အုပ်စုဖွဲ့မုဒိမ်းပြုကျင့်ခံခဲ့ရတဲ့ ဆွံ့အ နားမကြားမိန်းကလေးက ခြေဟန်လက်ဟန်ဖြင့်ဖခင်ဖြစ်သူကို ပြန်တိုင်ကြားခဲ့ရတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Kota Kinabalu မြို့မှညနေထိုင်တဲ့ အသက် 18နှစ်အရွယ် ဆွံအ နားမကြာမိန်းမငယ်လေးဟာပြီးခဲ့တဲ့ရက်ပိုင်းက ဆယ်ကျော်သက်ကောင်လေး 3ယောက်ရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းကိုခံခဲ့ရပါတယ် ။ ထို့အပြင် အဆိုပါကောင်မလေးကို သူမရဲ့အိမ်အနီးအနားတွင်ပဲ မုဒိမ်းပြုကျင့်ခဲ့ကြတာဖြစ်ပြီး ၊ သူမရဲ့ဖခင်ဖြစ်သူက သူမကိုနေအိမ်ရဲ့အနီး မီတာ 20 အကွာမှာရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။

ုဖြစ်စဉ်ကတော့ ဖခင်ဖြစ်သူဟာည 2 နာရီအချိန်မှာ သမီးဖြစ်သူပျောက်ဆုံးနေကြောင်း သတိထားမိခဲ့ချိန်မှာတော့ ၊ သမီးဖြစ်သူကို လိုက်လံရှာဖွေခဲ့ပြီးနောက် သမီးဖြစ်သူကို နေအိမ်နှင့်သိပ်မဝေးကွာတဲ့နေရာတွင်းရှိ မြေပြင်ပေါ်မှာငိုလျက်ထိုင်နေခဲ့တာကိုတွေ့ရှိခဲ့ပါတယ် ။ ထို့နောက်သမီးဖြစ်သူဟာ သူမကြုံတွေ့ခဲ့ရတဲ့ ဆိုးဝါးလွန်းတဲ့အဖြစ်အပျက်ကို ဖခင်ဖြစ်သူထံ ခြေဟန်လက်ဟန်ဖြင့်ပြန်တိုင်ကြားခဲ့ပါတယ် ။ ထို့ကြောင့် အနီးအနားရှိတဲအိမ်လေးကို ဖခင်ဖြစ်သူ ရှာဖွေစစ်ကြည့်ခဲ့ချိန်မှာတော့ ကောင်လေး 4 ယောက်ကိုတွေ့ရှိခဲ့ပြီး ၊ 3ယောက်မှာတော့ သူမကိုမုဒိမ်းကျင့်ခဲ့သူဖြစ်ကြောင်း သမီးဖြစ်သူကဖော်ထုတ်ခဲ့ပါတယ် ။

ထို့နောက် အဆိုပါဆယ်ကျော်သက်ကောင်လေး 3ယောက်ကိုရဲအရာရှိများက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် 7 ရက်ကြာထိန်းသိမ်းပြီး စစ်ဆေးမှုများ ခံယူရမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ထို့အပြင် ဆွံ့အနားမကြားမိန်းကလေးမှာတော့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အုပ်စုဖွဲ့မုဒိမ်းပြုကျင့်ခံခဲ့ရတဲ့ ဆွံ့အ နားမကြားမိန်းကလေးက ခြေဟန်လက်ဟန်ဖြင့်ဖခင်ဖြစ်သူကို ပြန်တိုင်ကြားခဲ့ရတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*