Facebook ေပၚမွာေတြ႔တဲ့ခ်စ္သူကို ယံုစားမိၿပီး အိမ္ကိုပါေရာင္းၿပီးရတဲ့ေငြေတြအကုန္ပို႔ေပးမိလို႔ မဲြျပာက်ခဲ့ရတဲ့အမ်ိဳးသမီးအျဖစ္

ေခတ္ေတြကတိုးတက္ေျပာင္းလဲလာတာႏွင့္အမ်ွ e-mail ေတြကေနစာေတြေပးပို႔ၿပီး ၊ ဖုန္းဆက္ၿပီး ေငြလိမ္းေတာင္းတာတို႔ စသည့္ကိစၥမ်ိဳး မၾကာခဏ ၾကံဳၾက ၊ ၾကားၾကရမွာပါ ။ အထူးသျဖင့္ အထီးက်န္ဆန္ေနတဲ့သူေတြအနား ခ်စ္ဟန္ေဆာင္းၿပီး Facebook ေတြ ၊ အင္တာနက္ေတြကေန လူခ်င္းမေတြ႔ဘဲ ခ်ဴ စားၾကတာမ်ိဳးေပါ့ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အမ်ိဳးသမီးမွာလည္း ခ်စ္မိရင္အရာအားလံုးကိုမျမင္ႏိုင္ေတာ့ပဲ မ်က္ကန္းတစ္ေယာက္လိုပဲ ဆိုတဲ့စာသားကို အမွန္တကယ္ျဖစ္ႏိုင္ေၾကာင္း သက္ေသျပလိုက္သလိုပါပဲ ။ အဆိုပါအမ်ိဳးသမီးဟာ အသက္ 50 အရြယ္ ၊ အလုပ္လက္မဲ့ ၊ single mother တစ္ေယာက္ျဖစ္ၿပီး အဆိုပါ Facebook ေပၚကသူမရဲ႕ခ်စ္သူေကာင္ေလးေၾကာင့္ ျခဴ းတစ္ျပားမွမ႐ွိေတာ့ေလာက္ေအာင္ မြဲျပာက်သြားခဲ့ရပါတယ္ ။

ျဖစ္စဥ္ကေတာ့ သူမရဲ႕ Facebook ေပၚကခ်စ္သူေကာင္ေလးဟာ သူမအတြက္ RM 800 million ( ျမန္မာေငြ သန္းေပါင္းေျမာက္မ်ားစြာ) တန္ဖိုး႐ွိတဲ့ လက္ေဆာင္မ်ိဳးကိုသယ္ေဆာင္လာ၍ မေလးရွားရဲတပ္ဖြဲ႔က သံသယမကင္း၍ သူ႔အားဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သူမကိုေျပာဆိုခဲ့ပါတယ္ ။ သူမကလည္း ခ်စ္သူေကာင္ေလးကို ျပန္ကယ္ထုတ္ႏိုင္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ခ်စ္သူေကာင္ေလးမွာေတာ့ လံုးဝမလႊတ္ေျမာက္ႏိုုင္ခဲ့ပါဘူး ။ အဆိုပါအမ်ိဳးသားဟာ တ႐ုတ္ – အေမရိကန္ ကျပားအမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး သူမအတြက္ လက္ဝတ္ရတနာ ၊ ေငြေၾကး ၊ ဖုန္း ႏွင့္ အျခားေသာ အသံုးအေဆာင္ပစၥည္းမ်ားဝယ္လာေပးခဲ့တာျဖစ္ေၾကာင္း လိမ္လည္ေျပာဆိုၿပီး သူမဆီကေန ေငြေတြလိမ္လည္ၿပီးေတာင္းယူေနခဲ့တာျဖစ္ပါတယ္ ။

ထို႔အျပင္သူမဟာ အဆိုပါ Facebook ေပၚမွာသာေတြ႔ဆံုခဲ့တဲ့ေကာင္ေလးကို သူမရဲ႕ ခင္ပြန္း ဆိုၿပီးအျမဲေခၚေနခဲ့တာပါ ။ အဆိုပါေကာင္ေလးအတြက္ ေငြအႀကိမ္ေပါင္းေျမာက္မ်ားစြာေပးဖို႔ခဲ့ရၿပီး ၊ ၎အမ်ိဳးသားပို႔ေဆာင္လာတဲ့ လက္ေဆာင္ေတြအတြက္ အခြန္အေနနဲ႔ RM 380,000 ေပးပို႔ခဲ့ရေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္ ။

