ကူးစက်ရောဂါကြောင့် staying home ရခြင်းက လူတိုင်းလိုလိုအတွက် မလွယ်ကူလှပါဘူး။ သို့ပေမဲ့ မကြာသေးမီက အစိုးရမှ မလေးရှားနိုင်ငံ Klang Valley ရှိ ကာကွယ်ဆေးအပြည့်ထိုးပြီးသွားသူများအနေနဲ့ အပြင်ရှိစားသောက်ဆိုင်များတွင် ပြန်လည်စတင်စားသောက်နိုင်ပြီဖြစ်တဲ့ ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားအစိုးရရဲ့လမ်းညွှန်ချက်အသစ်များအရ ပြည်နယ်အတော်များများ၌ကာကွယ်ဆေးအပြည့်ထိုးထားသောလူများဟာ အပြင်ထွက်စားနိုင်ပါတယ်။ ထို့နောက် မကြာသေးမီက ယောက်ျားလေးသူငယ်ချင်းတစ်စုဟာ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အပြင်ထွက်ခဲ့ကြပါတယ်။ ၎င်းတို့ထဲမှတစ်ဦးက မလေးရှားရိုးရာအချိုရည်တစ်မျိုးဖြစ်တဲ့ teh tarik ကို မှာယူခဲ့ပါတယ်။ Mamak ဈေးရှိဆိုင်တစ်ဆိုင်ထဲမှာထိုင်နေတုန်း teh tarik ကို တစ်ကြိတ်လေးမော့သောက်ကြည့်နေခဲ့တဲ့ အမျိုးသားကို ဗီဒီယိုမှာတွေ့နိုင်ပါတယ်။
သို့ပေမဲ့ လအနည်းငယ်အကြာမှ သူ့အရမ်းကြိုက်တဲ့ teh tarik တစ်ခွက်ကို ပြန်သောက်ခွင့်ရတော့ ၎င်းအား တစ်ကြိတ်သောက်ကြည့်လိုက်တဲ့အခါ အဆိုပါအမျိုးသားဟာ ဝမ်းသာလွန်းလို့ ရှိုက်ကြီးတငင်ငိုကျပစ်ခဲ့ပါတယ်။
အဆိုပါအမျိုးသားရဲ့သူကြိုက်လွန်းတဲ့ teh tarik အတွက် စိတ်လှုပ်ရှားဖွယ်တုံ့ပြန်မှုကြောင့် TikTok ရှိ @kenanganmengusikjiwaaa acc မှ တင်ထားခဲ့တဲ့၎င်းဗီဒီယိုဟာ လူသိများပျံ့နှံ့သွားခဲ့ပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့က တင်ထားခဲ့တဲ့ ၎င်းဗီဒီယိုဟာ ကြည့်ရှုသူတစ်သန်းကျော်အထိ ရှိခဲ့ပါတယ်။ အဆိုပါအမျိုးသားရဲ့တုံ့ပြန်မှုဟာ အနည်းငယ်ရယ်စရာကောင်းနေပေမဲ့ သူနှင့်အလားတူ ခံစားနေကြရတဲ့ လူများစွာက ၎င်းတို့ရဲ့စိတ်ခံစားချက်များနှင့်ပြည့်နေခဲ့တဲ့မှတ်ချက်များဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။
၎င်းဗီဒီယိုအောက်မှာ “ဒါက မင်းရဲ့ရည်းစားကို ဆုံးရှုံးရတာထက် ပိုဝမ်းနည်းဖို့ကောင်းတယ်” ၊ “ မင်းရဲ့မျက်ရည်တွေက အစစ်အမှန်ဖြစ်ပုံရတယ် l feel you bro ” ၊ “ငါနဲ့အတူ အပြင်ထွက်လည်ဖူးတဲ့သူငယ်ချင်းတွေ ငါ့အနားမှာ မရှိတော့တာက ပိုဝမ်းနည်းဖို့ကောင်းတယ်” ဟုစတဲ့မှတ်ချက်များစွာကို ပေးခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာ လူတစ်ဦးက ယခင်က ၎င်းတို့သူငယ်ချင်းတစ်စုနှင့် ပျော်ရွှင်စွာ အပြင်ထွက်ခဲ့ခြင်းနှင့် ဆိုင်တစ်ဆိုင်မှာထိုင်ပြီး ဘောလုံးပွဲအတူကြည့်ခဲ့ကြတဲ့အချိန်ကို သတိရမိကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဟုတ်တယ် ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံးရှိလူတိုင်းအတွက် ခက်ခဲစေလျက်ရှိနေပါတယ်။
အဆိုပါအမျိုးသားရဲ့တုံ့ပြန်မှုဟာ အစစ်အမှန်သာဖြစ်ပြီး အဲ့ဒီ teh tarik ကို သူဘယ်လောက်တောင်းတနေခဲ့ရမလဲဆိုတာကို ပြသနေပါတယ်။ ကျွန်တော်တို့လည်း ထိုကဲ့သို့အဖြစ်မျိုးနဲ့ကြုံလာတဲ့အခါ သူ့လိုဘဲ ချက်ချင်းတုံ့ပြန်မိမှာ အမှန်ပါဘဲ။
Mia (Mckzone Daily)
Source : says
Be the first to comment on "နှစ်လအကြာနေမှ အကြိုက်ဆုံးဖြစ်တဲ့အချိုရည်ကို ပြန်သောက်ခွင့်ရခဲ့လို့ ဝမ်းသာစွာ ရှိုက်ကြီးတငင်ဖြင့်ငိုကြွေးနေခဲ့တဲ့ အမျိုးသားတစ်ဦး"