အိမ္စာမၿပီးလို႔ဆိုၿပီး အျပစ္ေပးတဲ့အေနနဲ႔ သားျဖစ္သူကို ခြက္တစ္လံုးႏွင့္ ဘူတာရံုမွာေတာင္းစားခိုင္းခဲ့တဲ့ ဖခင္

မိဘေတြကေတာ့ သားသမီးေတြကို သိတတ္နားလည္လာေအာင္အျမဲဆံုးမခ်င္ၾကတာပါပဲေလ ။ သို႔ေပမဲ့လည္း ေခတ္ကာလေျပာင္းလဲလာတာနဲ႔အမ်ွ အရင္ေခတ္ေတြမွာအသံုးျပဳတဲ့သြန္သင္ဆံုးမနည္းနဲ႔ အခုေခတ္ကေလးငယ္ေတြကိုသြန္သင္ဆံုးမေပးလို႔မရေတာ့ပါဘူး ။ ဘာလို႔လည္းဆိုေတာ့ အခုေခတ္ကေလးငယ္ေတြက ပိုၿပီးသိတတ္နားလည္လြယ္ၾကတဲ့အတြက္ မိဘေတြအေနနဲ႔သြန္သင္ဆံုးမတဲ့နည္းလမ္းေတြေျပာင္းလဲလာၾကပါၿပီး ။ ဒါေပမဲ့ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖခင္တစ္ဦးကေတာ့ သူ၏သားျဖစ္သူကိုအျပစ္ေပးဆံုးမတဲ့ နည္းလမ္းဟာ အေတာ္ေလးျပင္းထန္လြန္းလွပါတယ္ ။

ျဖစ္စဥ္ကေတာ့ တ႐ုတ္ႏိုင္ငံ ၊ ႐ွန္ဟိုင္ၿမိဳ႕မွာ႐ွိတဲ့ဖခင္တစ္ဦးဟာ သူ၏ 10ႏွစ္သားအရြယ္သားျဖစ္သူဟာ အိမ္စာကိုၿပီးေအာင္မလုပ္လို႔ဆိုၿပီး အျပစ္ေပးဆံုးမတဲ့အေနနဲ႔ မီးရထားဘူတာမွာ ေတာင္းရမ္းခိုင္ခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ားက မနက္ခင္း 4:45 အခ်ိန္ခန္႔မွာ ေကာင္ေလးတစ္ေယာက္ဟာ ေက်ာင္းလြယ္အိတ္ႏွင့္ဒူးေထာက္ကာ အစားအစာေတြကိုေတာင္းရမ္းစားေသာက္ေနေၾကာင္း တိုင္ၾကားခ်က္ကိုလက္ခံရ႐ွိခဲ့ပါတယ္ ။ ထို႔အျပင္ အဆိုပါေကာင္ေလးဟာ ေအးခ်မ္းလြန္းတဲ့ေဆာင္းရာသီႀကီးမွာ အေႏြးထည္တစ္ထည္သာဝတ္ဆင္ထားၿပီး အျခားအေႏြးဓာတ္ေပးမည့္အရာမ်ားလည္းမပါ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ အဆိုပါေကာင္ေလးဟာ ဖခင္ျဖစ္သူအလုပ္မသြားခင္ 45 မိနစ္ၾကာတဲ့အထိ ထားရစ္ခံခဲ့ရတာပါ ။ ဖခင္ျဖစ္သူမွာ အရက္မူးေနတာမ်ိဳးမဟုတ္ဘဲ သားျဖစ္သူကိုျပင္းထန္တဲ့ျပစ္ဒဏ္မ်ိဳးေပးခဲ့တာျဖစ္ပါတယ္ ။

