ခေတ်မီနည်းပညာကိရိယာများနှင့်ဆော့ကစားမဲ့အစား မိဘများအားကူညီခြင်းနှင့် ပြင်ပလှုပ်ရှားမှုများကိုသာ ပြုလုပ်တတ်တဲ့ ၆နှစ်အရွယ်ကောင်လေး

ယနေ့ခေတ်လို ဒစ်ဂျစ်တယ်ခေတ်ကြီးတွင်ကလေးငယ်များဟာ စမတ်ဖုန်းနှင့်တက်ဘလက်ကဲ့သို့ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုများကို ထိတွေ့ကြရပါလိမ့်မယ်။ ယနေ့ခေတ်တွင် မျက်လုံးများကိုဖန်သားပြင်ပေါ်မှာဘဲ အချိန်ပေးခြင်းထက် သဘာဝကြီးကို အပြည့်အဝခံစားပြီး ပြင်ပလှုပ်ရှားမှုများကိုသာနှစ်ခြိုက်တဲ့လူငယ်များအား ယနေ့မှာမြင်တွေ့ရခြင်းဟာ ပုံမှန်မဟုတ်ဘူးလို့တွေးမိသွားကြပါလိမ့်မယ်။ သို့သော်လည်း သူ့ရဲ့ရွယ်တူအများစုနှင့်မတူဘဲ ဤ ၆ နှစ်အရွယ်မလေးရှားကောင်လေးတစ်ဦးဟာ ခေတ်မီကလေးပစ္စည်းကိရိယာများကို ဆော့ကစားခြင်းမှလွဲ၍ အခြားပျော်စရာတစ်ခုခုကို လုပ်လိုသူတစ်ဦးဖြစ်ပါတယ်။ အင်တာနက်ပေါ်တွင် ပြန့်နှံ့သွားခဲ့တဲ့ Twitter ၌သုံးစွဲသူ @zhariframli ဟာ အခြား ၆ နှစ်အရွယ်ကလေးများနှင့်ခံယူချက်မတူနေတဲ့တူလေးဖြစ်သူရဲ့အားလပ်ချိန်အား ဘယ်လိုဖြတ်သန်းပြီးဘယ်လိုတွေနှစ်သက်တဲ့အကြောင်းကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

.

Mikail Harith အမည်ရှိအဆိုပါကောင်လေးဟာ စမတ်ဖုန်းဖြင့်ဂိမ်းကစားရခြင်းထက် မီးဖိုချောင်တွင် ကူညီပေးခြင်း၊ သူ၏ညီမငယ်အား ကြည့်ရှုစောင့်ရှောက်ပေးခြင်း နှင့် အဝတ်အစားများအား မီးဖိုတိုက်ပေးခြင်းကဲ့သို့သော လုပ်ဆောင်ချက်များကိုသာ ပိုမိုနှစ်သက်ပါတယ်။ ဦးလေးဖြစ်သူရဲ့အဆိုအရ Mikail Harith ကို မိဘများက စမတ်ဖုန်းနှင့် tablet များကို အသုံးမပြုခြင်းဖြင့် ပြုစုပျိုးထောင်ပေးခဲ့ပြီး အဲ့ဒီအစား ကောင်လေးဟာ ဖခင်ဖြစ်သူနှင့် စခန်းချပြီး ငါးဖမ်းထွက်တတ်ပါသေးတယ်။

.

ထို့အပြင် ကောင်လေးဟာ လယ်ယာနှင့်ဥယျာဉ်ကဲ့သို့ခြံများရှိရာ ကျေးလပ်ဒေသရှိအဘိုးအဘွားများထံသို့ သွားရောက်လည်ပတ်တိုင်း အဘိုးဖြစ်သူရဲ့အလုပ်အား ကူညီပေးတတ်ပါသေးတယ်။ မြို့ကြီးပြကြီးတွင် မွေးဖွားကြီးပြင်းလာခဲ့သော်လည်း မိဘများက Mikail အား လက်တွေ့လုပ်ဆောင်ရန်နှင့် စာသင်ခန်းနံရံများရဲ့အပြင်ဘက်ရှိအရာများစွာကိုပါ သင်ကြားပေးခဲ့ပါတယ်။

.

ထို့ကြောင့် အဘိုးဖြစ်သူရဲ့အလုပ်ကူလုပ်ရန်နှင့် ပေါက်ပြားအား သက်တောင့်သက်သာကိုင်နိုင်ခြင်းက ကောင်လေးအတွက် အထူးအခြားမဟုတ်နေတော့ပါဘူး။ ရွယ်တူများနှင့်ယှဉ်ရင် သူ့ရဲ့ထူးခြားတဲ့အပြုအမူတို့ကြောင့် Mikail ဟာ အင်တာနက်ရဲ့အာရုံစိုက်ခြင်းကို လျင်မြန်စွာ ရရှိခဲ့ပြီး အင်တာနက်သုံးစွဲသူများက သူ့အား အံ့ဩနေခဲ့ကြသလို သားဖြစ်သူကို ထိုကဲ့သို့သောအပြုအမူများဖြင့် ပျိုးထောင်လာပေးခဲ့တဲ့မိဘများရဲ့သဘောထားကိုပါ လေးစားခဲ့ကြပါတယ်။

.

လူအများစုကလည်း ယနေ့လိုခေတ်ကြီးမှာ ခေတ်မီနည်းပညာစက်ပစ္စည်းကိရိယာများနှင့် ဆော့ကစားခြင်းထက် ပြင်ပလှုပ်ရှားမှုများကို ပိုသဘောကျတဲ့ကလေးများကို မြင်တွေ့ရခြင်းက အမှန်ပင်ရှားပါးတဲ့မြင်ကွင်းတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါသေးတယ်။ ကောင်းပါပြီ ၊ Mikail လေးလည်း ကြီးပြင်းလာတာနဲ့အမျှ ယခုကဲ့သို့သော သားကောင်းရတနာလေးတစ်ယောက်ဖြစ်​ရန် မျှော်လင့်မိပါတယ်ဗျာ။

Mia (Mckzone Daily)

Source : goodtimes

Be the first to comment on "ခေတ်မီနည်းပညာကိရိယာများနှင့်ဆော့ကစားမဲ့အစား မိဘများအားကူညီခြင်းနှင့် ပြင်ပလှုပ်ရှားမှုများကိုသာ ပြုလုပ်တတ်တဲ့ ၆နှစ်အရွယ်ကောင်လေး"

Leave a comment

Your email address will not be published.


*