္ေလ်ာ့တဲ့နည္းလမ္းမ်ိဳးဟာ တ႐ုတ္ႏိုင္ငံမွာ႐ွိတဲ့မိန္းကေလးေတြအၾကား အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိၿပီး ၊ စားၿပီးသားအစားအစာမ်ားျပန္အန္ထုတ္ႏိုင္ဖို႔ အစာႁပြန္အထိ အဆိုပါပိုက္မ်ားကိုထိုးထည့္ၿပီး ျပန္အန္ထုတ္ေလ့႐ိွၾကပါတယ္ ။ အဆိုပါမိန္းကေလးဟာ ၎နည္းလမ္းကိုအျမဲအသံုးျပဳေလ့႐ွိခဲ့ၿပီးေနာက္ ဒီတစ္ေခါက္မွာေတာ့ကံဆိုးစြာနဲ႔ပဲ အဆိုပါပိုက္ကိုမ်ိဳခ်မိခဲ့တာျဖစ္ပါတယ္ ။

ထို႔ေနာက္ၿပီးခဲ့တဲ့ December 3 ရက္ေန႔က အဆိုပါမိန္းကေလးဟာ ဆရာဝန္ထံသို႔သြားေရာက္ျပသခဲ့ၿပီး ေဖ်ာ္ရည္ပိုက္ကို မ်ိဳးခ်မိတာျဖစ္ေၾကာင္း လိမ္လည္ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါပိုက္ဟာ အေတာ္ေလးကိုနက္တဲ့ေနရာအထိ ခံေနခဲ့တဲ့အတြက္ ဆရာဝန္ဟာအစာႁပြန္ကို X- ray ႐ိုက္လိုက္ခ်ိန္မွာေတာ့ ေမ်ွာ္လင့္မထားတဲ့ထူးဆန္းတဲ့အရာကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။ ေနာက္မွသူမအား ဆရာဝန္ကေသေသခ်ာခ်ာစစ္ေမးလိုက္ခ်ိန္မွာမွ ဝိတ္က်ဖို႔ စားၿပီးသားအစာမ်ားျပန္အန္ထုတ္ေအာင္ အဆိုပါပိုက္ကိုအသံုးျပဳရင္း မေတာ္တဆမ်ိဳးခ်ခဲ့မိတဲ့သူမအျဖစ္အပ်က္မ်ားအားလံုးကို ျပန္လည္ေျပာျပခဲ့ပါေတာ့တယ္ ။

ဆရာဝန္၏ေျပာျပခ်က္အရ အဆိုပါပိုက္၏အဝ အက်ယ္မွာ 1.9 cm ႐ွိၿပီး ၊ အ႐ွည္မွာ 30 cm ႐ွိပါတယ္ ။ ထို႔ျပင္ အဆိုပါပိုက္၏ေအာက္ဖက္ပိုင္ဟာ သူမရဲ႕အစာအိမ္နံရံကို ဖိထားေနၿပီး ၊ ပိုက္၏အေပၚဖက္ပိုင္းမွာေတာ့ သူမရဲ႕အသံအိုးအစြန္းကို ထိုးမိေနခဲ့တဲ့အတြက္ အႏၱရာယ္မ်ားလြန္းတဲ့အေျခအေနျဖစ္ေနခဲ့ပါတယ္ ။ ဆရာဝန္ကေတာ့ အဆိုပါပိုက္ကိုဖယ္ထုတ္ေပးႏိုင္ခဲ့ေပမဲ့ သူမရဲ႕အစာႁပြန္ ႏွင့္ အစာအိမ္နံရံတို႔မွာ ျပည္တည္နာေနတဲ့ ဒဏ္ရာမ်ားေတြ႔႐ွိခဲ့ေၾကာင္း ဆရာဝန္ကေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ယခုကဲ့သို႔ဝိတ္ေလ်ာ့ေသာနည္းလမ္းျဖင့္ ပိုက္မ်ိဳခ်မိသည့္အျဖစ္ကႈေတြ႔ဖူးသည္မွာ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္းလည္း ဆရာဝန္ကထပ္ေလာင္းေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာ နေထိုင်တဲ့ အသက်22နှစ်အရွယ်မိန်းကလေးဟာ ဝိတ်ကျဖို့အတွက် စားပြီးသားအစားအစာတွေပြန်အန်ထုတ်အောင် ဗိုက်ထဲသို့ 30cm အရှည်ရှိတဲ့ပိုက်ကိုထိုးထည့်ရင်း မတော်တဆမျိုချမိခဲ့လို့ အတော်လေးဒုက္ခရောက်ခဲ့ကြတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ အဆိုပါ ဝိတ်လျော့တဲ့နည်းလမ်းမျိုးဟာ တရုတ်နိုင်ငံမှာရှိတဲ့မိန်းကလေးတွေအကြား အတော်လေးကိုရေပန်းစားနေလျက်ရှိပြီး ၊ စားပြီးသားအစားအစာများပြန်အန်ထုတ်နိုင်ဖို့ အစာပြွန်အထိ အဆိုပါပိုက်များကိုထိုးထည့်ပြီး ပြန်အန်ထုတ်လေ့ရှိကြပါတယ် ။ အဆိုပါမိန်းကလေးဟာ ၎င်းနည်းလမ်းကိုအမြဲအသုံးပြုလေ့ရှိခဲ့ပြီးနောက် ဒီတစ်ခေါက်မှာတော့ကံဆိုးစွာနဲ့ပဲ အဆိုပါပိုက်ကိုမျိုချမိခဲ့တာဖြစ်ပါတယ် ။

