ဖိနပ္ဝယ္ဖို႔ပိုက္ဆံမ႐ွိေပမဲ့လည္း သူမရဲ႕ကိုယ္ပိုင္ ‘Nike’ ဖိနပ္ေလးနဲ႔ အေျပးၿပိဳင္ပြဲမွာ ေရြတံဆိပ္3ခုအရယူႏိုင္ခဲ့တဲ့ ေကာင္မေလး

အားကစားဘိုးဖိနပ္ေလးေတြဟာ အေတာ္အတန္ေစ်းႀကီးေလ့႐ွိၾကပါတယ္ ။ အထူးသျဖင့္ နာမည္ႀကီးတံဆိပ္ေတြနဲ႔ အားကစားဘိုးဖိနပ္ေတြဆိုရင္ေပါ့ ။ ထို႔ေၾကာင့္ မိသားစုစီးပြားေရး အဆင္မေျပၾကတဲ့တစ္ခ်ိဳ႕ေသာ ဆယ္ေက်ာ္သက္ကေလးေတြက အဆိုပါဖိနပ္ေတြဝယ္စီးဖို႔အတြက္ဆိုတာ သူတို႔ရဲ႕အိမ္မက္သာသာ ပါပဲ ။ သို႔ေပမဲ့လည္း အားကစားဖိနပ္မပါလည္း ကိုယ့္ရဲ႕ႀကိဳးစားမႈနဲ႔ ၿပိဳင္ပြဲေတြမွာအႏုိင္ရယူႏိုင္ေၾကာင္းကို Facebook စာမ်က္ႏွာတစ္ခုမွာ ေဖာ္ျပထားခဲ့တဲ့အသက္ 11ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္က သက္ေသျပလိုက္ပါတယ္ ။

သူမနဲ႔ သက္တူရြယ္တူကေလးေတြက နာမည္ႀကီး ၊ ေနာက္ဆံုးေပၚ အားကစားဖိနပ္ေတြနဲ႔ အေျပးၿပိဳင္ပြဲကိုယွဥ္ၿပိဳင္ဖို႔ အဆင္သင့္ျဖစ္ေနၾကေပမဲ့လည္း ၊ ဖိလစ္ပိုင္ႏိုင္ငံ ၊ Balasan မွာေနထိုင္တဲ့ Rhea Bullos အမည္႐ွိတဲ့သူမမွာေတာ့ အျခားသူေတြနဲ႔ လံုးဝကြဲလြဲခဲ့တဲ့ဖိနပ္မ်ိဳးစီးၿပီး ယွဥ္ၿပိဳင္ခဲ့ရပါတယ္ ။ အဲတာကေတာ့ သူမရဲ႕ေျခေထာက္ေတြကို ပတ္တီးေတြနဲ႔ ပတ္ပတ္လည္အားကစားဖိနပ္ပံုစံ စည္းေႏွာင္ပစ္လိုက္ၿပီးေနာက္ ဖိနပ္ရဲ႕အေ႐ွ႕ဖက္ပိုင္ေလးကို ေဘာပင္ေလးႏွင့္ ‘Nike ‘ အမွတ္တံဆိပ္ပံု ေရးဆြဲၿပီး အဆိုပါဖိနပ္ေလးနဲ႔ ၿပိဳင္ပြဲယွဥ္ၿပိဳင္ခဲ့ကာ ေရႊတံဆိပ္ဆု 3ခု အႏိုင္ရယူႏိုင္ခဲ့ပါတယ္ ။

