တစ်ချို့သူတွေအတွက် ချစ်တယ်လို့ ပြောရင်သေခြင်းတရားက သူ့ကို ဒီလူနဲ့မခွဲနိုင်ဘူးလို့ အခိုင်အမာခံယူထားတက်ကြတာပါ ။ အခုဖော်ပြမဲ့ မစ္စတာ Lee Van လို သင်လူတစ်ယောက်ကိုမလွဲမရှောင်ချစ်နိုင်လား ။ အသက် ၅၅ နှစ် လီဗန် (Lee Van)အမည်ရှိ ဗီယက်နမ်လူငယ်တစ်ဦးဟာ သူက သူ့ရဲ့ ဇနီးကို အလွန်ချစ်ပြီး ညတိုင်း သူ့မိန်းမကို ပွေ့ဖက်ရင်း အိပ်လေ့ရှိပါတယ် ။ မကြာခင်မှာ သူ့ဇနီးက ဆုံးသွားပြီး သူအပြည့်အဝ အိပ်မရတော့ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သူက သူ့ဇနီးမပါဘဲ မတက်တာကြောင့်ပါ ။
သူ့ရဲ့ ဇနီးကို သုသာန်မှာ မြေမြှပ်သင်္ဂြိုလ်ခဲ့ပြီး လပေါင်း ၂၀ ကျော် တစ်ယောက်တည်း အိပ်ခဲ့ရပါတယ် ။ လေနဲ့ မိုးတို့ ဒဏ်ခံရတဲ့ ပတ်ဝန်းကျင်နဲ့ ရာသီဥတုအခြေအနေများကြောင့် Lee ရဲ့ ကျန်းမာရေးက စိုးရိမ်စရာအထိ ဆိုးရွားခဲ့ပြီး Lee က သူမနဲ့အတူပြန်နေနိုင်ရန် သူဇနီးရဲ့လိုဏ်ခေါင်းတစ်ခုကို တူးဖို့ စိတ်ကူးရှိခဲ့ပါတယ် ။
Lee ရဲ့ကလေးများက ဒီ “ထူးဆန်းတဲ့စိတ်ကူး” ကို သိတဲ့အခါ Lee ရဲ့ကလေးများအားလုံးက သူ့အဖေဟာ သူ့အမေကို ချစ်တာကြောင် Lee ကိုမတားနိုင်ဘူးဆိုတာ သိပြီး နောက်ဆုံးမှာတော့ Lee က သူ့ဇနီးရဲ့ ရုပ်အလောင်းကို ပြန်တူးပြီး အိမ်ခေါ်ထားလိုက်ပါတယ် ။
Lee က စက္ကူအပိုင်းအစ အနည်းငယ်နဲ့ ရွှံ့စေးကိုသုံးပြီး သူမရဲ့ခန္ဓာကိုယ်၊ မျက်နှာတွေကို Mummy ကဲ့သို့ ခြုံဖို့ သုံးခဲ့ပါတယ် ။
အဲ့ဒီ့နောက်မှာတော့ Lee က သူ့ချစ်ဇနီးရဲ့ရုပ်အလောင်းနဲ့ အရင်လိုပဲပျော်ရွှင်စွာ အိပ်ခဲ့ပြီး သူက “ဇနီးရဲ့အလောင်းဟာ ၅ နှစ်ကျော်ပြီ” လို့ ဆိုခဲ့ပါတယ် ။
Lee က သူ့သားနဲ့အတူ သူ့မိန်းမကို သန့်ရှင်းတဲ့ အဝတ်အစားများဖြင့် ညတိုင်းလဲပေးပြီး Lee က သူ့ရဲ့ ချစ်ဇနီးရဲ့အလောင်းကို ပွေ့ဖက်ကာ အိပ်ပြီး သားဖြစ်သူကလည်း သူ့အမေကို ချစ်နေဆဲဖြစ်တာကြောင့် အမေရဲ့ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း အိပ်ခဲ့ပါတယ် ။
Lee စက္ကူနဲ့ ခြုံထားတဲ့ သူ့ဇနီးရဲ့ ရုပ်အလောင်းက စက္ကူစုတ်ဖြဲလိုက်တဲ့အခါ လက်မောင်းအောက်မှာ အရိုးတစ်ခုကိုတွေ့ရပါတယ် ။ ဒါဟာ အံ့သြဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလို့ ဆိုရမာပါဘဲ ။
JRose (Mckzone Daily)
Source : sanook
Be the first to comment on "ဇနီးသည်ရဲ့ရုပ်အလောင်းနဲ့အတူ ၅ နှစ်ကျော်ကျော် အတူတူအိပ်ခဲ့တဲ့ အမျိုးသားရဲ့ အံ့ဖွယ်ရာအချစ်"