အမ်ိဳးသမီးအိမ္သာထဲသို႔ အျမဲလာေရာက္ေခ်ာင္းၾကည့္တဲ့ နာဗူးေကာင္ကို မိမိရရ video ႐ိုက္ယူႏိုင္ခဲ့တဲ့ (႐ုပ္သံ)

အခုတေလာ Facebook စာမ်က္ႏွာမွာ နာမည္ႀကီးေနတဲ့သတင္းတစ္ပုဒ္ကေတာ့ ထိုင္းႏိုင္ငံ႐ွိ အမ်ိဳးသမီးအိမ္သာတစ္ခုမွာ ၊ မိန္းကေလးတစ္ေယာက္သန္႔စင္ခန္းအသံုးျပဳေနတုန္း တံခါးေအာက္ဖက္နားသို႔ နာဗူးေကာင္တစ္ေယာက္လာေရာက္ေခ်ာင္းၾကည့္ေနခဲ့တဲ့videoဟာ အမ်ားသံုးသန္႔စင္ခန္းမ်ားကိုအသံုးျပဳေလ့႐ွိတဲ့ အမ်ိဳးသမီးေတြအတြက္ သတိေပးလိုက္သလိုပါပဲ ။ ျဖစ္စဥ္ကေတာ့ အဆိုပါမိန္းကေလးဟာ ဓာတ္ဆီဆိုင္မွာ႐ွိတဲ့ သန္႔စင္ခန္းကို အသံုးျပဳဖို႔ဝင္သြားခဲ့စဥ္ တံခါးေပါက္ ႏွင့္ ၾကမ္းျပင္ၾကား အေပါက္ဟာအေတာ္ေလးကို ကြာဟလြန္းခဲ့တဲ့အတြက္ သူမသန္႔စင္ခန္းအသံုးျပဳေနတုန္း အျပင္ကလူေတြလွမ္းျမင္မွာဆိုးၿပီး ေအာက္ဖက္ေထာင့္ကို သူမ၏ဖုန္း ကင္မရာျဖင့္လွမ္း႐ိုက္ၾကည့္ခဲ့ပါတယ္ ။

ထိုသို႔ သူမvideo စ႐ိုက္တဲ့အခ်ိန္မွာပဲ နာဗူးေကာင္အမ်ိဳးသားတစ္ေယာက္ဟာ လမ္းေလ်ွာက္လာခဲ့ၿပီးေနာက္ ဒူးေထာက္လိုက္ကာ သူမအသံုးျပဳေနတဲ့ သန္႔စင္ခန္းတည့္တည့္ေခ်ာင္ၾကည့္ေနတာကို video ထဲမွာအမိအရ ႐ိုက္ယူမိခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားမွာလည္း camera ကိုေတြ႔တာနဲ႔ခ်က္ခ်င္းသတိထားမိၿပီးေနာက္ အလ်င္အျမန္ထြက္ေျပးတိမ္းေ႐ွာင္သြားခဲ့ပါတယ္ ။

အဆိုပါမိန္းကေလးမွာေတာ့ အျပင္ဖက္သို႔လံုးဝမထြက္ရဲေတာ့ဘဲ သူမ၏ေယာက်ၤားေလးသူငယ္ခ်င္းကို သူမအားလာေရာက္ေခၚေဆာင္ေပးဖို႔ဆက္သြယ္ခဲ့ရပါတယ္ ။ သူမရဲ႕ေျပာဆိုခ်က္အရ. ” အဲ့ဒီ ဓာတ္ဆီဆိုင္က အေတာ္ေလးကိုတိတ္ဆိတ္ေနခဲ့တဲ့အတြက္ ကြၽန္မေတာ္ေတာ္ေလးထိတ္လန္႔ေနခဲ့ရပါတယ္ ၊ အဲ့ အမ်ိဳးသားကို video ႐ိုက္ကူးမိခဲ့တဲ့အတြက္ သူသန္႔စင္ခန္းအျပင္ဖက္မွာ ကြၽန္မကိုေစာင့္ေနမယ္ထင္ၿပီး အျပင္လံုးဝမထြက္ရဲခဲ့ပါဘူး ။ ကြၽန္မ ေယာက်ၤားေလးသူငယ္ခ်င္းကို ဆက္သြယ္ၿပီး ကြၽန္မကိုလာေခၚေပးဖို႔ ေတာင္းဆိုခဲ့ရပါတယ္ ။ ကြၽန္မတစ္ေယာက္တည္း အျပင္ထြက္လိုက္ရင္ သူကြၽန္မကိုမုဒိမ္းက်င့္ၿပီး သတ္ပစ္လိုက္မယ္လို႔ ကြၽန္မထင္ေနခဲ့မိလို႔ပါ ” ဆိုၿပီး သူမေတြ႔ၾကံဳခံစားခဲ့ရပံုကို ေျပာျပခဲ့ပါတယ္ ။

