ဇွန်လ ၁၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ်ရှိ မင်္ဂလာဆောင်တစ်ခုတွင် မယုံနိုင်စရာအဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ထားခဲ့တဲ့ဗီဒီယိုတစ်ခုဟာ လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့သွားခဲ့ပါတယ်။ မင်္ဂလာဆောင်လုပ်ထုံးလုပ်နည်းများပြီးစီးပြီးနောက်ဘသတို့သမီးနှင့်သတို့သားတို့ဟာ မိသားစုနှစ်စုစလုံးနှင့်အတူ ဓာတ်ပုံရိုက်ရန်စင်မြင့်ပေါ်သို့ တက်ခဲ့ကြပါတယ်။ သတို့သမီးဓာတ်ပုံရိုက်ရန်အလှည့်ရောက်လာတဲ့အခါမှာတော့ ပွဲလာသူဧည့်သည်ရာပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အလွန်မမျှော်လင့်သောအခြေအနေတစ်ခုဖြစ်ပွါးခဲ့ရပါတယ်။
ထို့နောက် သတို့သားရဲ့ဘေးမှာထိုင်နေတဲ့ သတို့သမီးရဲ့အစ်မဖြစ်သူဟာ သူမရဲ့ခဲလေးအား ရုတ်တရက် ပွေ့ဖက်ကာ ခဲလေးရဲ့နှုတ်ခမ်းကိုလည်း အတင်း အားရပါးရ နမ်းရှိုက်ပစ်ခဲ့ပါတယ်။ ၎င်းမထင်မှတ်သောအခြေအနေမတိုင်မီမှာ အနမ်းခံရဖို့ချိန်ရွယ်ခံခဲ့ရတဲ့ သတို့သားဟာ အလွန်ရှက်နေပြီး အတော်လေးလည်း ထိတ်လန့်နေခဲ့ပါတယ်။
သို့ပေမဲ့ သတို့သမီးရဲ့အစ်မက သူ့ကိုနမ်းရဖို့ မဖြစ်မနေကြိုးစားနေတုန်းပါဘဲ။ နမ်းလိုက်ပြီးနောက် ဤထူးဆန်းသောခယ်မဟာ အလျင်အမြန်ပြေးထပြီး လူမြင်ကွင်းမှ ထွက်သွားခဲ့ပါတယ်။ ထို့နောက် သတို့သားရဲ့ဘေးရှိဘယ်ဘက်ခုံမှာထိုင်နေခဲ့တဲ့သတို့သမီးရဲ့၎င်းအခြေအနေအားတုံ့ပြန်ပုံကို တွေ့မြင်လိုက်ရတာနဲ့အမျှ Netizen တွေက ပို၍ပင် အံ့ဩသွားခဲ့ကြပါတယ်။
သတို့သမီးက ထူးဆန်းတဲ့မြင်ကွင်းတစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ပုံရပေမယ့် သူမက ပြုံးရုံသာပြုံးပြီး စကားတစ်ခွန်းမှမဟာခဲ့ပါဘူး။ သတို့သမီးက အံ့အားသင့်သွားသော်လည်း သူမဟာ ဒေါသထွက်ခြင်း သို့မဟုတ် အူတိုခြင်းတို့ကို မလုပ်ခဲ့တာကြောင့် Netizens များက ထူးဆန်းလွန်းကြောင်း ဆိုခဲ့ကြပါတယ်။
ဒါတင်မကအနမ်းခံရလိုက်ရတဲ့သတို့သားရဲ့တုံ့ပြန်မှုက လူတိုင်းကိုလည်း ရှုပ်ထွေးသွားစေခဲ့ပါတယ်။ သူဟာ အောက်ပြုတ်ကျသွားတဲ့ဦးထုပ်ကို ကုန်းကောက်ကိုင်ရင်း ပြုံးရွှင်နေခဲ့ပါသေးတယ်။
ပတ်ဝန်းကျင်ရှိလူတိုင်းက အံ့ဩတကြီးဖြစ်သွားခဲ့ကြပေမယ့်အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ ၎င်းကိုဟာသတစ်ခုလို သဘောထားနေပုံရပါတယ်။ ထို့နောက် လူများစွာရဲ့ထင်မြင်ယူဆချက်များနှင့်ဆန့်ကျင်ပြီး နှစ်ဖက်မိသားစုဝင်များဟာ ခယ်မနှင့်သတို့သားအကြားက မရိုးသားတဲ့ဆက်သွယ်မှုမျိုး လုံးဝမရှိကြောင်း အတည်ပြုခဲ့ကြပါတယ်။ သတို့သမီးရဲ့အစ်မဖြစ်သူလုပ်ရပ်ဟာ မင်္ဂလာပွဲကို ပိုမိုပျော်စရာကောင်းသွားအောင် ပြုလုပ်ချင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။
၎င်းအဖြေနဲ့အတူ အစ်မဖြစ်သူရဲ့အလွန်အကျွံနဲ့ အလွန်မယဉ်ကျေးလွန်းရာကျတဲ့လုပ်ရပ်ကြောင့် netizen တွေက ပို၍ပင် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ သတို့သမီးနှင့်သတို့သားတို့ရဲ့ ၎င်းဒေါသထွက်စရာဟာသအပေါ် တုံ့ပြန်မှုအတွက်လည်း netizen များထံမှ အပြုသဘောမဆောင်တဲ့တုံ့ပြန်မှုများစွာကို ရရှိခဲ့ရပါတယ်။
Mia (Mckzone Daily)
Source : everytruenews24
Be the first to comment on "ဓာတ်ပုံရိုက်ရင်း ညီမဖြစ်သူရဲ့သတို့သားလောင်းကို ရုတ်တရက်ဆွဲနမ်းပစ်ကာ ပွဲလာဧည့်သည်များအား ပြာယာခတ်သွားစေခဲ့တဲ့ မိန်းကလေး"