ဖိလစ္ပိုင္ႏိုင္ငံရွိ ေက်းလက္တံငါ႐ြာတစ္႐ြာမွာေနထိုင္တဲ့ Elsie Balawing အမည္ရွိမ်က္မျမင္မိန္းကေလးတစ္ဦးဟာ အျခားသာမန္လူမ်ားကဲ့သို႔မျမင္ႏိုင္ေပမဲ့လည္း သူမဟာ ကမာၻေက်ာ္အဆိုေတာ္မ်ားျဖစ္တဲ့ diva, Whitney Houston ကဲ့သို႔ ထူးျခားတဲ့အသံပါရမီရွိသူတစ္ဦး ျဖစ္ပါတယ္။ Elsie ဟာ ေက်ာင္းမတက္ဖူးတာေၾကာင့္ အျခားဘာသာစကားကို ေျပာဆိုႏိုင္ျခင္းမရွိေပမဲ့လည္း Whitney Houston နဲ႔ Ed Sheeran တို႔ရဲ႕ကမာၻေက်ာ္ေတးသီခ်င္းမ်ားကိုၿပီးျပည့္စုံစြာ သီဆိုႏိုင္သူျဖစ္ပါတယ္။ Elsie ဟာ သူမမွာ ၿပီးျပည့္စုံတဲ့နားေထာင္စြမ္းရည္ ႏွင့္ အံ့ဩဖြယ္အသံမ်ားျဖင့္ လူႀကိဳက္မ်ားတဲ့သီခ်င္းစာသားမ်ားကို သူမကိုယ္တိုင္သင္ယူခဲ့တဲ့အျပင္ မူရင္းအဆိုေတာ္မ်ားရဲ႕အသံစတိုင္ကိုလည္း အလြန္ဆင္တူေအာင္ တုပသီဆိုႏိုင္ပါတယ္။
မၾကာေသးခင္က Whitney Houston ရဲ႕ေက်ာ္ၾကားတဲ့ “ I Will Always Love You” ဆိုတဲ့ေတးသီခ်င္းေတးကို ျပန္လည္သီဆိုသ႐ုပ္ေဖာ္ထားတဲ့ Elsie ရဲ႕ဗီဒီယိုဟာ အင္တာနက္ေပၚမွာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ထိုဗီဒီယိုထဲမွာ ေတာက္ပတဲ့ ပန္းေရာင္တီရွပ္ႏွင့္အနီေရာင္ေဘာင္းဘီတိုတို႔ျဖင့္ ေပါ့ေပါ့ပါးပါး၀တ္ဆင္ထားတဲ့ Elsie ဟာ သူမရဲ႕ၿပီးျပည့္စုံတဲ့ အသံႏွင့္အတူ နာမည္ႀကီးသီခ်င္းကို ျပန္လည္ cover လုပ္ကာ ျပန္လည္သီဆိုထားခဲ့ပါတယ္။
ထိုဗီဒီယိုကိုၾကည့္ျခင္းအားျဖင့္ Elsie ဟာ သူမရဲ႕အသံပါဝါက ဘယ္ေလာက္ေတာင္ေကာင္းတယ္ဆိုတာကို ကိုယ္တိုင္သက္ေသျပေနခဲ့ၿပီးေနာက္ သုံးလအၾကာမွာ Facebook ရွိ ပထမဆုံးတင္ျပန္ခဲ့တဲ့သူမရဲ႕ထိုဗီဒီယိုဟာ ၾကည့္ရႈသူေပါင္း ၁၉ သန္းေက်ာ္အထိကို လ်င္ျမန္စြာ ရရွိခဲ့ရပါတယ္။ Elise ဟာ Ed Sheeran ရဲ႕ “ Perfect “ သီခ်င္းႏွင့္ Pink ရဲ႕ “ Just Give Me A Reason” ကဲ့သို႔ေသာ အျခားသီခ်င္းမ်ားျဖင့္ သူမျပန္လည္ေဖ်ာ္ေျဖထားခဲ့တဲ့ဗီဒီယိုမ်ားကိုလည္း Darrell Burnett ဆိုတဲ့ Facebook acc မွာ ၾကည့္ရႈႏိုင္ပါတယ္။
Mia (Mckzone Daily)
Source : goodtimes
Unicode
