အိမ္သာတက္တာ မၿပီးႏိုင္ဘဲခံေနသလိုခံစားေနရလို႔ဆိုၿပီး ဖင္ေပါက္ကေနဆြဲထုတ္လိုက္ကာမွ သန္ေကာင္ အႀကီးစားျဖစ္ေန(႐ုပ္သံ)

ၿပီးခဲ့တဲ့ေန႔က ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ သူ၏စအိုေပါက္ကေန ႀကိဳးျပားသန္ေကာင္အ႐ွည္ႀကီးကို အ႐ွင္လတ္လတ္ဆြဲထုတ္မိခဲ့လို႔ အေတာ္ေလးအံ့ၾသထိတ္လန္႔သြားခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားဟာ သူ၏ကေလးေတြကို ေက်ာင္းလိုက္ပို႔ၿပီးေနာက္ အိမ္သာတက္ခ်င္သလို ဗိုက္နာလာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အိမ္သာတက္ၿပီးေပမဲ့ သူ၏စအိုေပါက္တြင္ ထြက္လို႔မရႏိုင္ေအာင္ တစ္ခုခုခံေနသကဲ့သို႔ ခံစားခဲ့ရပါတယ္ ။

ထို႔ေနာက္ အိမ္သာကေန မတ္တပ္ထရပ္ၿပီး ၾကည့္လိုက္ခ်ိန္မွာေတာ့ သူ၏စအိုေပါက္ကေန တစ္စံုတစ္ခု ခံေနၿပီး ေအာက္ဖက္သို႔ ထြက္က်ေနတာကိုေတြ႔႐ွိခဲ့ပါေတာ့တယ္ ။ သို႔ေပမဲ့လည္း အရင္အပတ္တုန္းကအဆိုပါအမ်ိဳးသားက ခြဲစိတ္မႈျပဳလုပ္ခဲ့စဥ္ က်န္႐ွိေနေသးေသာႀကိဳးလို႔သာ ထင္ေနခဲ့ပါတယ္ ။ ထို႔ေနာက္ အဆိုပါအရာကိုဆြဲလိုက္ခ်ိန္မွာေတာ့ ႀကိဳးမဟုတ္ပဲ ကပ္ေစးေစးႏွင့္ ေပ်ာ့အိေနၿပီး ဆြဲဆန္႔လို႔ရတဲ့အရာမွန္း သတိထားမိခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္ အဆိုပါအရာကို အဆံုးထိဆြဲထုတ္လိုက္ခ်ိန္မွာေတာ့ အ႐ွည္ 32 ေပ ႐ွိတဲ့ ႀကိဳးျပားသန္ေကာင္ျဖစ္ေနမွန္းသိ႐ွိခဲ့၍ အဆိုပါအမ်ိဳးသားမွာအေတာ္ေလး ထိတ္လန္႔ခဲ့ပါေတာ့တယ္ ။

ထို႔အျပင္ အဆိုပါသန္ေကာင္ဟာ အိမ္သာခြက္ထဲမွာ လႈပ္ရြေနေသးတဲ့အတြက္ အသက္႐ွင္ေနေသးတဲ့ သန္ေကာင္ျဖစ္ေနမွန္း အဆိုပါအမ်ိဳးသားက သိ႐ွိသြားခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားကေတာ့ သူ၏ဗိုက္ထဲတြင္ ၎သန္ေကာင္က ဘာလို႔မ်ား ဒီေလာက္ထိ႐ွည္ရတာလဲဆိုတာ လံုးဝကိုနားမလည္ႏိုင္ေတာ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ အဆိုပါအမ်ိဳးသားဟာ ၎သန္ေကာင္အသက္႐ွင္ေနေသးပံုကို video ႐ိုက္ၿပီး ေဝမ်ွခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့နေ့က ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ၏စအိုပေါက်ကနေ ကြိုးပြားသန်ကောင်အရှည်ကြီးကို အရှင်လတ်လတ်ဆွဲထုတ်မိခဲ့လို့ အတော်လေးအံ့သြထိတ်လန့်သွားခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ သူ၏ကလေးတွေကို ကျောင်းလိုက်ပို့ပြီးနောက် အိမ်သာတက်ချင်သလို ဗိုက်နာလာခဲ့ပါတယ် ။ သို့ပေမဲ့လည်း အိမ်သာတက်ပြီးပေမဲ့ သူ၏စအိုပေါက်တွင် ထွက်လို့မရနိုင်အောင် တစ်ခုခုခံနေသကဲ့သို့ ခံစားခဲ့ရပါတယ် ။

ထို့နောက် အိမ်သာကနေ မတ်တပ်ထရပ်ပြီး ကြည့်လိုက်ချိန်မှာတော့ သူ၏စအိုပေါက်ကနေ တစ်စုံတစ်ခု ခံနေပြီး အောက်ဖက်သို့ ထွက်ကျနေတာကိုတွေ့ရှိခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း အရင်အပတ်တုန်းကအဆိုပါအမျိုးသားက ခွဲစိတ်မှုပြုလုပ်ခဲ့စဉ် ကျန်ရှိနေသေးသောကြိုးလို့သာ ထင်နေခဲ့ပါတယ် ။ ထို့နောက် အဆိုပါအရာကိုဆွဲလိုက်ချိန်မှာတော့ ကြိုးမဟုတ်ပဲ ကပ်စေးစေးနှင့် ပျော့အိနေပြီး ဆွဲဆန့်လို့ရတဲ့အရာမှန်း သတိထားမိခဲ့ပါတော့တယ် ။ ထို့နောက် အဆိုပါအရာကို အဆုံးထိဆွဲထုတ်လိုက်ချိန်မှာတော့ အရှည် 32 ပေ ရှိတဲ့ ကြိုးပြားသန်ကောင်ဖြစ်နေမှန်းသိရှိခဲ့၍ အဆိုပါအမျိုးသားမှာအတော်လေး ထိတ်လန့်ခဲ့ပါတော့တယ် ။

ထို့အပြင် အဆိုပါသန်ကောင်ဟာ အိမ်သာခွက်ထဲမှာ လှုပ်ရွနေသေးတဲ့အတွက် အသက်ရှင်နေသေးတဲ့ သန်ကောင်ဖြစ်နေမှန်း အဆိုပါအမျိုးသားက သိရှိသွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားကတော့ သူ၏ဗိုက်ထဲတွင် ၎င်းသန်ကောင်က ဘာလို့များ ဒီလောက်ထိရှည်ရတာလဲဆိုတာ လုံးဝကိုနားမလည်နိုင်တော့ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် အဆိုပါအမျိုးသားဟာ ၎င်းသန်ကောင်အသက်ရှင်နေသေးပုံကို video ရိုက်ပြီး ဝေမျှခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ္သာတက္တာ မၿပီးႏိုင္ဘဲခံေနသလိုခံစားေနရလို႔ဆိုၿပီး ဖင္ေပါက္ကေနဆြဲထုတ္လိုက္ကာမွ သန္ေကာင္ အႀကီးစားျဖစ္ေန(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*