Tang အမည်ရှိတရုတ်အမျိုးသားတစ်ဦးဟာ ရည်းစားဖြစ်သူ Liu နှင့် တွဲခဲ့ပြီး တစ်နှစ်ခွဲကြာမှာ ၎င်းရဲ့ဆက်ဆံရေးဟာ ပြတ်တောက်သွားခဲ့ပါတယ်။ မမျှော်မှန်းထားတဲ့လမ်းခွဲမှုနှင့် ပတ်သက်၍ စိတ်ပျက်သောအားဖြင့် Tang ဟာ သူ့ရဲ့ရည်းစားဟောင်း Liu အား စွဲလမ်းလာခဲ့ကာ သူမအား နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ online game တစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး ၎င်းတို့ရဲ့ relationship ကို စတင်ခဲ့ကြတာပါ။ Liu ဟာ တစ်နေ့ သူ့ဆီမှာမိန်းမ တစ်ကယ်ရှိနေတယ်ဆိုတဲ့အချက်ကြောင့် ထိတ်လန့်သွားခဲ့သလို ချက်ချင်းပင် လမ်းခွဲရန်ဆုံးဖြတ်လိုက်ပြီး Tang အား စိတ်ထိခိုက်စေခဲ့ပါတယ်။
လမ်းခွဲလိုက်ရတဲ့ဒဏ်ကြောင့် Tang ဟာ Liu နှင့်တစ်ဖန်ပြန်တွဲနိုင်ရန်အတွက် ဇနီးဖြစ်သူအား ချက်ချင်းကွာရှင်းပစ်ခဲ့ပြီးနောက်မှာ သူဟာ သူ့ရည်းစားဟောင်းကို နှစ်နှစ်ကြာအထိ နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ သူဟာ Liu အား ကားထဲကိုအတင်းတွန်းပို့ဖို့ကြိုးစားခဲ့ပေမယ့် ပြင်းထန်တဲ့ကားတိုက်မှုနဲ့သာ ပြီးဆုံးခဲ့ပါတယ်။
ထို့နောက် Liu ဟာ သူ့အား ရှောင်ရန် Hunan မြို့မှ Jiangsu မြို့သို့ပြောင်းရွှေ့ခဲ့ရပါတယ်။ သို့ပေမဲ့ Tang ဟာ သူမရဲ့လိပ်စာအသစ်ကို ရှာဖွေနိုင်ခဲ့ပြီး သူမသူ့ကိုအံ့ဩသွားစေတဲ့မျှော်လင့်ချက်နဲ့သူမရဲ့တိုက်ခန်းအပြင်ဘက်မှာ ကားဖြင့်စခန်းချခဲ့ကာ သူ့ရဲ့ကြောက်စရာကောင်းတဲ့အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ပဲ သူဟာ Liu ရဲ့အိမ်ကိုဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီး မေလ ၂၄ ရက်နေ့ညသန်းခေါင်ယံမှာ Liu အား လက်ဗလာဖြင့် လည်ပင်းညှစ်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာ Liu ဟာ လွတ်မြောက်နိုင်ခဲ့ပြီး အခင်းဖြစ်ရာမှထွက်ပြေးနိုင်ခဲ့ပါတယ်။ SinChew Daily သတင်း၏အဆိုအရ Liu ဟာ လုံးဝထိတ်လန့်နေခဲ့ရုံသာမက Tang ရဲ့အနံ့ဆိုးကြောင့်လည်းသတိလစ်လုနီးနီးဖြစ်ခဲ့ရပါတယ်။ Tang ဟာ ရည်းစားဟောင်းအား သူ့ကားပေါ်ကနေ လိုက်ကြည့်နေခဲ့တဲ့ကာလအတွင်း တစ်လနီးပါးလောက် ရေလုံးဝမချိုးနိုင်ခဲ့ပါဘူး။
၎င်းဟာ ရဲများဖမ်းဆီးခြင်းခံရပြီးနောက် တစ်ခုတည်းသောထိတ်လန့်ဖွယ်ရာထုတ်ဖော်ပြောဆိုမှုမဟုတ်သေးပါဘူး။ Tang ဟာ Liu ရဲ့ chat history ကို back up လုပ်ရန်နှင့် သူမရဲ့တည်နေရာများကို နေရာအမျိုးမျိုးမှခြေရာခံရန်ပြုလုပ်ခဲ့ကြောင်းကိုပါ ရှာဖွေတွေ့ရှိခဲ့ရပါတယ်။
Tang ၏အဆိုအရ သူဟာ Liu ကို အရမ်းချစ်မြတ်နိုးခဲ့တာကြောင့် သူ့အား ရူးသွပ်စွဲလမ်းမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး ၎င်းက သူမအပေါ် ပြင်းပြင်းထန်ထန်ပြုမူစေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကောင်းပြီ၊ ဒါက သူ့ရဲ့စိတ်သဘောထားပျက်ယွင်းမှု၊ သူ့ရည်းစားဟောင်းအပေါ်စွဲလမ်းမှုအတွက် သေချာတဲ့ဆင်ခြေတစ်ခုမဟုတ်ပါဘူး။
Liu လည်း နောက်ဆုံးမှာ Tang က သူမရဲ့နေအိမ်အနီးတွင်ရုတ်တရက်မမျှော်လင့်ဘဲ ထပ်မံပေါ်ပေါက်လာမှာကို မတွေးပူရတော့ဘဲ သူမရဲ့ဘဝကို အကြောက်တရားကင်းစွာဖြင့် ရှင်သန်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။
Mia (Mckzone Daily)
Source : goodtimes
Be the first to comment on "ရည်းစားဟောင်းကို နောက်ယောင်ခံလိုက်နိုင်ရန် တစ်လနီးပါးလောက်ရေမချိုးဘဲ ကားထဲ၌သာနေထိုင်ခဲ့တဲ့ အမျိုးသားတစ်ဦး"