ဓာတ်ဆီပန့်ကနေ ဓာတ်ဆီတွေကို ကြွတ်ကြွတ်အိတ်နဲ့ထည့်ပြီး အားရပါးရ သယ်ထုတ်နေတဲ့အမျိုးသမီး ( ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ခါတစ်လေ စီးလာတဲ့ကားက ဓာတ်ဆီးလုံးဝပျက်တောက်သွားလို့ ၊ ထည့်စရာမရှိလို့ဆိုပြီး ကြွတ်ကြွတ်အိတ်တွေနဲ့ ဓာတ်ဆီတွေလာထည့်တယ်ဆိုရင်လည်း မပြောလိုပါဘူး ။ ဒါပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ဆီးလာသယ်ထုတ်တဲ့ပုံစံကတော့ ကိုယ်တွေ တွေးထင်မိတာထက် နည်းနည်းတော့ပိုနေတယ်လို့ ပြောရမှာပါပဲ ။ အဆိုပါ တရုတ်အမျိုးသမီးဟာ အမေရိကန် Texas ပြည်နယ် ၊ Houston မြို့ရဲ့ဓာတ်ဆီဆိုင်မှ ဓာတ်ဆီတွေကိုကြွတ်ကြွတ်အိတ်နဲ့ထည့်သယ်ပြီးနောက် သူမရဲ့ကားနောက်ဖုံးထဲ ထည့်နေခဲ့တာကို အခြား customer တစ်ယောက်က video ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။

Video ထဲမှာတော့ သူမဟာ ဓာတ်ဆီပန့်ကနေ ဆီတွေကိုအိတ်နဲ့အပြည့်ထည့်မိခဲ့လို့ ဓာတ်ဆီတွေကပိုလျှံပြီး ဖိတ်ကျနေခဲ့တာကြောင့် သူမဟာ အခြားအိတ်တစ်ခုကို ထပ်ယူပြီးနောက် ဓာတ်ဆီအိတ်ကိုထပ်ပြီးထည့်ခဲ့ရပါတယ် ။ ထို့နောက်သူမဟာ အဆိုပါအိတ်ကို သူမရဲ့ကားနောက်ဖုံးထဲသို့ ထည့်ပြန်သွားခဲ့ပါတယ် ။

သူမရဲ့ဝတ်စားထားတဲ့ပုံစံက စားသောက်ဆိုင်တစ်ခုခုမှဝန်ထမ်းတစ်ယောက်ဖြစ်ပုံရပြီး ၊ သူမရဲ့လုပ်ရပ်ဟာ အနည်းငယ်ထူးဆန်းလွန်းသောကြောင့် ယခုကဲ့သို့ video ရိုက်ကူးခဲ့ရတာဖြစ်ကြောင်း video ရိုက်ကူးခဲ့တဲ့အမျိုးသားက ပြောဆိုထားပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဓာတ်ဆီပန့်ကနေ ဓာတ်ဆီတွေကို ကြွတ်ကြွတ်အိတ်နဲ့ထည့်ပြီး အားရပါးရ သယ်ထုတ်နေတဲ့အမျိုးသမီး ( ရုပ်သံ)"

Leave a comment

Your email address will not be published.


*