၃နှစ်အရွယ်ညီလေးရဲ့သွေးကင်ဆာကုသမှုစရိတ်အတွက် ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်ခဲ့ရတဲ့ ကောင်လေး

မိသားစု၀င်များအကြားချစ်ခြင်းမေတ္တာသည်အမြဲတမ်းအခိုင်မာဆုံးနှောင်ကြိုးဖြစ်တာကြောင့် အသက် ၁၉ နှစ်အရွယ်တရုတ်ကျောင်းသားတစ်ဦးဟာ သူ၏ဖျားနေသော ၃ နှစ်အရွယ်ညီငယ်လေးအား ကယ်တင်ရန်သူဘာမဆိုလုပ်နိုင်ကြောင်းကို သက်သေပြခဲ့ပါတယ်။ ကျောင်းသား Ma ဟာ ဆင်းရဲသောမိသားစုမှဆင်းသက်လာခဲ့ပြီး ၎င်းတို့မိသားစုဟာ တရုတ်နိုင်ငံ Hubei ပြည်နယ်ရှိ ဆင်းရဲနွမ်းပါးသောကျေးရွာတစ်ရွာတွင် နေထိုင်ကြပါတယ်။ Ma ၏မိသားစုဟာ ငွေရေးကြေးရေးအရရုန်းကန်နေခဲ့ရသည်နှင့်အမျှ Ma ၏ညီငယ်ဟာ သွေးကင်ဆာရောဂါခံစားနေရတာကိုစစ်ဆေးတွေ့ရှိတဲ့အခါ ၎င်းတို့အခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတော့တယ်။

ညီငယ်ဖြစ်သူကြောင့် Ma ဟာ ကျောင်းမှာ စာအရမ်းကြိုးစားခဲ့ပြီး သူဟာ ညီဖြစ်သူရဲ့ရောဂါကိုပျောက်ကင်းအောင် ကုသနိုင်မဲ့ဆရာဝန်တစ်ဦးဖြစ်လိုကြောင်းကို “ ကျွန်တော် ဆေးကျောင်းကို မဖြစ်မနေတက်ကိုတက်ရမယ် ၊ အဲဒါမှ ကျွန်တော့်ညီလေးကို ကုသနိုင်မယ့်အခွင့်အလမ်းရှိမှာ” ဟုပြောကြားခဲ့ပါတယ်။

သူဟာ နောက်ဆုံးစာမေးပွဲတွင် အမှတ်ပေါင်း ၄၅၆ မှတ် ရရှိခဲ့ပါတယ်။ Ma ဟာ ညီဖြစ်သူကို ကယ်ရန်စိတ်ပိုင်းဖြတ်ထားခဲ့တာကြောင့် စာမေးပွဲကြီးပြီးတဲ့နောက် သူ့အိမ်အနီးအနားရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဆောက်လုပ်ရေးလုပ်သားအဖြစ် စတင်အလုပ်ဝင်လုပ်ခဲ့ပါတယ်။

Ma ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အလုပ်ဝင်လုပ်နေစဉ် သူ၏အသက် ၈၀ အရွယ်အဖွားက ဖျားနာနေတဲ့ညီဖြစ်သူကို ဂရုစိုက်ပေးရပြီး မိဘများကလည်း အသက်မွေးရန်နှင့် ၎င်းတို့၏ဖျားနေတဲ့သားလေးအတွက် ငွေစုဆောင်းရန် ကိုယ်စီအလုပ်ထွက်လုပ်ကြရပါတယ်။

Ma ဟာ ဆောက်လုပ်ရေးလုပ်ငန်းတွင်တစ်ရက်လျှင် ယွမ် ၁၀၀ (ဒေါ်လာ ၁၆ ) သာ၀ င်ငွေရှိပြီး ညီလေးအတွက် သူ၏လစာကို မသုံးဘဲ ချွေတာထားခဲ့ပါတယ်။

မကြာသေးမီက သူ၏ဇာတ်လမ်းဟာ လူမှုကွန်ရက်တွင်ပြန့်နှံ့သွားခဲ့ပြီးနောက် လှူဒါန်းပေးခဲ့ကြတဲ့လူအများရဲ့ကျေးဇူးကြောင့် နောက်ဆုံးတွင် Ma ဟာ ညီငယ်ရဲ့ကုသမှုအတွက် ငွေအလုံအလောက်ရရှိခဲ့ပါတယ်။

သူ့ဇာတ်လမ်းပျံ့သွားပြီးတဲ့နောက် ၂၄ နာရီအကြာတွင် Maဟာ ညီငယ်၏ကုသမှုအတွက် ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၉၃,၁၀၆ ) ကို လက်ခံရရှိခဲ့ရပါတယ်။ သတင်းကောင်းကို လက်ခံကြားသိလိုက်ရတဲ့အခါ Ma ဟာ မျက်ရည်များစီးကျကာ ဝမ်းသားစွာ ငိုကြွေးရင်း “ နောက်ဆုံးတော့ ကျွန်တော့် ညီလေးကို ကယ်နိုင်ပြီ ” ဟု အဆက်မပြတ် ရေရွတ်နေခဲ့ပါတယ်။

Ma ရဲ့ညီငယ်လေးရဲ့ရိုးတွင်းခြင်ဆီခွဲစိတ်မှုအောင်မြင်ပြီး အမြန်ဆုံး ပြန်ကျန်းမာလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ Ma လည်း ရည်မှန်းထားခဲ့တဲ့ ဆရာ၀န်တစ်ဦးဖြစ်လာပါစေလို့လည်း ဆုတောင်းနေမိပါတယ်။

Mia (Mckzone Daily)

Source : goodtimes

Be the first to comment on "၃နှစ်အရွယ်ညီလေးရဲ့သွေးကင်ဆာကုသမှုစရိတ်အတွက် ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်ခဲ့ရတဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*