ဖိလစ်ပိုင်နိုင်ငံရှိ ကျေးလက်တံငါရွာတစ်ရွာမှာနေထိုင်တဲ့ Elsie Balawing အမည်ရှိမျက်မမြင်မိန်းကလေးတစ်ဦးဟာ အခြားသာမန်လူများကဲ့သို့မမြင်နိုင်ပေမဲ့လည်း သူမဟာ ကမ္ဘာကျော်အဆိုတော်များဖြစ်တဲ့ diva, Whitney Houston ကဲ့သို့ ထူးခြားတဲ့အသံပါရမီရှိသူတစ်ဦး ဖြစ်ပါတယ်။ Elsie ဟာ ကျောင်းမတက်ဖူးတာကြောင့် အခြားဘာသာစကားကို ပြောဆိုနိုင်ခြင်းမရှိပေမဲ့လည်း Whitney Houston နဲ့ Ed Sheeran တို့ရဲ့ကမ္ဘာကျော်တေးသီချင်းများကိုပြီးပြည့်စုံစွာ သီဆိုနိုင်သူဖြစ်ပါတယ်။ Elsie ဟာ သူမမှာ ပြီးပြည့်စုံတဲ့နားထောင်စွမ်းရည် နှင့် အံ့ဩဖွယ်အသံများဖြင့် လူကြိုက်များတဲ့သီချင်းစာသားများကို သူမကိုယ်တိုင်သင်ယူခဲ့တဲ့အပြင် မူရင်းအဆိုတော်များရဲ့အသံစတိုင်ကိုလည်း အလွန်ဆင်တူအောင် တုပသီဆိုနိုင်ပါတယ်။
မကြာသေးခင်က Whitney Houston ရဲ့ကျော်ကြားတဲ့ “ I Will Always Love You” ဆိုတဲ့တေးသီချင်းတေးကို ပြန်လည်သီဆိုသရုပ်ဖော်ထားတဲ့ Elsie ရဲ့ဗီဒီယိုဟာ အင်တာနက်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုဗီဒီယိုထဲမှာ တောက်ပတဲ့ ပန်းရောင်တီရှပ်နှင့်အနီရောင်ဘောင်းဘီတိုတို့ဖြင့် ပေါ့ပေါ့ပါးပါး၀တ်ဆင်ထားတဲ့ Elsie ဟာ သူမရဲ့ပြီးပြည့်စုံတဲ့ အသံနှင့်အတူ နာမည်ကြီးသီချင်းကို ပြန်လည် cover လုပ်ကာ ပြန်လည်သီဆိုထားခဲ့ပါတယ်။
ထိုဗီဒီယိုကိုကြည့်ခြင်းအားဖြင့် Elsie ဟာ သူမရဲ့အသံပါဝါက ဘယ်လောက်တောင်ကောင်းတယ်ဆိုတာကို ကိုယ်တိုင်သက်သေပြနေခဲ့ပြီးနောက် သုံးလအကြာမှာ Facebook ရှိ ပထမဆုံးတင်ပြန်ခဲ့တဲ့သူမရဲ့ထိုဗီဒီယိုဟာ ကြည့်ရှုသူပေါင်း ၁၉ သန်းကျော်အထိကို လျင်မြန်စွာ ရရှိခဲ့ရပါတယ်။ Elise ဟာ Ed Sheeran ရဲ့ “ Perfect “ သီချင်းနှင့် Pink ရဲ့ “ Just Give Me A Reason” ကဲ့သို့သော အခြားသီချင်းများဖြင့် သူမပြန်လည်ဖျော်ဖြေထားခဲ့တဲ့ဗီဒီယိုများကိုလည်း Darrell Burnett ဆိုတဲ့ Facebook acc မှာ ကြည့်ရှုနိုင်ပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ၿပီးျပည့္စုံတဲ့ပင္ကိုယ္အသံပါဝါျဖင့္ cover song မ်ားဆိုရင္း လူအမ်ားအား အံ့အားသင့္သြားေစခဲ့တဲ့ မ်က္မျမင္မိန္းကေလး"