အလုပ္လုပ္ကိုင္ေနတဲ့မိဘေတြအတြက္ ထမင္းသြားပို႔ရင္း ကားတိုက္ခံခဲ့ရတဲ့ကေလးငယ္ရဲ႕ ရင္နင့္ဖြယ္ျဖစ္ရပ္

အသက္ 6ႏွစ္အရြယ္ေကာင္ေလးဟာ မိဘေတြအတြက္ထမင္းသြားပို႔ရင္း လမ္းတစ္ဝက္မွာ ယာဥ္တိုက္မႈမ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရၿပီးေနာက္ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ အဆိုပါအျဖစ္အပ်က္မွာေတာ့ မေလး႐ွားႏိုင္ငံ ၊ Changlun ဆိုတဲ့ၿမိဳ႕ငယ္ေလးတစ္ခုမွျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ ျဖစ္စဥ္ကေတာ့ December 10 ရက္ေန႔မွာ ရာဘာစိုက္ခင္းမွာအလုပ္လုပ္ကိုင္ေနခဲ့တဲ့ မိဘေတြအတြက္ မနက္စာဝယ္ေကြၽးခ်င္လို႔ဆိုၿပီး ေကာင္ေလးဟာ သူ၏အေဒၚကို အုန္းထမင္းသြားဝယ္ရန္ ဆိုင္ကယ္ႏွင့္လိုက္ပို႔ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။

ထို႔ေနာက္ ထမင္း၊ ဟင္း ဝယ္ၿပီးအျပန္လမ္းမွာ ၎တို႔စီးႏွင္လာေသာဆိုင္ကယ္ကို ကုန္တင္ကားတစ္စီးက တိုက္မိခဲ့၍ ဆိုင္ကယ္မွာ အ႐ွိန္မထိန္းႏိုင္ေတာ့ဘဲ အေဒၚျဖစ္သူႏွင့္ အဆိုပါေကာင္ေလးႏွစ္ေယာက္လံုး ဆိုင္ကယ္ေပၚကေနျပဳတ္က်ခဲ့ၿပီး ေကာင္ေလးကိုေတာ့ အဆိုပါကုန္တင္ကားကဘဲ တိုက္ႀကိတ္ပစ္ခဲ့ပါေတာ့တယ္ ။ အေဒၚျဖစ္သူမွာေတာ့ ဒူးေခါင္း ၊ ေျခေထာက္ ႏွင့္ မ်က္လံုးတို႔တြင္ ထိခိုက္ဒဏ္ရာရ႐ွိခဲ့ပါတယ္ ။

အေဒၚျဖစ္သူမွာေတာ့ အဆိုပါအျဖစ္ေၾကာင့္ တူေလး အသက္ဆံုး႐ႈံးသြားခဲ့ရတာကို မ်က္ျမင္ေတြ႔႐ွိခဲ့ရ၍ အေတာ္ေလးစိတ္မေျဖသိမ့္ႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္ ။ ထို႔အျပင္ ” သူက ရာဘာျခံမွာအလုပ္လုပ္ေနတဲ့ သူ႔မိဘေတြကိုမနက္စာဝယ္ၿပီး သြားပို႔ခ်င္ခဲ့တာ ၊ အျပန္လမ္းမွာ ဒီလိုအျဖစ္မ်ိဳး ျဖစ္ပ်က္မယ္လို႔ ကြၽန္မလံုးဝမေမ်ွာ္လင္မိပါဘူး ” ဆိုၿပီး အေဒၚျဖစ္သူက ဝမ္းနည္းစြာျဖင့္ ေျပာဆိုခဲ့ပါတယ္ ။ အဆိုပါယာဥ္တိုက္မႈျဖစ္ၿပီးေနာက္ ကုန္တင္ကားမွာလံုးဝကိုမရပ္နားပဲ ေမာင္းေျပးသြားခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ားကေတာ့ မ်က္ျမင္သက္ေသမ်ား၏ေျပာၾကားခ်က္ႏွင့္တကြ အဆိုပါကုန္တင္ကားေမာင္းႏွင္သူ ကို႐ွာေဖြဖမ္းဆီးဖို႔ႀကိဳးစားေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အသက် 6နှစ်အရွယ်ကောင်လေးဟာ မိဘတွေအတွက်ထမင်းသွားပို့ရင်း လမ်းတစ်ဝက်မှာ ယာဉ်တိုက်မှုမျိုးနဲ့ကြုံတွေ့ခဲ့ရပြီးနောက် အသက်သေဆုံးသွားခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်မှာတော့ မလေးရှားနိုင်ငံ ၊ Changlun ဆိုတဲ့မြို့ငယ်လေးတစ်ခုမှဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ December 10 ရက်နေ့မှာ ရာဘာစိုက်ခင်းမှာအလုပ်လုပ်ကိုင်နေခဲ့တဲ့ မိဘတွေအတွက် မနက်စာဝယ်ကျွေးချင်လို့ဆိုပြီး ကောင်လေးဟာ သူ၏အဒေါ်ကို အုန်းထမင်းသွားဝယ်ရန် ဆိုင်ကယ်နှင့်လိုက်ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ် ။