ထို႔အျပင္ အဆိုပါသန္႔စင္ခန္း၏အေပါက္ဝတြင္ သန္႔႐ွင္းေရးလုပ္ေနခဲ့တဲ့ ဝန္ထမ္းတစ္ေယာက္႐ွိေနေပမဲ့လည္း မည္သို႔ေသာပံုစံမ်ိဳးျဖင့္ သန္႔စင္ခန္းထဲဝင္ေရာက္ခဲ့ပံုကို မည္သူကမွမသိခဲ့ၾကပါဘူး ။ အဆိုပါ video ထဲမွာ ႐ိုက္ယူထားႏိုင္ခဲ့တဲ့အမ်ိဳးသားရဲ႕႐ုပ္ပံုႏွင့္ ရဲအရာ႐ွိမ်ားက ေျခရာခံလိုက္လံ႐ွာေဖြ ဖမ္းဆီးေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အခုတလော Facebook စာမျက်နှာမှာ နာမည်ကြီးနေတဲ့သတင်းတစ်ပုဒ်ကတော့ ထိုင်းနိုင်ငံရှိ အမျိုးသမီးအိမ်သာတစ်ခုမှာ ၊ မိန်းကလေးတစ်ယောက်သန့်စင်ခန်းအသုံးပြုနေတုန်း တံခါးအောက်ဖက်နားသို့ နာဗူးကောင်တစ်ယောက်လာရောက်ချောင်းကြည့်နေခဲ့တဲ့videoဟာ အများသုံးသန့်စင်ခန်းများကိုအသုံးပြုလေ့ရှိတဲ့ အမျိုးသမီးတွေအတွက် သတိပေးလိုက်သလိုပါပဲ ။ ဖြစ်စဉ်ကတော့ အဆိုပါမိန်းကလေးဟာ ဓာတ်ဆီဆိုင်မှာရှိတဲ့ သန့်စင်ခန်းကို အသုံးပြုဖို့ဝင်သွားခဲ့စဉ် တံခါးပေါက် နှင့် ကြမ်းပြင်ကြား အပေါက်ဟာအတော်လေးကို ကွာဟလွန်းခဲ့တဲ့အတွက် သူမသန့်စင်ခန်းအသုံးပြုနေတုန်း အပြင်ကလူတွေလှမ်းမြင်မှာဆိုးပြီး အောက်ဖက်ထောင့်ကို သူမ၏ဖုန်း ကင်မရာဖြင့်လှမ်းရိုက်ကြည့်ခဲ့ပါတယ် ။

ထိုသို့ သူမvideo စရိုက်တဲ့အချိန်မှာပဲ နာဗူးကောင်အမျိုးသားတစ်ယောက်ဟာ လမ်းလျှောက်လာခဲ့ပြီးနောက် ဒူးထောက်လိုက်ကာ သူမအသုံးပြုနေတဲ့ သန့်စင်ခန်းတည့်တည့်ချောင်ကြည့်နေတာကို video ထဲမှာအမိအရ ရိုက်ယူမိခဲ့ပါတယ် ။ အဆိုပါအမျိုးသားမှာလည်း camera ကိုတွေ့တာနဲ့ချက်ချင်းသတိထားမိပြီးနောက် အလျင်အမြန်ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ် ။

အဆိုပါမိန်းကလေးမှာတော့ အပြင်ဖက်သို့လုံးဝမထွက်ရဲတော့ဘဲ သူမ၏ယောင်္ကျားလေးသူငယ်ချင်းကို သူမအားလာရောက်ခေါ်ဆောင်ပေးဖို့ဆက်သွယ်ခဲ့ရပါတယ် ။ သူမရဲ့ပြောဆိုချက်အရ. ” အဲ့ဒီ ဓာတ်ဆီဆိုင်က အတော်လေးကိုတိတ်ဆိတ်နေခဲ့တဲ့အတွက် ကျွန်မတော်တော်လေးထိတ်လန့်နေခဲ့ရပါတယ် ၊ အဲ့ အမျိုးသားကို video ရိုက်ကူးမိခဲ့တဲ့အတွက် သူသန့်စင်ခန်းအပြင်ဖက်မှာ ကျွန်မကိုစောင့်နေမယ်ထင်ပြီး အပြင်လုံးဝမထွက်ရဲခဲ့ပါဘူး ။ ကျွန်မ ယောင်္ကျားလေးသူငယ်ချင်းကို ဆက်သွယ်ပြီး ကျွန်မကိုလာခေါ်ပေးဖို့ တောင်းဆိုခဲ့ရပါတယ် ။ ကျွန်မတစ်ယောက်တည်း အပြင်ထွက်လိုက်ရင် သူကျွန်မကိုမုဒိမ်းကျင့်ပြီး သတ်ပစ်လိုက်မယ်လို့ ကျွန်မထင်နေခဲ့မိလို့ပါ ” ဆိုပြီး သူမတွေ့ကြုံခံစားခဲ့ရပုံကို ပြောပြခဲ့ပါတယ် ။

ထို့အပြင် အဆိုပါသန့်စင်ခန်း၏အပေါက်ဝတွင် သန့်ရှင်းရေးလုပ်နေခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ရှိနေပေမဲ့လည်း မည်သို့သောပုံစံမျိုးဖြင့် သန့်စင်ခန်းထဲဝင်ရောက်ခဲ့ပုံကို မည်သူကမှမသိခဲ့ကြပါဘူး ။ အဆိုပါ video ထဲမှာ ရိုက်ယူထားနိုင်ခဲ့တဲ့အမျိုးသားရဲ့ရုပ်ပုံနှင့် ရဲအရာရှိများက ခြေရာခံလိုက်လံရှာဖွေ ဖမ်းဆီးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အမ်ိဳးသမီးအိမ္သာထဲသို႔ အျမဲလာေရာက္ေခ်ာင္းၾကည့္တဲ့ နာဗူးေကာင္ကို မိမိရရ video ႐ိုက္ယူႏိုင္ခဲ့တဲ့ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*