နိုင်ဂျီးရီးယားအမျိုးသမီးတစ်ဦးဖြစ်တဲ့ Onome ဟာ သူမ၏အလုပ်ခွင်၌ ကားလက်ဆောင်တစ်စီးဖြင့် စပရိုက်လုပ်ခံလိုက်ရပြီးနောက် သူမဟာ အံ့ဩရင်း စိတ်ခံစားချက်အမျိုးမျိုးဖြင့်လွှမ်းမိုးကာ ပျော်မြူးနေခဲ့ရပါတယ်။ Onome ဟာ လက်ဝတ်လက်စားကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးဖြစ်ပြီး သူမဟာ အလုပ်ကြိုးစားမှုနှင့် သူဌေးရဲ့ယုံကြည်အားထားမှုကိုလည်း ခံရသူတစ်ဦးဖြစ်ပါတယ်။ Instagram ရှိ @bozjewelery page acc မှ မျှဝေခဲ့တဲ့ဗီဒီယိုတစ်ခုမှာ Onome ဟာ သူမတို့ရဲ့ရှေ့မှောက်၌ရပ်ထားတဲ့ အနီရောင် Lexus ကားက သူမအတွက်ဖြစ်ကြောင်းကို သိလိုက်ရပြီးနောက် သူမဟာ မယုံကြည်နိုင်စွာ အော်ဟစ်ပြေးလွှားရင်း သူမရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးချင်းစီအား ပြေးဖက်နေခဲ့ပါတယ်။
.
ထို့နောက် Onome ဟာ လက်ဆောင်ကားအား ပြေးဖက်နေရင်း အပျော်လွန်ကာ ကျေးဇူးတင်ကြောင်း ရေရွတ်နေရင်း မျက်ရည်များစီးကျလာခဲ့ပြီး သူမနှင့် ထပ်တူပျော်ရွှင်နေခဲ့တဲ့လုပ်ဖော်ကိုင်ဖက်များကလည်း သူမအား သွားရောက်ပွေ့ဖက်ကာ နှစ်သိမ့်ပေးနေခဲ့ကြပါတယ်။
.
Onome ကဲ့သို့ပင် လုပ်ဖော်ကိုင်ဖက်များဟာလည်း အပျော်တွေကူးစက်နေခဲ့ကြကာ ပတ်ဝန်းကျင်ကိုတောင် သတိမမူနိုင်ခဲ့ကြပါဘူး။ ဒါဟာ Onome အတွက် ဝမ်းသာစရာကောင်းလွန်းတဲ့ စပရိုက်လက်ဆောင်ပါဘဲဗျာ။
.
Onome ရဲ့အပျော်လွန်သွားခဲ့ရတဲ့၎င်းပုံရိပ်ဟာ မြင်သူတိုင်းအား ထပ်တူအပျော်ကူးစက်သွားစေခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူများက “ Ahhh .. သူမက အဲ့နေရာကို ပိုင်နိုင်ခဲ့တာဘဲ ၊ သူမဟာ အံ့သြစရာကောင်းတာပဲ၊ သူမလို ဝန်ထမ်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတာက အကောင်းဆုံးပါဘဲ၊ ဂုဏ်ယူပါတယ် Onome ၊ လာမယ့်နှစ်မှာဘုရားသခင်ရဲ့ကျေးဇူးနဲ့ ငါ့ရဲ့မန်နေဂျာကိုလည်း အဲ့လိုလုပ်ပေးချင်တယ်၊ ခက်တာက ငါမန်နေဂျာမရှိသေးဘူး ” ၊ “ ဒါလေးက အရမ်းချစ်စရာကောင်းတာပဲ ၊ သစ္စာရှိပြီးအားကိုးရတဲ့ ဝန်ထမ်းရှိခြင်းက ဘုရားသခင်ရဲ့အကြီးမားဆုံးလက်ဆောင်တစ်ခုပါပဲ ၊ သူတို့ကို တန်ဖိုးထားပါ၊ သူတို့ကိုကောင်းချီးပေးပါ၊ သူတို့ကိုမြင့်တင်ပေးပါ၊ မင်းရဲ့လက်ရာအားလုံးကို မြင်တတ်တဲ့သူဌေးကြီးတစ်ယောက်ရှိနေခြင်းကလည်း အခြားကောင်းချီးတစ်ခုပါဘဲ၊ ဒါက ငါ့ကိုစိတ်ခံစားမှုဖြစ်စေခဲ့တယ် ဘုရားသခင်ကောင်းချီးပေးပါစေ ” ဟုတဲ့အပြုသဘောဆောင်မှတ်ချက်များစွာဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။
ဟုတ်ပါတယ် ၊ လုပ်ငန်းကြီးများအနေနဲ့ အလုပ်တစ်ခုပြီးမြောက်စေဖို့အတွက် သူဌေးကောင်းနှင့်ဝန်ထမ်းကောင်းတို့က အမြဲဒွန်တွဲနေဖို့ လိုအပ်ပါတယ်ဗျ။
Mia (Mckzone Daily)
Source : legit
Be the first to comment on "သူဌေးဆီကနေ Lexus ကားလက်ဆောင်ရလိုက်ပြီးနောက် မြင်သူတိုင်းအပျော်ကူးစက်သွားစေတဲ့အထိ အော်ဟစ်ရင်းငိုကြွေးခဲ့ရတဲ့ ဝန်ထမ်းတစ်ဦး"