ထို့နောက် ထမင်း၊ ဟင်း ဝယ်ပြီးအပြန်လမ်းမှာ ၎င်းတို့စီးနှင်လာသောဆိုင်ကယ်ကို ကုန်တင်ကားတစ်စီးက တိုက်မိခဲ့၍ ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်တော့ဘဲ အဒေါ်ဖြစ်သူနှင့် အဆိုပါကောင်လေးနှစ်ယောက်လုံး ဆိုင်ကယ်ပေါ်ကနေပြုတ်ကျခဲ့ပြီး ကောင်လေးကိုတော့ အဆိုပါကုန်တင်ကားကဘဲ တိုက်ကြိတ်ပစ်ခဲ့ပါတော့တယ် ။ အဒေါ်ဖြစ်သူမှာတော့ ဒူးခေါင်း ၊ ခြေထောက် နှင့် မျက်လုံးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။

အဒေါ်ဖြစ်သူမှာတော့ အဆိုပါအဖြစ်ကြောင့် တူလေး အသက်ဆုံးရှုံးသွားခဲ့ရတာကို မျက်မြင်တွေ့ရှိခဲ့ရ၍ အတော်လေးစိတ်မဖြေသိမ့်နိုင်အောင်ဖြစ်ခဲ့ရပါတယ် ။ ထို့အပြင် ” သူက ရာဘာခြံမှာအလုပ်လုပ်နေတဲ့ သူ့မိဘတွေကိုမနက်စာဝယ်ပြီး သွားပို့ချင်ခဲ့တာ ၊ အပြန်လမ်းမှာ ဒီလိုအဖြစ်မျိုး ဖြစ်ပျက်မယ်လို့ ကျွန်မလုံးဝမမျှော်လင်မိပါဘူး ” ဆိုပြီး အဒေါ်ဖြစ်သူက ဝမ်းနည်းစွာဖြင့် ပြောဆိုခဲ့ပါတယ် ။ အဆိုပါယာဉ်တိုက်မှုဖြစ်ပြီးနောက် ကုန်တင်ကားမှာလုံးဝကိုမရပ်နားပဲ မောင်းပြေးသွားခဲ့ပါတယ် ။ ရဲအရာရှိများကတော့ မျက်မြင်သက်သေများ၏ပြောကြားချက်နှင့်တကွ အဆိုပါကုန်တင်ကားမောင်းနှင်သူ ကိုရှာဖွေဖမ်းဆီးဖို့ကြိုးစားနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အလုပ္လုပ္ကိုင္ေနတဲ့မိဘေတြအတြက္ ထမင္းသြားပို႔ရင္း ကားတိုက္ခံခဲ့ရတဲ့ကေလးငယ္ရဲ႕ ရင္နင့္ဖြယ္ျဖစ္ရပ္"

Leave a comment

Your email address will not be published.


*