ဖခင္ျဖစ္သူက မိခင္ကိုပုတင္ေပါက္ကေနပစ္ခ်ခဲ့ရာမွ မိခင္၏အသက္ကိုကယ္ဆယ္ေပးႏိုင္ခဲ့တဲ့ သမီးငယ္ရဲ႕လုပ္ရပ္

စင္ကာပူႏိုင္ငံမွာေနထိုင္တဲ့ အသက္ 48 ႏွစ္အရြယ္ Taxi ေမာင္းတဲ့အမ်ိဳးသားတစ္ဦးဟာ သူ၏ အသက္ 29 ႏွစ္အရြယ္ဗီယက္နမ္နိုင္ငံသူဇနီးသည္ႏွင့္ ေငြေရးေၾကးေရးကိစၥႏွင့္ပက္သက္ၿပီး ရန္ျဖစ္စကားမ်ားၾကရာမွ 9လႊာမွာ႐ွိတဲ့တိုက္ခန္းရဲ႕ ပုတင္းေပါက္ကေန ဇနီးသည္ကို ပစ္ခ်ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားဟာ အိမ္ပိုင္ဝယ္ႏိုင္ဖို႔အတြက္ပိုက္ဆံစုေဆာင္းေနေပမဲ့ အဆိုပါပိုက္ဆံေတြကို ဇနီးသည္က ဗီယက္နမ္မွာ႐ွိတဲ့ ေဆြးမ်ိဳးေတြဆီေပးပို႔ခဲ့တဲ့အတြက္ ရန္ျဖစ္စကားမ်ားၾကရင္း ခင္ပြန္းျဖစ္သူက ဇနီးသည္ကို သြာေသလိုက္ဆိုၿပီးေျပာၾကားခဲ့ပါတယ္ ။

ထို႔ေနာက္ ဇနီးျဖစ္သူက သြားတိုက္ေနတုန္း အဆိုပါအမ်ိဳးသားဟာစိတ္မထိန္းႏိုင္ေတာ့ဘဲ ဇနီးျဖစ္သူကိုေပြ႔ခ်ီကာ မီးဖိုေခ်ာင္ရဲ႕ပုတင္းေပါက္ကေန ပစ္ခ်ခဲ့ပါတယ္ ။ ထို႔ေနာက္ ဇနီးသည္ဟာ အဝတ္ေလ်ွာ္စက္ကိုလွန္းဆြဲထားလိုက္မိၿပီးေနာက္ သူမရဲ႕ခႏၶာကိုယ္တစ္ဝက္မွာ ေလထဲကိုေရာက္ေနခဲ့ပါၿပီ ။ အဆိုပါအျဖစ္အပ်က္ကို ေတြ႔ျမင္လိုက္တဲ့သမီးျဖစ္သူမွာ ” အေမ့ကို ကယ္ပါအံုး ” ဆိုၿပီး အနီးအနာ႐ွိတိုက္ခန္းမွ လူေတြကိုလိုက္လံၿပီး အကူအညီေတာင္းခံခဲ့ပါတယ္ ။

