တရားမဝင်တင်သွင်းလာတဲ့ ဈေးအကြီးစား ဇိမ်ခံကား၂၁ စီးကို ဖျက်ဆီးခဲ့တဲ့ အခွန်ကောက်ခံသူများ



.

.

.

.

.

.

JRose (Mckzone Daily)

Source : thainewsonline

Unicode

ဖိလစ်ပိုင်နိုင်ငံက မော်တော်ယာဥ်များတင်သွင်းမှု အခွန်ကောက်သူများက မနီလာနဲ့ Cagayan de Oro တို့မှာ ဇိမ်ခံကား ၂၁ စီးကိုဘတ် ၅၈.၅ သန်း (သို့) ဘတ် ၃၈ သန်းခန့် မှော်ခိုတင်သွင်းခဲ့တယ်လို့ ဆိုပါတယ် ။ ဆိပ်ကမ်းများစွာမှ ထိုကဲ့သို့သော ဇိမ်ခံကားများကို ဖမ်းဆီးရမိခဲ့တာပါ ။ McLaren 620R, Hyundai Genesis, Bentley 2007, Porsche 911 C2S နဲ့ Mercedes-Benz ကဲ့သို့ အသစ်နဲ့ အသုံးပြုပြီးကားများ ဖြစ်ပါတယ် ။ ၎င်းတို့အားလုံးဟာ ၂၀၁၈ မှ ၂၀၂၀ ကာလအတွင်း မတူညီတဲ့အဖွဲ့ ဝင်များမှတဆင့် နိုင်ငံအတွင်းသို့ တရားမဝင် ခိုးသွင်းခြင်းခံရတာပါ ။

ဖိလစ်ပိုင်သမ္မတရို ဒရီဂိုဒူတာတေးရဲ့ အမိန့်က မှောင်ခိုမော်တော်ယာဉ်များကို ဖျက်ဆီးပစ်ရန်လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ် ။ ဖိလစ်ပိုင်အခွန်ကောက် ဦးစီးဌာနက ယခုအချိန်မှာ ခိုးသွင်းထားတဲ့ ဇိမ်ခံကားများကိုဖျက်ဆီးခဲ့လိုက်ပါတယ် ။ ဒါက ဒီနှစ်မှာ ဒုတိယအကြိမ်ဖြစ်ပါတယ် ။ ယခင်က ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၉ ရက်မှာ ဇိမ်ခံကား ၁၇ စီးကိုလည်း ဖျက်စီးခဲ့ပါပြီ ။

JRose (Mckzone Daily)

Be the first to comment on "တရားမဝင်တင်သွင်းလာတဲ့ ဈေးအကြီးစား ဇိမ်ခံကား၂၁ စီးကို ဖျက်ဆီးခဲ့တဲ့ အခွန်ကောက်ခံသူများ"

Leave a comment

Your email address will not be published.


*