ထို့နောက်ပြီးခဲ့တဲ့ December 3 ရက်နေ့က အဆိုပါမိန်းကလေးဟာ ဆရာဝန်ထံသို့သွားရောက်ပြသခဲ့ပြီး ဖျော်ရည်ပိုက်ကို မျိုးချမိတာဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါပိုက်ဟာ အတော်လေးကိုနက်တဲ့နေရာအထိ ခံနေခဲ့တဲ့အတွက် ဆရာဝန်ဟာအစာပြွန်ကို X- ray ရိုက်လိုက်ချိန်မှာတော့ မျှော်လင့်မထားတဲ့ထူးဆန်းတဲ့အရာကို တွေ့ရှိသွားခဲ့ပါတယ် ။ နောက်မှသူမအား ဆရာဝန်ကသေသေချာချာစစ်မေးလိုက်ချိန်မှာမှ ဝိတ်ကျဖို့ စားပြီးသားအစာများပြန်အန်ထုတ်အောင် အဆိုပါပိုက်ကိုအသုံးပြုရင်း မတော်တဆမျိုးချခဲ့မိတဲ့သူမအဖြစ်အပျက်များအားလုံးကို ပြန်လည်ပြောပြခဲ့ပါတော့တယ် ။

ဆရာဝန်၏ပြောပြချက်အရ အဆိုပါပိုက်၏အဝ အကျယ်မှာ 1.9 cm ရှိပြီး ၊ အရှည်မှာ 30 cm ရှိပါတယ် ။ ထို့ပြင် အဆိုပါပိုက်၏အောက်ဖက်ပိုင်ဟာ သူမရဲ့အစာအိမ်နံရံကို ဖိထားနေပြီး ၊ ပိုက်၏အပေါ်ဖက်ပိုင်းမှာတော့ သူမရဲ့အသံအိုးအစွန်းကို ထိုးမိနေခဲ့တဲ့အတွက် အန္တရာယ်များလွန်းတဲ့အခြေအနေဖြစ်နေခဲ့ပါတယ် ။ ဆရာဝန်ကတော့ အဆိုပါပိုက်ကိုဖယ်ထုတ်ပေးနိုင်ခဲ့ပေမဲ့ သူမရဲ့အစာပြွန် နှင့် အစာအိမ်နံရံတို့မှာ ပြည်တည်နာနေတဲ့ ဒဏ်ရာများတွေ့ရှိခဲ့ကြောင်း ဆရာဝန်ကပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ယခုကဲ့သို့ဝိတ်လျော့သောနည်းလမ်းဖြင့် ပိုက်မျိုချမိသည့်အဖြစ်ကှုတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဆရာဝန်ကထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဝိတ္က်ဖို႔ အစာေတြျပန္အန္ထုတ္ေအာင္ လည္ေခ်ာင္းအတြင္းသို႔ထိုးထည့္တဲ့ 30cm အ႐ွည္႐ွိတဲ့ပိုက္ကို မ်ိဳးခ်မိခဲ့တဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*