ေပ်ာ္တုန္းကေပ်ာ္ၿပီး ခ်စ္သူ 5လသားအရြယ္ ကိုယ္ဝန္လြယ္ထားရခ်ိန္မွ တာဝန္မယူခ်င္လို႔ ႐ိုက္သတ္ဖို႔ႀကိဳးစားခဲ့တဲ့ ေကာင္ေလး

ၿပီးခဲ့တဲ့ရက္ပိုင္းက ကိုယ္ဝန္ 5လသားအရြယ္ႏွင့္ အမ်ိဳးသမီးဟာ ႐ိုက္ႏွက္ႏွိပ္စက္ခံခဲ့ရၿပီးေနာက္ ၊ ေသြးေျမာက္မ်ားစြာထြက္ေနခဲ့ၿပီး လမ္းေဘးမွာအမႈိက္သဖြယ္ စြန္႔ပစ္ထားျခင္းခံခဲ့ရပါတယ္ ။ အဆိုပါမိန္းကေလးဟာ အသက္ 18 ႏွစ္အရြယ္သာ႐ွိေသးၿပီး ၊ သူမရဲ႕အသက္ 18ႏွစ္အရြယ္ ခ်စ္သူေကာင္ေလး ႏွင့္ ေနာက္ထပ္အေပါင္းအပါးႏွစ္ေယာက္တို႔ဟာ သူမကို Kuala Lumpur ၿမိဳ႕ ၊ Vocational College Setapak ေက်ာင္း အေနာက္ဖက္လမ္းၾကားမွာ သူမကို႐ိုက္ႏွက္ခဲ့ၾကၿပီး စြန္႔ပစ္ခဲ့ၾကတာျဖစ္ပါတယ္ ။

ျဖစ္စဥ္ကေတာ့ သူမရဲ႕ခ်စ္သူေကာင္ေလးဟာ သူမကို ေစ်းတန္သို႔ထြက္လည္ဖို႔ ည 9:30 အခ်ိန္မွာ လာေရာက္ေခၚေဆာင္ခဲ့ပါတယ္ ။ အဆိုပါေန႔မွာမွ သူမကိုေခၚသြားေနၾကလမ္းကေနမသြားပဲ တျခားလမ္းကေနေျပာင္းၿပီးေခၚသြားခဲ့ပါတယ္ ။ ေက်ာင္းအေနာက္ဖက္လမ္းၾကားအေရာက္မွာေတာ့ သူမကိုဆိုင္ကယ္ေပၚကေနဆြဲခ်ၿပီး သူမခ်စ္သူႏွင့္ အေပါင္းအပါႏွစ္ေယာက္က သူမကိုေသေလာက္ေအာင္႐ိုက္ႏွက္ခဲ့ၾကပါတယ္ ။ ထို႔ေနာက္ သူမကိုေသြးထြက္ဒဏ္ရာမ်ားစြာျဖင့္ အဆိုပါလမ္းၾကားထဲမွာတင္ပဲ ထားပစ္ခဲ့ၾကပါတယ္ ။

ထို႔ေနာက္ သူမဟာဒဏ္ရာမ်ားစြာျဖင့္ အားတင္းၿပီး အနီးအနားမွာ႐ွိတဲ့ ကုန္ဆံုဆိုင္သို႔ ည 2:30 အခ်ိန္မွာေတာ့ အေရာက္သြားႏိုင္ခဲ့ၿပီး အကူအညီေတာင္းခံခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ ကုန္စံုဆိုင္မွာ႐ွိတဲ့ ဝန္ထမ္းမွာလည္း သူမကိုေဆးရံုပို႔ေပးဖို႔ အင္တင္တင္ျဖစ္ေနခဲ့ၿပီး အနီးအနားဝန္းက်င္မွသူမ်ားကို ေအာ္ဟစ္အကူအညီေတာင္းေပးခဲ့ပါတယ္ ။ အနီးအနားအိမ္မ်ား႐ွိ လူမ်ားေရာက္႐ွိလာခ်ိန္မွာေတာ့ သူမရဲ႕မိဘမ်ားကိုအရင္ဆက္သြယ္ေပးခဲ့ၿပီးေနာက္ သူမကိုေဆးရံုသို႔ပို႔ေဆာင္ေပးခဲ့ပါတယ္ ။ သူမရဲ႕ မ်က္ႏွာမွာ အေတာ္ေလးကိုေရာင္ကိုင္းေနခဲ့ၿပီး သူမရဲ႕ခႏၶာကိုယ္အေပၚဖက္ပိုင္းမွာလည္း ဒဏ္ရာမ်ားစြာရ႐ွိခဲ့ပါတယ္ ။ သူမရဲ႕ဖခင္က ရဲစခန္းသို႔တိုင္ၾကားခဲ့ၿပီး အဆိုပါေကာင္ေလး 3ေယာက္လံုးကိုလည္းဖမ္းဆီးၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ရက်ပိုင်းက ကိုယ်ဝန် 5လသားအရွယ်နှင့် အမျိုးသမီးဟာ ရိုက်နှက်နှိပ်စက်ခံခဲ့ရပြီးနောက် ၊ သွေးမြောက်များစွာထွက်နေခဲ့ပြီး လမ်းဘေးမှာအမှိုက်သဖွယ် စွန့်ပစ်ထားခြင်းခံခဲ့ရပါတယ် ။ အဆိုပါမိန်းကလေးဟာ အသက် 18 နှစ်အရွယ်သာရှိသေးပြီး ၊ သူမရဲ့အသက် 18နှစ်အရွယ် ချစ်သူကောင်လေး နှင့် နောက်ထပ်အပေါင်းအပါးနှစ်ယောက်တို့ဟာ သူမကို Kuala Lumpur မြို့ ၊ Vocational College Setapak ကျောင်း အနောက်ဖက်လမ်းကြားမှာ သူမကိုရိုက်နှက်ခဲ့ကြပြီး စွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ် ။

