လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်အစောပိုင်းလောက်က WeChat ကုမ္ပဏီဟာ ၎င်းတို့ရဲ့ဝန်ထမ်း အယောက် ၂၀၀၀ အား တစ်ဦးချင်းကို iPhone X တစ်လုံးစီပေးခဲ့တဲ့သတင်းကို သင်တို့ကြားခဲ့ဖူးပါသလား။ သို့ပေမဲ့ အခုဖော်ပြမဲ့ ကုမ္ပဏီဟာ ၎င်း၎င်းဝန်ထမ်းများအား WeChat ကုမ္ပဏီထက်ကျော်လွန်ကာ bonus များပေးခဲ့ပါတယ်။ မကြာသေးမီက တရုတ်အရှေ့ပိုင်းရှိ သံမဏိကုမ္ပဏီတစ်ခုဟာ ၎င်း၏၀န်ထမ်းများအားလုံးအတွက် ယွမ်သန်း ၁၆၀ (ဒေါ်လာ ၂၅.၄ သန်း) အထိဆုကြေးငွေများထုတ်ပေးခဲ့ပါတယ်။
Jiangxhi ပြည်နယ် Nanchang မြို့အခြေစိုက် Fangda Special Steel Technology ကုမ္ပဏီဟာ ၎င်း၏၀န်ထမ်းများအား ပြီးခဲ့တဲ့ကြာသပတေးနေ့၌ ဆုကြေးငွေများပေးအပ်ခဲ့ကြောင်း Information Daily သတင်းအရ သိရပါတယ်။
၎င်းပမာဏဟာ ကုမ္ပဏီဝန်ထမ်းအယောက်ပေါင်း ၅၀၀၀ အတွက် တစ်ဦးလျှင် ယွမ် ၃၂,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၀၀၀) နှုန်းစီအတွက်သာ ဖြစ်ပါတယ်။
၎င်းသံမဏိကုမ္ပဏီဟာ ၎င်း၏အငြိမ်းစားဝန်ထမ်းနှင့်အသက် ၆၀ ကျော်ဝန်ထမ်းများအတွက် ယွမ် ၃,၀၀၀ ကိုပင် ငွေသားဖြင့် ကမ်းလှမ်းခဲ့ပါသေးတယ်။ ထို့နေ့မှာ ငွေသားများကို ကြမ်းပြင်ပေါ်တွင် ခင်းကျင်းစီစဉ်ပေးထားခဲ့ပြီး ၀န်ထမ်းများဟာ ၎င်းတို့၏အိတ်များဖြင့် ငွေသားဖြည့်ရန် အလှည့်ကျ တန်းစီစောင့်ဆိုင်းကြရပါတယ်။ သို့သော် ဆုကြေးငွေများဟာ ကုမ္ပဏီ၏စီမံခန့်ခွဲမှုအဖွဲ့အတွက် မပါဝင်ခဲ့ပါဘူး။
Fangda Group ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သောအခြားသံမဏိကုမ္ပဏီတစ်ခုမှ ၀န်ထမ်းများအား ဆုကြေးများအဖြစ် ငွေသားများအားစုပုံမပြသထားခဲ့တဲ့ဓာတ်ပုံများဟာ တရုတ် social media ပေါ်မှာ တောမီးကဲ့သို့ပင် လျင်မြန်စွာ ပျံ့နှံသွားခဲ့ရပါတယ်။
၎င်းဟာ အဆိုပါသံမဏိကုမ္ပဏီအနေနဲ့ ၎င်း၏၀န်ထမ်းများအား ကြီးမားသောဆုကြေးငွေများထုတ်ပေးခြင်းဟာ ၎င်းတို့အတွက် ပထမဆုံးအကြိမ်မဟုတ်နေခဲ့ပါဘူး။
ကုမ္ပဏီဟာ ၂၀၁၁ ခုနှစ်မှစ၍ ယွမ်သန်းပေါင်း ၆၀၀ (ဒေါ်လာ ၉၅,၂၅၀,၀၀၀) ခန့်အထိကို ဆုငွေများအဖြစ် ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
Mia (Mckzone Daily)
Source : goodtimes
Be the first to comment on "ဝန်ထမ်းပေါင်း အယောက် ၅,၀၀၀ အား တစ်ဦးချင်းစီအတွက် ဆုကြေးငွေအဖြစ် ဒေါ်လာ ၅,၀၀၀ စီထုတ်ပေးခဲ့တဲ့ ကုမ္ပဏီ"