သူမဟာ 400m, 800m, 1500m အစ႐ွိတဲ့အေျပးၿပိဳင္ပြဲေတြမွာ အႏိုင္ရ႐ွိခဲ့တာျဖစ္တဲ့အတြက္ လာေရာက္ၾကည့္႐ႈတဲ့သူမ်ားဟာ သူမအားအေတာ္ေလးကို အံ့ၾသခ်ီက်ဴ းၿပီး ေလးစားအားေပးခ်င္စိတ္မ်ား ျဖစ္ေစခဲ့ပါတယ္ ။ ထို႔အျပင္ သူမကိုေမးျမန္းတဲ့ အင္တာဗ်ဴ းတစ္ခုမွာေတာ့ တစ္ရက္ရက္မွာေတာ့ သူမဟာဖိလစ္ပိုင္ႏိုင္ငံရဲ႕ကိုယ္စားျပဳအားကစားသမားတစ္ေယာက္အေနနဲ႔လည္း SEA Games ေတြမွာဝင္ေရာက္ယွဥ္ၿပိဳင္လိုေၾကာင္းလည္း ေျဖဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အားကစားဘိုးဖိနပ်လေးတွေဟာ အတော်အတန်ဈေးကြီးလေ့ရှိကြပါတယ် ။ အထူးသဖြင့် နာမည်ကြီးတံဆိပ်တွေနဲ့ အားကစားဘိုးဖိနပ်တွေဆိုရင်ပေါ့ ။ ထို့ကြောင့် မိသားစုစီးပွားရေး အဆင်မပြေကြတဲ့တစ်ချို့သော ဆယ်ကျော်သက်ကလေးတွေက အဆိုပါဖိနပ်တွေဝယ်စီးဖို့အတွက်ဆိုတာ သူတို့ရဲ့အိမ်မက်သာသာ ပါပဲ ။ သို့ပေမဲ့လည်း အားကစားဖိနပ်မပါလည်း ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ပြိုင်ပွဲတွေမှာအနိုင်ရယူနိုင်ကြောင်းကို Facebook စာမျက်နှာတစ်ခုမှာ ဖော်ပြထားခဲ့တဲ့အသက် 11နှစ်အရွယ် ကောင်မလေးတစ်ယောက်က သက်သေပြလိုက်ပါတယ် ။

သူမနဲ့ သက်တူရွယ်တူကလေးတွေက နာမည်ကြီး ၊ နောက်ဆုံးပေါ် အားကစားဖိနပ်တွေနဲ့ အပြေးပြိုင်ပွဲကိုယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေကြပေမဲ့လည်း ၊ ဖိလစ်ပိုင်နိုင်ငံ ၊ Balasan မှာနေထိုင်တဲ့ Rhea Bullos အမည်ရှိတဲ့သူမမှာတော့ အခြားသူတွေနဲ့ လုံးဝကွဲလွဲခဲ့တဲ့ဖိနပ်မျိုးစီးပြီး ယှဉ်ပြိုင်ခဲ့ရပါတယ် ။ အဲတာကတော့ သူမရဲ့ခြေထောက်တွေကို ပတ်တီးတွေနဲ့ ပတ်ပတ်လည်အားကစားဖိနပ်ပုံစံ စည်းနှောင်ပစ်လိုက်ပြီးနောက် ဖိနပ်ရဲ့အရှေ့ဖက်ပိုင်လေးကို ဘောပင်လေးနှင့် ‘Nike ‘ အမှတ်တံဆိပ်ပုံ ရေးဆွဲပြီး အဆိုပါဖိနပ်လေးနဲ့ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ကာ ရွှေတံဆိပ်ဆု 3ခု အနိုင်ရယူနိုင်ခဲ့ပါတယ် ။

သူမဟာ 400m, 800m, 1500m အစရှိတဲ့အပြေးပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုတဲ့သူများဟာ သူမအားအတော်လေးကို အံ့သြချီကျူ းပြီး လေးစားအားပေးချင်စိတ်များ ဖြစ်စေခဲ့ပါတယ် ။ ထို့အပြင် သူမကိုမေးမြန်းတဲ့ အင်တာဗျူ းတစ်ခုမှာတော့ တစ်ရက်ရက်မှာတော့ သူမဟာဖိလစ်ပိုင်နိုင်ငံရဲ့ကိုယ်စားပြုအားကစားသမားတစ်ယောက်အနေနဲ့လည်း SEA Games တွေမှာဝင်ရောက်ယှဉ်ပြိုင်လိုကြောင်းလည်း ဖြေဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဖိနပ္ဝယ္ဖို႔ပိုက္ဆံမ႐ွိေပမဲ့လည္း သူမရဲ႕ကိုယ္ပိုင္ ‘Nike’ ဖိနပ္ေလးနဲ႔ အေျပးၿပိဳင္ပြဲမွာ ေရြတံဆိပ္3ခုအရယူႏိုင္ခဲ့တဲ့ ေကာင္မေလး"

Leave a comment

Your email address will not be published.


*