ေနာက္ဆံုးမွာေတာ့ သူမရဲ႕အိမ္ကိုေရာင္းၿပီး ရတဲ့ေငြေၾကး RM 230,000 အျပင္ ၊ သူမရဲ႕ညီမျဖစ္သူအနား RM 100,000 ကိုပါ ေခ်းယူခဲ့ကာ အဆိုပါအမ်ိဳးသားကို ေပးပို႔ခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ သူမဟာ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး ညီမျဖစ္သူႏွင့္အတူေနထိုင္ရလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ေနာက္ဆံုးက်မွ သူမခ်စ္သူကို ဖမ္းဆီးထိန္းသိမ္းထားတဲ့ ရဲတပ္ဖြဲ႔ကိုသြားေရာက္စံုစမ္းလိုက္ေတာ့မွ သူမဟာေငြလိမ္ခံလိုက္ရမွန္း အျဖစ္မွန္ကိုသိ႐ွိခဲ့ရပါတယ္ ။ သူမဟာ ျခဴ းတစ္ျပားမွမ႐ွိေအာင္မြဲျပာက်သြားခဲ့ေပမဲ့လည္း သူမရဲ႕ Facebook ေပၚကခ်စ္သူေကာင္ေလးကို ဆက္ၿပီးယံုၾကည္ေနဆဲ ၊ ခ်စ္ေနဆဲ ျဖစ္ေၾကာင္း သူမကေျဖၾကားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခေတ်တွေကတိုးတက်ပြောင်းလဲလာတာနှင့်အမျှ e-mail တွေကနေစာတွေပေးပို့ပြီး ၊ ဖုန်းဆက်ပြီး ငွေလိမ်းတောင်းတာတို့ စသည့်ကိစ္စမျိုး မကြာခဏ ကြုံကြ ၊ ကြားကြရမှာပါ ။ အထူးသဖြင့် အထီးကျန်ဆန်နေတဲ့သူတွေအနား ချစ်ဟန်ဆောင်းပြီး Facebook တွေ ၊ အင်တာနက်တွေကနေ လူချင်းမတွေ့ဘဲ ချူ စားကြတာမျိုးပေါ့ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီးမှာလည်း ချစ်မိရင်အရာအားလုံးကိုမမြင်နိုင်တော့ပဲ မျက်ကန်းတစ်ယောက်လိုပဲ ဆိုတဲ့စာသားကို အမှန်တကယ်ဖြစ်နိုင်ကြောင်း သက်သေပြလိုက်သလိုပါပဲ ။ အဆိုပါအမျိုးသမီးဟာ အသက် 50 အရွယ် ၊ အလုပ်လက်မဲ့ ၊ single mother တစ်ယောက်ဖြစ်ပြီး အဆိုပါ Facebook ပေါ်ကသူမရဲ့ချစ်သူကောင်လေးကြောင့် ခြူ းတစ်ပြားမှမရှိတော့လောက်အောင် မွဲပြာကျသွားခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ သူမရဲ့ Facebook ပေါ်ကချစ်သူကောင်လေးဟာ သူမအတွက် RM 800 million ( မြန်မာငွေ သန်းပေါင်းမြောက်များစွာ) တန်ဖိုးရှိတဲ့ လက်ဆောင်မျိုးကိုသယ်ဆောင်လာ၍ မလေးရှားရဲတပ်ဖွဲ့က သံသယမကင်း၍ သူ့အားဖမ်းဆီးထိန်းသိမ်းထားကြောင်း သူမကိုပြောဆိုခဲ့ပါတယ် ။ သူမကလည်း ချစ်သူကောင်လေးကို ပြန်ကယ်ထုတ်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း ချစ်သူကောင်လေးမှာတော့ လုံးဝမလွှတ်မြောက်နိုင်ခဲ့ပါဘူး ။ အဆိုပါအမျိုးသားဟာ တရုတ် – အမေရိကန် ကပြားအမျိုးသားတစ်ယောက်ဖြစ်ပြီး သူမအတွက် လက်ဝတ်ရတနာ ၊ ငွေကြေး ၊ ဖုန်း နှင့် အခြားသော အသုံးအဆောင်ပစ္စည်းများဝယ်လာပေးခဲ့တာဖြစ်ကြောင်း လိမ်လည်ပြောဆိုပြီး သူမဆီကနေ ငွေတွေလိမ်လည်ပြီးတောင်းယူနေခဲ့တာဖြစ်ပါတယ် ။

ထို့အပြင်သူမဟာ အဆိုပါ Facebook ပေါ်မှာသာတွေ့ဆုံခဲ့တဲ့ကောင်လေးကို သူမရဲ့ ခင်ပွန်း ဆိုပြီးအမြဲခေါ်နေခဲ့တာပါ ။ အဆိုပါကောင်လေးအတွက် ငွေအကြိမ်ပေါင်းမြောက်များစွာပေးဖို့ခဲ့ရပြီး ၊ ၎င်းအမျိုးသားပို့ဆောင်လာတဲ့ လက်ဆောင်တွေအတွက် အခွန်အနေနဲ့ RM 380,000 ပေးပို့ခဲ့ရကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

နောက်ဆုံးမှာတော့ သူမရဲ့အိမ်ကိုရောင်းပြီး ရတဲ့ငွေကြေး RM 230,000 အပြင် ၊ သူမရဲ့ညီမဖြစ်သူအနား RM 100,000 ကိုပါ ချေးယူခဲ့ကာ အဆိုပါအမျိုးသားကို ပေးပို့ခဲ့ပါတယ် ။ ယခုချိန်မှာတော့ သူမဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ညီမဖြစ်သူနှင့်အတူနေထိုင်ရလျက်ရှိကြောင်း သိရှိရပါတယ် ။ နောက်ဆုံးကျမှ သူမချစ်သူကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရဲတပ်ဖွဲ့ကိုသွားရောက်စုံစမ်းလိုက်တော့မှ သူမဟာငွေလိမ်ခံလိုက်ရမှန်း အဖြစ်မှန်ကိုသိရှိခဲ့ရပါတယ် ။ သူမဟာ ခြူ းတစ်ပြားမှမရှိအောင်မွဲပြာကျသွားခဲ့ပေမဲ့လည်း သူမရဲ့ Facebook ပေါ်ကချစ်သူကောင်လေးကို ဆက်ပြီးယုံကြည်နေဆဲ ၊ ချစ်နေဆဲ ဖြစ်ကြောင်း သူမကဖြေကြားခဲ့ပါတယ် ။

Be the first to comment on "Facebook ေပၚမွာေတြ႔တဲ့ခ်စ္သူကို ယံုစားမိၿပီး အိမ္ကိုပါေရာင္းၿပီးရတဲ့ေငြေတြအကုန္ပို႔ေပးမိလို႔ မဲြျပာက်ခဲ့ရတဲ့အမ်ိဳးသမီးအျဖစ္"

Leave a comment

Your email address will not be published.


*