လူသားများဟာ တောရိုင်းတိရိစ္ဆာန်များနှင့်အထူးသဖြင့် ကြောင်အကြီးစားများကဲ့သို့သော ကျား ၊ ခြင်္သေ့ တို့နှင့်အတူတူ မနေထိုင်နိုင်ဘူးလို့ လူတိုင်းနီးပါးကယုံကြည်ထားကြပါတယ်။ သို့ပေမယ့် လူတစ်ယောက်ကတော့ ၎င်းက ဖြစ်နိုင်ကြောင်းကို လုပ်ပြနိုင်ခဲ့ပါတယ်။ သူဟာ ခေတ်သစ် Tarzan ကဲ့သို့ သူ့ရဲ့ကြောင်ကြီးများနှင့် အခြားတောရိုင်းအိမ်မွေးတိရိစ္ဆာန်တို့နှင့်အတူတူ ဆော့ကစားပြီး ၎င်းတို့အားပွေ့ပိုက်ရတာကိုကြိုက်နှစ်သက်ပါသေးတယ်။ Sonia Queen ဆိုတဲ့ Facebook page တွင် ပျံ့နှံ့နေတဲ့ post တစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ တောရိုင်းတိရိစ္ဆာန်များနှင့် ပျော်စရာအချိန်ကောင်းတွေရှိနေသည်ကိုတွေ့ရပြီး ၎င်းတောရိုင်းတိရစ္ဆာန်များကလည်း သူ့ကိုတကယ်ချစ်ကြပုံလည်းရပါတယ်။ ဗီဒီယိုဖိုင်ထဲအရ အဆိုပါအမျိုးသားဟာ သူ့ရဲ့ကြောင်ကြီးများအား ခြံဝင်းကျယ်ကြီးထဲမှာ အပျော်ကြီးပျော်စေဖို့အတွက် ကြီးမားတဲ့တံခါးဝင်းပေါက်ကနေ ခြံဝင်းထဲသို့ ခေါ်ဝင်နေတာကို တွေ့ရမှာပါ။
၎င်းနေရာက ဘယ်နေရာဘယ်ဒေသနှင့် အဆိုပါအမျိုးသားကလည်း မည်သူမည်ဝါဆိုတာကို မဖော်ပြထားပါဘူး။ သို့ပေမဲ့ သူ့ရဲ့ကြောင်ကြီးတွေရဲ့ပုံသဏ္ဍာန်က ၎င်းတို့ဟာ ဂရုစိုက်ထိန်းသိမ်းခံထားရပြီး အစားကောင်းကောင်းလည်း စားသုံးနေရပုံပေါ်ပါတယ်။
အချို့သော အင်တာနက်သုံးစွဲသူများက ကြောင်ကြီးများဟာ ၎င်းတို့တွေ့ဖူး ၊ မြင်ဖူးနေတဲ့ National Geographic သို့မဟုတ် Discovery Channel များရှိကြောင်ကြီးများထက် ပိုမိုဝဖြိုးနေတာကြောင့် ၎င်းတို့ဟာ ကောင်းမွန်စွာ အချိန်မှန်စားသောက်ရပြီး အထိုင်များတဲ့နေထိုင်မှုပုံစံမျိုးကိုခံစားကြရပုံရကြောင်း ထင်မြင်ချက်ပေးခဲ့ကြပါတယ်။
ဘာက ပိုပြီးအထင်ကြီးစရာကောင်းလဲဆိုတော့ အဆိုပါအမျိုးသားဟာ ကြောင်ကြီးတွေနဲ့ ဆော့ကစားကာ အချိန်ဖြုန်းလေ့ရှိပြီး ကြောက်လန့်ခြင်းအနည်းငယ်မျှမရှိဘဲ သူ့ရဲ့လက်ဗလာများဖြင့် ၎င်းကြောင်ကြီးတွေကို အစာကျွေးခြင်းဘဲဖြစ်ပါတယ်။
ဗီဒီယိုထဲအရ အဆိုပါအမျိုးသားဟာ ကျားနှစ်ကောင်ကို နို့တိုက်ရန် နို့ဘူးနှစ်ဘူးအား လက်ဖြင့် အပေါ်ထောင်လိုက်ချိန်မှာ ကျားနှစ်ကောင်ကလည်း နို့ကို သောက်ရဖို့ မတ်သပ်ရပ်ကာ သူ့ရဲ့ပုခုံးနှစ်ဖက်ကို ၎င်းတို့ရဲ့လက်ဖြင့် လှမ်းကုတ်ကာ နို့ဘူးကို စုပ်နေခဲ့ကြပါတယ်။
၎င်းကြောင်အကြီးစားတွေအပြင် သူ့နှင့်ဆော့ကစားနေတဲ့မျောက်များစွာလည်း ပါရှိပါတယ်။ ၎င်းတို့ကသူနဲ့လည်း ပျော်ရွှင်စွာ ဆော့ကစားကြပြီး ရေချိုးရင်း သူ့ခေါင်းကို လျှော်ပေးကြသလို သူလေ့ကျင့်ခန်းလုပ်တဲ့အခါတောင်မှ ပါဝင်ကူညီပေးတတ်ကြပါသေးတယ်။
ခြင်္သေ့ ၊ ကျား တို့နဲ့ အတူ သူငယ်ချင်းလို ဆော့ကစားဖို့အတွက် လူတစ်ယောက်အနေနဲ့ ၎င်းတို့ကို ပေါက်စအရွယ်ကတည်းကသာ ပြုစုလာခဲ့မှရမှာပါ။ ဒါဟာ အသည်းငယ်ပြီး ကြောင်ကြီးများအား ကြောက်လန့်တတ်သူအဖို့ကတော့ ထိတ်လန့်စရာအိမ်မက်ဆိုးကြီးတစ်ခုလိုပါဘဲဗျာ။
.
သို့ပေမဲ့ ဗီဒီယိုကို ကြည့်ပုံအရ အဆိုပါအမျိုးသားနှင့် ကြောင်အကြီးစားတွေဟာ အတော်လေးကို ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးတစ်ခုရှိနေပြီး ၎င်းတို့ဟာ နှစ်လကြာရှည်စွာ အတူရှိလာခဲ့ကြပုံရပါတယ်။
Mia (Mckzone Daily)
Source : rachfeed
Be the first to comment on "ခြင်္သေ့ ၊ ကျားများနှင့် အခြားတောရိုင်းတိရိစ္ဆာန်များနှင့်အတူ ပျော်ရွှင်စွာ ဆော့ကစားနေခဲ့တာကြောင့် ခေတ်သစ် Tarzan ဟုလူပြောများနေတဲ့ အမျိုးသား"