ဒေါသတကြီး အစ်ကိုဖြစ်သူရဲ့ရိုက်ချက်ကြောင့် ကားအောက်ထဲလဲကျပြီးညှပ်မိသွားခဲ့တဲ့ 2နှစ်သားအရွယ်ကလေးငယ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ညီအစ်ကိုတွေဟာ တစ်ခါတစ်လေအချင်းချင်း စိတ်ဆိုးဒေါသထွက်မိလျှင် ကိုယ်ထိလက်ရောက်ရိုက်နှက်တတ်ကြပါတယ် ။ ပြီးရင်တော့ မနေနိုင်ပဲ အချင်းချင်းပြန်လည်သင့်မြတ်ကြတာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Guizhou မြို့ရဲ့ လမ်းမကြီးဘေးတစ်နေရာမှာ ရိုက်ကူးထားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့အဖြစ်အပျက် CCTV ရုပ်သံဟာ social media အသုံးပြုသူတွေအကြား အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ October 6 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး video ထဲမှာတော့ အစ်ကိုဖြစ်သူဟာ လမ်းမကြီးဘေးမှာလမ်းလျှောက်နေခဲ့ကာ သူ၏ညီဖြစ်သူ အသက် 2နှစ်အရွယ် ကလေးငယ်မှာလည်း အစ်ကိုဖြစ်သူ၏ဘေးကပ်လျက် လမ်းလျှောက်လာနေခဲ့တာပါ ။

တစ်နေရာအရောက်မှာတော့ အစ်ကိုဖြစ်သူဟာ လမ်းလျှောက်နေရင်း ရပ်လိုက်ပြီးနောက် ညီဖြစ်သူ၏မျက်နှာတည့်တည့် အားဖြင့်ဒေါသတကြီး လှမ်းရိုက်ပစ်ခဲ့ပါတော့တယ် ။ ထိုအချိန်မှာတော့ အသက် 2နှစ်အရွယ်ညီဖြစ်သူဟာ ရုတ်တရက်ရိုက်ချက်ကြောင့် ကိုယ့်ကိုမထိန်းနိုင်တော့ဘဲ လမ်းမကြီးအလယ်ဖက်သို့ ယိုင်လဲသွားခဲ့ပြီးနောက် မောင်းနှင်လာသော အနီရောင် sedan ကားအောက်တည့်တည့်လဲကျသွားခဲ့ပါတယ် ။ ကားသမားမှာလည်း အလျင်အမြန်ဘရိတ်နင်းခဲ့ပါတယ် ။ထို့နောက် အစ်ကိုဖြစ်သူဟာ ညီလေးကိုအလျင်အမြန်ကားအောက်ထဲကနေ ဆွဲထုတ်ခဲ့ပေမဲ့လည်း ကလေးငယ်မှာ ကားအောက်ညှပ်နေခဲ့တဲ့အတွက် ဘယ်လိုမှ မဆွဲထုတ်နိုင်ခဲ့ပါဘူး ။

ထိုအချိန်မှာပဲ အနီးအနားမှာ ယာဉ်ထိန်းရဲများကလည်းရှိနေပြီး ၊ ယာဉ်ထိန်းရဲများ နှင့် အနီးအနားရှိလူကြီးများကို ကားကိုကူမပေးကြပြီး ကလေးငယ်ကိုဆွဲထုတ်ပေးခဲ့ကြပါတယ် ။ မိနစ်ပိုင်လောက်သာ ကျန့်ကြာခဲ့ပြီး ကလေးငယ်ကိုဆွဲထုတ်ပေးနိုင်ခဲ့ပါတယ် ။ ထို့နောက်ကလေးငယ်ကို ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြပြီး ကံကောင်းစွာနဲ့ ကလေးငယ်ဟာပြန်လည် လမ်းလျှောက်နိုင်ခဲ့ပြီး ၊ နဖူးတွင်သာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဒေါသတကြီး အစ်ကိုဖြစ်သူရဲ့ရိုက်ချက်ကြောင့် ကားအောက်ထဲလဲကျပြီးညှပ်မိသွားခဲ့တဲ့ 2နှစ်သားအရွယ်ကလေးငယ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*