.
.
.
.
.
JRose (Mckzone Daily)
Source : sanook
Unicode
မျက်ရည်များနဲ့ ပြည့်စေတဲ့ ဝမ်းနည်းစရာ သတင်းတစ်ခုဟာ သတို့သမီီးတစ်ဦးက pre-wedding ဓာတ်ပုံရိုက်ဖို့ စီစဥ်ထားပေမဲ့ မကြာသေးမီကဘဲ သတို့သားက ရုတ်တရက်သေဆုံးသွားလို့ သူ့ရဲ့ ဓာတ်ပုံကိုသာ ကိုင်ပြီးအထီးကျန်စွာ ရိုက်ကူးခဲ့ရပါတယ် ။ ဓာတ်ပုံဆရာတစ်ဦးက ဒီကြင်စဦး ဇနီးမောင်နှံနှစ်ဦးရဲ့ အချစ်နဲ့ နှောင်ကြိုးဇာတ်လမ်းကို လူမှုမီဒီယာမှာ ဝေမျှပြီး ပျံ့နှံ့သွားခဲ့ပါတယ် ။ သတို့သားဟာ ရုတ်တရက်သေဆုံးပြီးနောက် ယခုနှစ်ကုန်မှာ ကျင်းပရန်စီစဉ်ထားတဲ့ မင်္ဂလာဆောင်အစီအစဉ်များကို စွန့်လွှတ်ခဲ့ရပါတယ် ။
သို့ပေမဲ့ သတို့သမီးက မင်္ဂလာဆောင်မတိုင်မီဓာတ်ပုံရိုက်ခြင်းဖြင့် သတို့သားကို နှလုံးသားအတွက် ကတိတစ်ခုပေးပြီး ထာဝရတည်တံ့ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာကို ပြသရန် ရည်ရွယ်ချက်ကို ဆက်လက်သယ်ဆောင်လိုတာကြောင့် သတို့သားရဲ့ ဓာတ်ပုံနဲ့ ရိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ ။ သတို့သားက နှလုံးရောဂါနဲ့ဆုံးသွားပြီး သတို့သမီးရဲ့ နှလုံးသားက ကြေကွဲနေခဲ့ရပါတယ် ။ ဒီစုံတွဲရဲ့ ဝမ်းနည်းစရာနဲ့ ထိထိမိမိ အကြောင်းကို လူငယ်ဓာတ်ပုံဆရာ Surasak Wongwien က ဝေမျှခဲ့တာပါ ။ လူအများကသတို့သမီးနဲ့ ထပ်တူဝမ်းနည်းကြောင်း ပြေဆိုလာပြီး စုံတွဲတစ်တွဲရဲ့အချစ်အတွက် အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ လူငယ်ဓာတ်ပုံဆရာကိုလည်း ကျေးဇူးတင်နေကြပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "မင်္ဂလာမဆောင်ခင် သေဆုံးသွားခဲ့တဲ့ သတို့သားရဲ့ဓာတ်ပုံနဲ့အတူ pre-wedding photo ကို အထီးကျန်စွာ ရိုက်ကူးခဲ့ရတဲ့ သတို့သမီး"