အဆိုပါေကာင္ေလးရဲ႕ေျပာၾကားခ်က္အရ ” ကြၽန္ေတာ့္အေဖက ကြၽန္ေတာ္ကို ခြက္တစ္လံုးေပးၿပီး ၊ အျပစ္ေပးတဲ့အေနနဲ႔ ဒူးေထာက္ၿပီး အစားအစာေတြကိုေတာင္ရမ္းခိုင္းခဲ့တယ္ ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ ရဲအရာ႐ွိမ်ားက ကေလးငယ္ရဲ႕မိခင္ကို ဆက္သြယ္ေပးခဲ့ၾကၿပီးေနာက္ ၊ အဆိုပါေကာင္ေလးရဲ႕မိခင္ျဖစ္သူမွလည္း သူမရဲ႕ခင္ပြန္းဟာသားျဖစ္သူရဲ႕အိမ္စာမၿပီးတဲ့ကိစၥႏွင့္ပက္သက္ၿပီး အျမဲစိတ္ဆိုးေဒါသထြက္ေလ့႐ွိၿပီး ၊ ယခုလို သားျဖစ္သူကိုအျပစ္ေပးမည့္ကိစၥမွာ သူမလံုးဝသေဘာမတူခဲ့ေၾကာင္း မိခင္ျဖစ္သူကထြက္ဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘတွေကတော့ သားသမီးတွေကို သိတတ်နားလည်လာအောင်အမြဲဆုံးမချင်ကြတာပါပဲလေ ။ သို့ပေမဲ့လည်း ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ အရင်ခေတ်တွေမှာအသုံးပြုတဲ့သွန်သင်ဆုံးမနည်းနဲ့ အခုခေတ်ကလေးငယ်တွေကိုသွန်သင်ဆုံးမပေးလို့မရတော့ပါဘူး ။ ဘာလို့လည်းဆိုတော့ အခုခေတ်ကလေးငယ်တွေက ပိုပြီးသိတတ်နားလည်လွယ်ကြတဲ့အတွက် မိဘတွေအနေနဲ့သွန်သင်ဆုံးမတဲ့နည်းလမ်းတွေပြောင်းလဲလာကြပါပြီး ။ ဒါပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖခင်တစ်ဦးကတော့ သူ၏သားဖြစ်သူကိုအပြစ်ပေးဆုံးမတဲ့ နည်းလမ်းဟာ အတော်လေးပြင်းထန်လွန်းလှပါတယ် ။

ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံ ၊ ရှန်ဟိုင်မြို့မှာရှိတဲ့ဖခင်တစ်ဦးဟာ သူ၏ 10နှစ်သားအရွယ်သားဖြစ်သူဟာ အိမ်စာကိုပြီးအောင်မလုပ်လို့ဆိုပြီး အပြစ်ပေးဆုံးမတဲ့အနေနဲ့ မီးရထားဘူတာမှာ တောင်းရမ်းခိုင်ခဲ့ပါတယ် ။ ရဲအရာရှိများက မနက်ခင်း 4:45 အချိန်ခန့်မှာ ကောင်လေးတစ်ယောက်ဟာ ကျောင်းလွယ်အိတ်နှင့်ဒူးထောက်ကာ အစားအစာတွေကိုတောင်းရမ်းစားသောက်နေကြောင်း တိုင်ကြားချက်ကိုလက်ခံရရှိခဲ့ပါတယ် ။ ထို့အပြင် အဆိုပါကောင်လေးဟာ အေးချမ်းလွန်းတဲ့ဆောင်းရာသီကြီးမှာ အနွေးထည်တစ်ထည်သာဝတ်ဆင်ထားပြီး အခြားအနွေးဓာတ်ပေးမည့်အရာများလည်းမပါရှိကြောင်း သိရှိရပါတယ် ။ ထို့အပြင် အဆိုပါကောင်လေးဟာ ဖခင်ဖြစ်သူအလုပ်မသွားခင် 45 မိနစ်ကြာတဲ့အထိ ထားရစ်ခံခဲ့ရတာပါ ။ ဖခင်ဖြစ်သူမှာ အရက်မူးနေတာမျိုးမဟုတ်ဘဲ သားဖြစ်သူကိုပြင်းထန်တဲ့ပြစ်ဒဏ်မျိုးပေးခဲ့တာဖြစ်ပါတယ် ။

အဆိုပါကောင်လေးရဲ့ပြောကြားချက်အရ ” ကျွန်တော့်အဖေက ကျွန်တော်ကို ခွက်တစ်လုံးပေးပြီး ၊ အပြစ်ပေးတဲ့အနေနဲ့ ဒူးထောက်ပြီး အစားအစာတွေကိုတောင်ရမ်းခိုင်းခဲ့တယ် ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ ရဲအရာရှိများက ကလေးငယ်ရဲ့မိခင်ကို ဆက်သွယ်ပေးခဲ့ကြပြီးနောက် ၊ အဆိုပါကောင်လေးရဲ့မိခင်ဖြစ်သူမှလည်း သူမရဲ့ခင်ပွန်းဟာသားဖြစ်သူရဲ့အိမ်စာမပြီးတဲ့ကိစ္စနှင့်ပက်သက်ပြီး အမြဲစိတ်ဆိုးဒေါသထွက်လေ့ရှိပြီး ၊ ယခုလို သားဖြစ်သူကိုအပြစ်ပေးမည့်ကိစ္စမှာ သူမလုံးဝသဘောမတူခဲ့ကြောင်း မိခင်ဖြစ်သူကထွက်ဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ္စာမၿပီးလို႔ဆိုၿပီး အျပစ္ေပးတဲ့အေနနဲ႔ သားျဖစ္သူကို ခြက္တစ္လံုးႏွင့္ ဘူတာရံုမွာေတာင္းစားခိုင္းခဲ့တဲ့ ဖခင္"

Leave a comment

Your email address will not be published.


*