.
.
.
.
.
JRose (Mckzone Daily)
Source : thainewsonline
Unicode
အချစ်ရဲ့စွမ်းအားဆိုတဲ့အတိုင်း အသက် ၇၆ နှစ်အရွယ်ဦးလေးက ပြင်းထန်စွာ နာမကျန်းဖြစ်နေတဲ့ ဇနီးသည်ကို စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပြုစုနေခဲ့ပါတယ် ။ တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ်၊ Xueluo ကျေးရွာမှ အသက် ၇၆ နှစ်အရွယ် Mr. Luo Anmin လို့ခေါ်တဲ့ အဘိုးအိုတို့ ဇနီးမောင်နှံရဲ့ ထိထိမိမိသတင်းကို ထုတ်ဖော်ပြသလာခဲ့ပါတယ် ။ Wan Zhaolian လို့ အမည်ရတဲ့ အဘိုးရဲ့ ဇနီးက ဦး နှောက်ကင်ဆာဖြစ်နိုင်ခြေရှိခဲ့ပြီး Sleeping Beauty ဖြစ်လာကာ Luo ဟာ သူ့ရဲ့ဇနီးကို အလျှော့မပေးဘဲ ဂရုစိုက်ရန် ခွန်အားကို မြှင့်တင်ခဲ့ပါတယ် ။ သူက တစ်နေ့သူမပြန်ကောင်းလာမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ Wan ကို နေ့တိုင်းနှိပ်နယ်ပေးနေခဲ့တာပါ ။ Luo ရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုတန်ခိုးက အံ့ဖွယ်မှုတစ်ခုဖြစ်လာခဲ့ပါတယ် ။
Wan ဟာ မကြာသေးခင်ကဘဲ Sleeping Beauty မှ ပြန်လည်သက်သာလာခဲ့သော်လည်း ပုံမှန်အတိုင်းစကားမပြောနိုင်၊ လမ်းမလျှောက်နိုင်သေးပါ ။ ဒါပေမယ့် ဒီပြောင်းလဲမှုက ခင်ပွန်းဖြစ်သူ Luo ရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ ပိုဖြည့်ပေးခဲ့ပါတယ် ။ အဘိုးအိုက သူ့မိန်းမကို အရမ်းချစ်ကြောင်း ကျွန်တော်တို့ ကောက်ချက်ချနိုင်ပါတယ် ။ အဘိုးက သူမအနားမှာ ရှိနေပြီး သူမအသက်ရှူနေသမျှ Wan ကိုကောင်းကောင်းဂရုစိုက်ပါလိမ့်မယ် ။ ကြောက်ရွံ့ခြင်းဟာ Wan ဘဝမှာ Luo က သူမအတွက် နွေးထွေးတဲ့ အမိုးအကာ ပမာပင်ဖြစ်ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "ဇနီးဖြစ်သူ နာမကျန်ဖြစ်တဲ့အချိန်မှာ တစ်ကယ့်အချစ်စစ်တွေထုတ်ဖော်ပြသပြီးဂရုတစိုက်ပြုစုပေးခဲ့တဲ့ အဘိုးအို"