သမီးျဖစ္သူရဲ႕ ငိုယိုသံကိုၾကားေတာ့ အဆိုပါအမ်ိဳးသားဟာ သတိျပန္ဝင္လာခဲ့ၿပီး ၊ အျခားေသာအိမ္နီးခ်င္းမ်ားႏွင့္အတူ ဇနီးသည္ကို ပုတင္ေပါက္ကေနျပန္ဆြဲတင္ခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္ အိမ္နီးခ်င္တစ္ဦးက ခင္ပြန္းျဖစ္သူဟာ ဇနီးသည္ကိုပုတင္ေပါက္ကေနပစ္ခ်ဖို႔ႀကိဳးစားခဲ့ေၾကာင္း ရဲဌာနသို႔တိုင္ၾကားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သမီးေလး၏ ေအာ္ဟစ္အကူအညီေတာင္သံေၾကာင့္ ဖခင္ျဖစ္သူဟာျပန္ၿပီးသတိဝင္လာခဲ့တဲ့အျပင္ ၊ မိခင္ျဖစ္သူကိုလည္း အိမ္နီးခ်င္းတိုက္ခန္းမ်ားက လာေရာက္ၿပီးကယ္ဆယ္ေပးႏိုင္ခဲ့ၾကပါတယ္ ။ လက္႐ွိမွာေတာ့ အဆိုပါအမ်ိဳးသားကိုရဲအရာရွိမ်ားကဖမ္းဆီးထိန္းသိမ္းထားၿပီး စစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္ေနလ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ အသက် 48 နှစ်အရွယ် Taxi မောင်းတဲ့အမျိုးသားတစ်ဦးဟာ သူ၏ အသက် 29 နှစ်အရွယ်ဗီယက်နမ်နိုင်ငံသူဇနီးသည်နှင့် ငွေရေးကြေးရေးကိစ္စနှင့်ပက်သက်ပြီး ရန်ဖြစ်စကားများကြရာမှ 9လွှာမှာရှိတဲ့တိုက်ခန်းရဲ့ ပုတင်းပေါက်ကနေ ဇနီးသည်ကို ပစ်ချခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ အိမ်ပိုင်ဝယ်နိုင်ဖို့အတွက်ပိုက်ဆံစုဆောင်းနေပေမဲ့ အဆိုပါပိုက်ဆံတွေကို ဇနီးသည်က ဗီယက်နမ်မှာရှိတဲ့ ဆွေးမျိုးတွေဆီပေးပို့ခဲ့တဲ့အတွက် ရန်ဖြစ်စကားများကြရင်း ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သွာသေလိုက်ဆိုပြီးပြောကြားခဲ့ပါတယ် ။

ထို့နောက် ဇနီးဖြစ်သူက သွားတိုက်နေတုန်း အဆိုပါအမျိုးသားဟာစိတ်မထိန်းနိုင်တော့ဘဲ ဇနီးဖြစ်သူကိုပွေ့ချီကာ မီးဖိုချောင်ရဲ့ပုတင်းပေါက်ကနေ ပစ်ချခဲ့ပါတယ် ။ ထို့နောက် ဇနီးသည်ဟာ အဝတ်လျှော်စက်ကိုလှန်းဆွဲထားလိုက်မိပြီးနောက် သူမရဲ့ခန္ဓာကိုယ်တစ်ဝက်မှာ လေထဲကိုရောက်နေခဲ့ပါပြီ ။ အဆိုပါအဖြစ်အပျက်ကို တွေ့မြင်လိုက်တဲ့သမီးဖြစ်သူမှာ ” အမေ့ကို ကယ်ပါအုံး ” ဆိုပြီး အနီးအနာရှိတိုက်ခန်းမှ လူတွေကိုလိုက်လံပြီး အကူအညီတောင်းခံခဲ့ပါတယ် ။

သမီးဖြစ်သူရဲ့ ငိုယိုသံကိုကြားတော့ အဆိုပါအမျိုးသားဟာ သတိပြန်ဝင်လာခဲ့ပြီး ၊ အခြားသောအိမ်နီးချင်းများနှင့်အတူ ဇနီးသည်ကို ပုတင်ပေါက်ကနေပြန်ဆွဲတင်ခဲ့ပါတော့တယ် ။ ထို့နောက် အိမ်နီးချင်တစ်ဦးက ခင်ပွန်းဖြစ်သူဟာ ဇနီးသည်ကိုပုတင်ပေါက်ကနေပစ်ချဖို့ကြိုးစားခဲ့ကြောင်း ရဲဌာနသို့တိုင်ကြားခဲ့ပါတယ် ။ သို့ပေမဲ့လည်း သမီးလေး၏ အော်ဟစ်အကူအညီတောင်သံကြောင့် ဖခင်ဖြစ်သူဟာပြန်ပြီးသတိဝင်လာခဲ့တဲ့အပြင် ၊ မိခင်ဖြစ်သူကိုလည်း အိမ်နီးချင်းတိုက်ခန်းများက လာရောက်ပြီးကယ်ဆယ်ပေးနိုင်ခဲ့ကြပါတယ် ။ လက်ရှိမှာတော့ အဆိုပါအမျိုးသားကိုရဲအရာရှိများကဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများဆက်လက်ပြုလုပ်နေလျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဖခင္ျဖစ္သူက မိခင္ကိုပုတင္ေပါက္ကေနပစ္ခ်ခဲ့ရာမွ မိခင္၏အသက္ကိုကယ္ဆယ္ေပးႏိုင္ခဲ့တဲ့ သမီးငယ္ရဲ႕လုပ္ရပ္"

Leave a comment

Your email address will not be published.


*