ဇွန်လ (၂၇) ရက်နေ့က သတင်းထောက်များဟာ အသက် (၂) နှစ်မှ (၁၃) နှစ်အရွယ် ကောင်လေးများ၊ မိန်းကလေးများ၊ ညီအစ်ကိုမောင်နှမ ၅ဦးက မိဘတွေမရှိဘဲ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပြီး အငှားအိမ်မာ နေထိုင်ကြတာကို ဖော်ပြလာခဲ့ပါတယ် ။ သူတို့က ထိုင်းနိုင်ငံ၊ Buriram ပြည်နယ်က Sai Toh ကျေးရွာမှာနေထိုင်ပြီး အကြီးဆုံးအစ်ကို Nong Muk (၁၃ နှစ်)က လက်ရှိ M.1 မှာ ပညာသင်ကြားနေပြီး Nong Fia (၁၁ နှစ်) နဲ့ ကျန်တဲ့ မောင်နှမသုံးယောက်ကလည်း Ban Kruat Nikhom ဈေးရှေ့ရှိ ကလေးစင်တာမှာ ကျောင်းတက်နေပါတယ် ။ Nang Panita အမည်ရှိ အသက် ၃၇ နှစ် အမျိုးသားက ဒီမောင်နှမ ၅ယောက်ရဲ့ ဖခင်ဖြစ်တယ်ဆိုပေမဲ့ မိဘတွေ ကွဲပြီးတဲ့နောက် ဖခင်က မိသားစုအသစ်တစ်ခုကို တည်ဆောက်ခဲ့ပါတယ် ။
.
သူတို့ရဲ့မိခင်အနေနဲ့ ကြံခုတ်ရန် တခြားပြည်နယ်များသို့ အလုပ်သွားခဲ့ရပါတယ် ။ မိခင်ဖြစ်သူက သူမနဲ့သူမရဲ့ ကလေးတွေကို ထောက်ပံ့ဖို့ ငွေရှာဖို့အတွက် ကလေး ၅ ယောက်စလုံးကို ချန်ထားပြီး ထွက်သွားရတာပါ ။
.
မိခင်မရှိတဲ့အချိန်မှာ အကြီးဆုံးအစ်ကိုဖြစ်တဲ့ Nong Fluk က နံနက် ၅ နာရီမှာ ဆန်ချက်ရန် အိပ်ရာမှ ထရပါတယ် ။ ကျောင်းဝတ်စုံများ ပြင်ဆင်ပြီး ကျောင်းသို့လမ်းလျှောက်သွားကာ ကျောင်းမှပြန်လာတဲ့အခါ Nong Fluk က ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်း၊ ပန်းကန်ဆေးခြင်း၊ အိမ်စာများလုပ်ခြင်းတို့ကို သင်ကြားပေးပြီး ၎င်းတို့က နေ့စဉ်တာဝန်ပြီးဆုံးတဲ့အထိ ပြုလုပ်ခဲ့ပါတယ် ။
.
စားစရာများဝယ်ရန်နဲ့ ကလေးများကို ကျောင်းပို့ရန် ငွေက သူတို့ရဲ့ မိခင်ထံသို့ ၁-၂ ပတ်ကြာပေးပို့တဲ့ ငွေကိုသုံးပြီး ၎င်းအား တစ်ကြိမ်လျှင် ဘတ် ၁၀၀၀ ခန့် အမေက ပို့ပေးတယ်လို့ Fluke ကပြောကြားခဲ့ပါတယ် ။ အချို့နေ့များတွင်မှာ ညီအစ်ကိုမောင်နှမ ၅ယောက်စလုံး ထမင်းအတူတူစားနေတာကို မြင်သူရွာသားများက သနားခြင်းကြောင့် တစ်ခါတစ်ရံ သူတို့က ဆန်နဲ့ စားစရာအချို့ယူလာပေးကြပါတယ် ။
အကြီးဆုံးအစ်ကို Fluke က သူဟာ ညီငယ်များကို အဖေတစ်ဦးလို စောင့်ရှောက်ပြုစုရပေမဲ့ ပညာရေးကိုလည်း ကောင်းစွာလေ့လာခဲ့ပြီး ခရိုင်အဆင့်သင်္ချာစွမ်းရည်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ခဲ့ပါတယ် ။
ဒါပေမယ့် Fluke လိုချင်တဲ့ အရာက သူ့ရဲ့ကိုယ်ပိုင်အိမ်လေးကို လိုချင်တာကြောင့် သူအဆင့်မြင့်ပညာရေးရဖို့အတွက် ပညာသင်ဆုလိုချင်တယ်လို့ ဆိုပါတယ် ။ ဒီကလေးက သူတို့ရဲ့ဘဝဘယ်လောက်ဘဲ ကြမ်းတမ်းပါစေ သူ့ရဲ့ အိမ်မက်ကိုတော့ အကောင်အထည်ဖော်နိုင်လိမ့်မယ် ယုံကြည်ပါတယ် ။
JRose (Mckzone Daily)
Source : sanook
Be the first to comment on "မိဘတွေ ကွဲပြီးတဲ့နောက် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပြီး ရန်ဖြစ်ခြင်းမရှိဘဲ ချစ်ခင်စွာနေထိုင်ကြတဲ့ သနားစရာ ညီအစ်ကိုမောင်နှမ ၅ဦး"