အိမ်မက်ထဲကအတိုင်း ချောမောကြည့်ကောင်းတဲ့ကိုးရီးယားအမျိုးသားတစ်ဦးနှင့် အပြင်မှာတွေ့ဆုံခွင့်ရခဲ့ပြီး လက်ထပ်ခွင့်ပါရရှိခဲ့တဲ့ အမျိုးသမီး

အသက် ၂၉ နှစ်အရွယ် Vera Nanda Putri အင်ဒိုနီးရှားအမျိုးသမီးတစ်ဦး ဟာ တောင်ကိုးရီးယားရဲ့နာမည်ကြီးများနှင့် K-pop ယဉ်ကျေးမှုကို စွဲလမ်းသော အမျိုးသမီးများနှင့်မကွဲပြားပါဘူး။ သူမဟာ တောင်ကိုးရီးယားတီဗီရှိုးမျိုးစုံကြည့်ရတာကိုနှစ်သက်ပြီး Running Man က သူမအကြိုက်ဆုံးအစီအစဉ်ထဲက တစ်ခုပါဘဲ။ သူမဟာ တောင်ကိုးရီးယားယဉ်ကျေးမှုကို မယုံနိုင်လောက်အောင်စိတ်ဝင်စားလာတဲ့အတွက် ၎င်းတို့ရဲ့ယဉ်ကျေးမှုအကြောင်းအား ပိုမိုလေ့လာဖို့နှင့် ၎င်းတို့ရဲ့ဘာသာစကားကိုပိုမိုလေ့လာတတ်ကျွမ်းစေဖို့အတွက် တောင်ကိုးရီးယားသို့ သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ တောင်ကိုးရီးယားမှာရှိနေစဉ် Jun အမည်ရှိအမျိုးသားတစ်ဦးနှင့်တွေ့ဆုံခဲ့ပါတယ်။

အစပိုင်းတော့ ၎င်းတို့နှစ်ဦးက ပေါ့ပေါ့ပါးပါး သူငယ်ချင်းဆက်ဆံရေးအဖြစ်စတင်ခဲ့ကြပြီး အတူတကွအချိန်ဖြုန်းခဲ့ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးလာခဲ့ကြပါတယ်။ Jun ဟာကျော်ကြားသူတစ်ဦးရဲ့ရုပ်ရည်ကိုယှဉ်နိုင်လောက်တဲ့ graphic designer ဖြစ်ပြီး Vera ဟာ သူ့အားချက်ချင်းပင် ဆွဲဆောင်စေခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ၎င်းတို့ဟာ ဒိတ်လုပ်ခဲ့ကြပြီး Vera က သူမတို့နှစ်ဦးရဲ့ပုံတွေကို ဝေမျှတဲ့အခါ သူမရဲ့social media က သူမအား အဆိုးမြင်မှုများစွာဖြင့် တုံပြန်ခဲ့ကြပါတယ်။ သူမဟာ လှောင်ပြောင်ခြင်းနှင့်ခြိမ်းခြောက်ခြင်းတို့နှစ်ခုလုံးကို ခံခဲ့ရပါတယ်။ Netizen အချို့ကသူမတို့ရဲ့ဆက်ဆံရေးက ဟာသတစ်ခုလို့ထင်ပြီး တစ်ချို့ကလည်း Jun က သူမနဲ့မထိုက်တန်ဘူးလို့ ပြောခဲ့ကြပါတယ်။

၎င်းမကောင်းတဲ့အင်တာနက်အသုံးပြုသူတွေအားလုံးက သူမတို့ရဲ့ဆက်ဆံရေးဟာ ကြာရှည်မခံဘူးလို့လည်း ထင်ကြေးပေးခဲ့ကြပါတယ်။ Jun က Vera ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့အခါမှာတော့ ၎င်းတို့အားဝေဖန်ခဲ့တဲ့အင်တာနက်သုံးစွဲသူများကို ထိတ်လန့်သွားစေခဲ့ပါတယ်။

ထို့အပြင် Jun ဟာ ၎င်းတို့ရဲ့သမီးကိုလက်ထပ်ခွင့်ပြုဖို့နှင့် ၎င်းတို့ရဲ့ကောင်းချီးအတွက် ခွင့်တောင်းဖို့ကိုတောင်မှ သူမရဲ့မိဘများထံသို့ ကြိုတင်ဖုန်းဆက်ထားခဲ့ပြီးဖြစ်ပါတယ်။

Vera ဟာ သူမရင်ဆိုင်နေရသည့်အတားအဆီးများကြားမှသူမ၏အိပ်မက်ထဲကယောက်ျားနှင့်လက်ထပ်ခွင့်ရသည့်အတွက် အလွန်ပင်ပျော်ရွှင်ခဲ့ရပါတယ်။ Jun ဟာ ဇနီးဖြစ်သူ၏ဘ၀နောက်ခံကိုနားလည်နိုင်ရန် အစ္စလာမ်၏သွန်သင်ချက်များကို ပိုမိုလေ့လာသင်ယူခဲ့ပါသေးတယ်။

ထို့နောက် Vera ဟာ သူမ၏မိသားစုဝင်များနှင့်တွေ့ဆုံရန် Jun အား Jakarta မြို့သို့ခေါ်ပြန်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီသို့ရောက်တာနဲ့ Jun ဟာ သူမရဲ့မိသားစုဝင်နဲ့သူငယ်ချင်းများရှေ့မှာ Vera ကို တရားဝင် ချစ်ခွင့်ပန်ကာ လက်ထပ်ပွဲကျင်းပခဲ့ကြပါတယ်။ ထို့အပြင် ၎င်းတို့ဟာ တောင်ကိုးရီးယား၌ကိုးရီးယားထုံးစံအတိုင်း ဒုတိယမြောက်မင်္ဂလာပွဲအခမ်းအနားတစ်ခုကိုလည်း ထပ်မံပြုလုပ်ခဲ့ပါတယ်။

Vera ၏ Instagram တွင်မျှဝေထားခဲ့တဲ့ဓာတ်ပုံများတွင် ၎င်းတို့ချစ်သူစုံတွဲဟာ ၎င်းတို့၏စေ့စပ်ပွဲအခမ်းအနားများအတွက် အင်ဒိုနီးရှားနှင့်ကိုးရီးယားရိုးရာဝတ်စုံများကိုဝတ်ဆင်ထားခဲ့ကြသည်ကို တွေ့မြင်နိုင်ပါတယ်။

၎င်းတို့ရဲ့အချစ်ဇာတ်လမ်းကထူးခြားခဲ့လွန်းလို့ သမ္မတဟောင်း Susilo Bambang Yudhoyono နှင့် သူ့ဇနီး Ani Yudhoyono တို့က ၎င်းအခမ်းအနားကို တက်ရောက်ခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)

Source : goodtimes

Be the first to comment on "အိမ်မက်ထဲကအတိုင်း ချောမောကြည့်ကောင်းတဲ့ကိုးရီးယားအမျိုးသားတစ်ဦးနှင့် အပြင်မှာတွေ့ဆုံခွင့်ရခဲ့ပြီး လက်ထပ်ခွင့်ပါရရှိခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*