အမျိုးသား 4 ယောက်နဲ့အတူ ဓာတ်ပုံရိုက်ကာ social media ပေါ်ဝေမျှခဲ့လို့ အလုပ်မှထုတ်ပယ်ခံရတဲ့အထိ ဝေဖန်ခံခဲ့ရတဲ့ အမျိုးသမီး


.

.

.

.

Mia (Mckzone Daily)

Source : sanook

.

.

.

.

Unicode

ထိုင်းအမျိုးသမီးတစ်ဦးက အင်္ကျီချွတ်ထားတဲ့လူငယ် ၄ ယောက်နဲ့ အတူ ဓာတ်ပုံရိုက်ကူးခဲ့ပြီး သူမရဲ့ ကိုယ်ပိုင် facebook acc မှာ တင်ခဲ့လိုက်ပါတယ် ။ သူမရဲ့ ဓာတ်ပုံတွေက လျင်မြန်စွာပြန့်နှံ့သွားပြီး မယားအများကြီးရှိတဲ့ယောကျာ်းကိုဘဲ ကြားဖူးပြီး ခင်ပွန်း ၄ယောက်ရှိတဲ့ မိန်းကလေးတစ်ဦးကို မကြားဖူးတာကြောင့် ဆိုရှယ်မီဒီယာမှာ ဝေဖန်ခြင်းခံခဲ့ရပါတယ် ။ Netizen များက ဒီပုံကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့ပြီး ဝေဖန်ပြစ်တင်ခဲ့ပါတယ် ။ ပုံများနဲ့ စာသားများကို ဝေမျှနေစဉ် လူမှုမီဒီယာမှာ အကြိမ် ၃၄၀၀၀ ကျော်နဲ့ မှတ်ချက် ၄၀၀၀ ကျော်ရရှိခဲ့ပြီး ဒီမိန်းမပျိုဟာ ခင်ပွန်း ၄ ယောက်နဲ့ အမှန်တကယ်နေထိုင်တယ်လို့ လူများစွာကို ယုံကြည်စေခဲ့ပါတယ် ။ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ခဲ့ပြီး ဇာတ်လမ်းရဲ့ နောက်ကွယ်မှာ သတင်းအချက်အလက်များအရ ဒီpost ပိုင်ရှင်က သူမရင်းနှီးတဲ့ သူငယ်ချင်းတွေ နဲ့ အပြင်ထွက်နေစဉ် ဓာတ်ပုံတစ်ပုံကို ရိုက်ယူခဲ့တာပါ ။ ပြီးတော့အဲဒါကို လူမှုမီဒီယာပေါ်မှာဖြန့်ပြီး Facebookပေါ်က လူတွေ ဟာသတစ်ခုလို့ ထင်နေတဲ့အချိန်မှာ သူမက ခင်ပွန်းတစ်ယောက်သာရှိခဲ့တာပါ ။ ဒါပေမယ့် နားလည်မှုလွဲတဲ့သူတွေအများကြီးရှိပြီး ဆုံးရှုံးမှုဖြစ်စေတဲ့အထိ ဝေဖန်ခံရပြီး နောက်ဆုံးမှာ မသင့်တော်ဟု အပြစ်တင်ခံရခြင်းကြောင့် သူမရဲ့ အချိန်ပြည့်အလုပ်ကပါ ပယ်ထုတ်ခြင်းကို ခံလိုက်ရပါတယ် ။

Mia (Mckzone Daily)

Be the first to comment on "အမျိုးသား 4 ယောက်နဲ့အတူ ဓာတ်ပုံရိုက်ကာ social media ပေါ်ဝေမျှခဲ့လို့ အလုပ်မှထုတ်ပယ်ခံရတဲ့အထိ ဝေဖန်ခံခဲ့ရတဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*