အိမ်မှာ တစ်ယောက်တည်းမထားခဲ့ချင်တာကြောင့် အသက် ၈၈ နှစ်အရွယ်အဘွားဖြစ်သူအား အလုပ်သို့ နေ့တိုင်း ကျောပိုးသွားခဲ့တဲ့ မြေးမလေးတစ်ဦး

ကျွန်ုပ်တို့ရဲ့သက်ကြီးရွယ်အိုအဘိုးအဘွားများကို မေတ္တာနှင့်ဂရုစိုက်ဖို့ မကြာခဏပြောရန်အလွယ်ဆုံးသောအရာများဖြစ်သော်လည်း တစ်ကယ်တမ်းမှာ အခက်ဆုံးက ၎င်းအရာကို ဖြစ်အောင်လုပ်ပေးဖို့ပါဘဲ။ ကျွန်တော်တို့ဟာထွန်းကားတဲ့လူ့ဘောင်မှာနေနေရတဲ့အတွက် ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀ကို ရုန်းကန်လှုပ်ရှားနေကြရတာကြောင့် မိသားစုဝင်အဘိုးအဘွားတို့နှင့်အတူနေဖို့အချိန်အနည်းငယ်သာ ရှိနေတတ်ပါတယ်။ ကျွန်တော်တို့ဟာ ၎င်းတို့ရဲ့မျှော်လင့်နေတဲ့မျက်လုံးတွေကို အကြိမ်ပေါင်းများစွာ လျစ်လျူရှုကြပြီး တစ်ကယ်တမ်း ၎င်းတို့မျှော်လင့်တာကလည်း ၎င်းတို့နှင့်စကားပြောပေးမဲ့ ရိုးရိုးအဖော်တစ်ယောက်ပါဘဲ။ သို့ပေမဲ့ ဒီဇာတ်လမ်းထဲက မိန်းကလေးကတော့ လုံးဝကို ကွဲပြားနေပါတယ်။ သူမငယ်စဉ်အခါကသူမ၏မိဘများဟာ သူမအားအဖွားနှင့်အတူထားခဲ့ကာ မြို့၌အလုပ်သွားလုပ်ကြရပါတယ်။

အခုသူမကြီးပြင်းလာတော့လည်း သူမအနားမှာတစ်ချိန်လုံးရှိနေခဲ့တဲ့အဘွားကို သူမလုံးဝမမေ့ထားခဲ့ပါဘူး။ လက်ရှိကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်ရှိနေပြီဖြစ်တဲ့ အဆိုပါမိန်းကလေးဟာ သူမရဲ့အသက် ၈၈ နှစ်အရွယ်အဘွားအား တစ်ယောက်တည်းမခံစားစေချင်သလို အဘွားရဲ့ အနားမှာ အမြဲနေပေးရန်အတွက် သူမရဲ့ဆိုင်သို့ ခေါ်သွားရန် ဆုံးဖြတ်ခဲ့ပါတယ်။

အဘွားဟာ အဝေးကြီးလမ်းမလျှောက်နိုင်တော့တာကြောင့် မြေးမလေးဟာ သွားလေရာတိုင်း အဘွားကို ကျောပိုးသွားလေ့ရှိပါတယ်။ မြေးမလေးဟာ သူမငယ်စဉ်က အဘွားဖြစ်သူဟာ သူမအား ဘယ်တော့မှတစ်ယောက်တည်းမထားခဲ့တာကြောင့် ယခုသူမလည်း အဘွားရဲ့အနားမှာ အမြဲရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။ အဖွားနှင့်အတူနေခြင်းဟာ မြေးမလေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

လူတိုင်းက တိုင်းပြည်၌အချိန်ကြာမြင့်စွာနေထိုင်ခဲ့သောအဘွားဟာ မြို့ပြဘဝနှင့်လိုက်လျောညီထွေရှိမနေမှာကို အလွန်စိုးရိမ်နေခဲ့ကြပါတယ်။ သို့ပေမဲ့ မြေးမလေးက ပတ်ဝန်းကျင်ပြောင်းလဲမှုက မကောင်းတဲ့အရာမဟုတ်ဘူးလို့ တွေးခဲ့ပါတယ်။

တစ်ကယ်လည်း ဆိုင်သို့ခေါ်သွားတဲ့အခါ သူမအဘွားနှင့် စကားပြောတဲ့လူတွေအများကြီးရှိလာသလို အဘွားဟာ သူမရဲ့လက်ရှိဘ၀ကို ပိုနှစ်သက်လာခဲ့ပါတယ်။ အဘွားဟာ မြေးမလေးရဲ့ဆိုင်ရှေ့တံခါးဘေးနေရာမှာထိုင်ရင်း ဝင်ထွက်နေတဲ့လူတွေကို လိုက်ကြည့်ရတာကို သဘောကျပြီး ၎င်းဟာ သူမအကြိုက်ဆုံးအချိန်ဘဲဖြစ်ပါတယ်။

အဘွားကလည်း လက်ရှိမှာ သူမဘာမှမဆုံးရှုံးရဘဲ အရမ်းပျော်ရွှင်ကြောင်း ပြောကြားခဲ့ပါတယ်။ လူတိုင်းဟာ ၎င်းတို့၏သက်ကြီးရွယ်အိုအဘိုးအဘွားများကို အချိန်ပြည့်ပြုစုစောင့်ရှောက်ရမယ်လို့မဆိုလိုပေမဲ့ ၎င်းတို့အား ရံဖန်ရံခါသွားလည်ပေးမှုများနှင့် တယ်လီဖုန်းခေါ်ဆိုမှုများဟာ ၎င်းတို့အတွက် ကြီးမားတဲ့ခြားနားချက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၎င်းတို့က ၂၄ နာရီလုံးလုံးစောင့်ရှောက်မှုကို မလိုအပ်နိုင်ပေမဲ့ အနားမှာခဏလောက်အချိန်ပေးနေပေးပြီး ၎င်းတို့ရဲ့စကားကိုနားထောင်ပေးခြင်းက ၎င်းတို့တောင်းတလိုလားတဲ့အရာတစ်ခုပါဘဲ။ ဒီတော့ အဘိုးအဘွားရှိတဲ့စာဖတ်သူတို့အနေနဲ့ သူတို့အတွက် အချိန်ပေးပြီး စကားစမြည်ပြောခြင်းဖြင့် သူတို့ကိုပျော်ရွှင်သွားစေမှာအမှန်ပါဘဲ။

Mia (Mckzone Daily)

Source : goodtimes

Be the first to comment on "အိမ်မှာ တစ်ယောက်တည်းမထားခဲ့ချင်တာကြောင့် အသက် ၈၈ နှစ်အရွယ်အဘွားဖြစ်သူအား အလုပ်သို့ နေ့တိုင်း ကျောပိုးသွားခဲ့တဲ့ မြေးမလေးတစ်ဦး"

Leave a comment

Your email address will not be published.


*