ဇနီးသည်နှင့်ကွာရှင်းပြီးနောက် စိတ်ဓာတ်ကျပြီး ဟိုတယ်ရဲ့ 18လွှာကနေ ခုန်ချပြီးကိုယ့်ကို အဆုံးစီရင်ခဲ့တဲ့အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီနေ့ မနက်ခင်းမှာပဲ မလေးရှားနိုင်ငံရှိဟိုတယ်တစ်ခုမှာ အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူနဲ့ကွာရှင်းပျက်ဆဲခဲ့ပြီးနောက် စိတ်ကျရောဂါဝေဒနာခံစားခဲ့ရပြီး ဟိုတယ်ပေါ်ကနေခုန်ချကာ ကိုယ့်ကိုအဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ တရုတ်လူမျိုးဖြစ်ပြီး မလေးရှားနိုင်ငံ ၊ Malacca မြို့မှာရှိတဲ့ ဟိုတယ်ရဲ့18 လွှာကနေ ခုန်ချခဲ့တာဖြစ်ပြီး အဆိုပါနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ် ။ အဆိုပါအမျိုးသားရဲ့ ရုပ်အလောင်းကို သွေးများစွာအိုင်နေတဲ့မြေပြင်ပေါ်မှာ ဟိုတယ်မန်နေဂျာက အရင်ဆုံးရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ် ။

အဆိုပါ သေဆုံးသွားတဲ့အမျိုးသားဟာ ပြီးခဲ့တဲ့ 7ရက်နေ့ကစပြီး ဟိုတယ်မှာ လာရောက်တည်းခိုခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် အဆိုပါအမျိုးသားရဲ့အခန်းတံခါးမှာလည်း ပွင့်နေခဲ့ပြီး ၊ အခန်းတွင်းရှိ ပုတင်ပေါက်မှာလည်းပွင့်နေခဲ့ကာ အဆိုပါပုတင်းပေါက်အနားတွင် ထိုင်ခုံတစ်ခုကိုလည်း တွေ့ရှိခဲ့ရပါတယ် ။

ရဲအရာရှိတွေရဲ့ပြောကြားချက်အရ အဆိုပါအမျိုးသားဟာ ဇနီးဖြစ်သူနှင့်ကွာရှင်ခဲ့ရပြီးနောက် စိတ်ကျရောဂါခံစားခဲ့ရပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ယုံကြည်ခဲ့ကြပါတယ် ။ အခင်းဖြစ်ပွားရာနေရာမှာ ဟိုတယ်ဝန်းအတွင်းရှိ အနောက်ဖက်လမ်းကြားလေးထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ အဆိုပါနေရာကို ရိုက်ယူထားသော CCTV လည်းရှိနေခဲ့ပြီး ၊ CCTV ထဲမှာတော့ အဆိုပါအမျိုးသားဟာ 18လွှာမှာရှိတဲ့ ပုတင်းပေါက်ကနေခုန်ချခဲ့တာဖြစ်ကြောင်း ရဲအရာရှိက ပြောဆိုသွားခဲ့ပါတယ် ။ ထို့ပြင် အဆိုပါအမျိုးသားရဲ့ ရုပ်အလောင်းကို Malacca Central Hospital သို့ပို့ဆောင်ပေးခဲ့ကြပြီး ဆက်လက်ပြီးစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဇနီးသည်နှင့်ကွာရှင်းပြီးနောက် စိတ်ဓာတ်ကျပြီး ဟိုတယ်ရဲ့ 18လွှာကနေ ခုန်ချပြီးကိုယ့်ကို အဆုံးစီရင်ခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*