JRose (Mckzone Daily)
Source : thainewsonline
Unicode
ကောင်းတာလုပ်ခြင်းကို ကျွန်တော်တို့တတွေ တန်ဖိုးထားရပါမယ် ။ ကုန်စုံဆိုင်စာရေးတစ်ယောက်က ဆိုင်ထဲမှာ ရွှေဆွဲကြိုးကို တွေ့တော့ သူမက ဝှတ်ထားသိမ်းထားခြင်းမရှိဘဲ ဆိုင်ပိုင်ရှင်ကို CCTV မှာ မည်သူ့ပစ္စည်းကျန်ခဲ့ကြောင်း ရှာခိုင်းဖို့ ချက်ချင်းအကြောင်းကြားလိုက်တာကြောင့် Netizens များက သူမရဲ့ ရိုးသားမှုကို ချီးကျူးနေကြပါတယ် ။ ၎င်းဟာ ကပ်ရောဂါအကျပ်အတည်းနဲ့ ရင်ဆိုင်နေရစဉ် လူ့ဘောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကောင်းသော သတင်းများထဲမှ တစ်ခုဖြစ်ပါတယ် ။ Facebook သုံးစွဲသူတစ်ဦးက ဒီအထင်ကြီးစရာသတင်းတစ်ခုကို facebook အဖွဲ့သို့“ ဒီမှာ…ချမ်ဖုန်က ကုန်စုံဆိုင်မှာ ရွှေဆွဲကြိုးကို တွေ့ခဲ့တယ် ။ ဒါကို သူမက မသိမ်းဘဲ ပိုင်ရှင်ကို ချက်ချင်းရှာဖို့ CCTV မှာ ရှာရန် စတိုးဆိုင်မန်နေဂျာကို ချက်ချင်းအကြောင်းကြားခဲ့တာ ” ဆိုပြီး ဝေမျှခဲ့ပါတယ် ။
သူမရဲ့ရိုးသားမှာအကြောင်းကို ထုတ်ဝေပြီးတဲ့နောက်မှာ မှတ်ချက်ပေးဖို့နဲ့ ပြန်လည်ဝေမျှတဲ့သူတွေ အများကြီးရှိခဲ့ပါတယ် ။ Netizen များစွာက ဒီလူငယ်ဝန်ထမ်းရဲ့ရိုးသားမှုကို သူတို့တန်ဖိုးထားပြီး သူမကို လူ့အဖွဲ့အစည်းရဲ့ လူကောင်းတစ်ယောက်လို့ သတ်မှတ်ခဲ့ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "ဆိုင်မှာ ရွှေဆွဲကြိုးကိုတွေ့တာနဲ့ ပစ္စည်းပိုင်ရှင်ရှာဖို့ မန်နေဂျာကို ချက်ချင်းအကြောင်းကြားခဲ့တဲ့ ဆိုင်ဝန်ထမ်းရဲ့ရိုးသားမှုကို လူအများ ချီးမွမ်းနေကြ"