ဖြစ်စဉ်ကတော့ သူမရဲ့ချစ်သူကောင်လေးဟာ သူမကို ဈေးတန်သို့ထွက်လည်ဖို့ ည 9:30 အချိန်မှာ လာရောက်ခေါ်ဆောင်ခဲ့ပါတယ် ။ အဆိုပါနေ့မှာမှ သူမကိုခေါ်သွားနေကြလမ်းကနေမသွားပဲ တခြားလမ်းကနေပြောင်းပြီးခေါ်သွားခဲ့ပါတယ် ။ ကျောင်းအနောက်ဖက်လမ်းကြားအရောက်မှာတော့ သူမကိုဆိုင်ကယ်ပေါ်ကနေဆွဲချပြီး သူမချစ်သူနှင့် အပေါင်းအပါနှစ်ယောက်က သူမကိုသေလောက်အောင်ရိုက်နှက်ခဲ့ကြပါတယ် ။ ထို့နောက် သူမကိုသွေးထွက်ဒဏ်ရာများစွာဖြင့် အဆိုပါလမ်းကြားထဲမှာတင်ပဲ ထားပစ်ခဲ့ကြပါတယ် ။

ထို့နောက် သူမဟာဒဏ်ရာများစွာဖြင့် အားတင်းပြီး အနီးအနားမှာရှိတဲ့ ကုန်ဆုံဆိုင်သို့ ည 2:30 အချိန်မှာတော့ အရောက်သွားနိုင်ခဲ့ပြီး အကူအညီတောင်းခံခဲ့ပါတယ် ။ အစပိုင်းမှာတော့ ကုန်စုံဆိုင်မှာရှိတဲ့ ဝန်ထမ်းမှာလည်း သူမကိုဆေးရုံပို့ပေးဖို့ အင်တင်တင်ဖြစ်နေခဲ့ပြီး အနီးအနားဝန်းကျင်မှသူများကို အော်ဟစ်အကူအညီတောင်းပေးခဲ့ပါတယ် ။ အနီးအနားအိမ်များရှိ လူများရောက်ရှိလာချိန်မှာတော့ သူမရဲ့မိဘများကိုအရင်ဆက်သွယ်ပေးခဲ့ပြီးနောက် သူမကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ် ။ သူမရဲ့ မျက်နှာမှာ အတော်လေးကိုရောင်ကိုင်းနေခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်အပေါ်ဖက်ပိုင်းမှာလည်း ဒဏ်ရာများစွာရရှိခဲ့ပါတယ် ။ သူမရဲ့ဖခင်က ရဲစခန်းသို့တိုင်ကြားခဲ့ပြီး အဆိုပါကောင်လေး 3ယောက်လုံးကိုလည်းဖမ်းဆီးပြီး စစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေပ်ာ္တုန္းကေပ်ာ္ၿပီး ခ်စ္သူ 5လသားအရြယ္ ကိုယ္ဝန္လြယ္ထားရခ်ိန္မွ တာဝန္မယူခ်င္လို႔ ႐ိုက္သတ္ဖို႔ႀကိဳးစားခဲ့တဲ့ ေကာင္ေလး"

Leave a comment

Your email address will not be published.


*