မွေးမြူရေးလုပ်ရန် ငွေသားများစွာနဲ့ ဝယ်ခဲ့တဲ့ကျွဲတစ်ကောင်ကို ဆုံးရှုံးလိုက်ရလို့ ထိုင်ကာ ငိုယိုနေခဲ့တဲ့ အမျိုးသမီး



.

.

.

.

JRose (Mckzone Daily)

Source : sanook77

Unicode

စက်တင်ဘာလ ၇ ရက်နေ့မှာ သတင်းထောက်တစ်ဦးက လယ်သမားတစ်ဦးထံမှ ဗီဒီယိုတစ်ခုကို ရရှိခဲ့ပါတယ် ။ ဗီဒီယိုဖိုင်အတွင်းမှ တွေ့ရှိရတဲ့ လယ်သမားအမျိုးသမီးမှာ Yoo Meesiri အမည်ရှိတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးဖြစ်ပြီး ထိုင်းနိုင်ငံ Sikhoraphum ခရိုင်၊ Ban Kruat ကျေးရွာ မှာ နေထိုင်ခဲ့ပါတယ် ။ သူမက ဘတ်ငွေ ၅၀၀၀၀ နဲ့မွေးမြူရေးလုပ်ရန် ဝယ်ခဲ့တဲ့ ၇ နှစ်အရွယ်ကျွဲတစ်ကောင်ရဲ့ဘေးမှာ ထိုင်ပြီး ငိုနေခဲ့တာကို တွေ့ရပါတယ် ။ ဒီကျွဲဟာ Lumpyskin မှာ ၇ ရက်ဖျားပြီး သေဆုံးသွားခဲ့တာပါ ။ အစမှာကျွဲကို အစာကျွေးရန် ပိုင်ရှင်က ရေတွင်းထဲမှာထားခဲ့ပြီး ကျွဲစားဖို့ မြက်ရိတ်သွားခဲ့ပါတယ် ။

ကျွဲကို မြတ်ကျွေးဖို့ ပြန်လာတဲ့အခါမှာ ပိုင်ရှင်က ဒူးထောက်သည်အထိ ကျွဲတစ်ကောင်သေနေတာကို တွေ့ပြီး နောင်တတွေနဲ့ ငိုယိုကာ ထိုင်နေတာက ၎င်းဟာ မြင်တွေ့ရတဲ့ ဆွေမျိုးများနဲ့ လူများအတွက် အလွန်ကြေကွဲဖွယ်မြင်ကွင်းဖြစ်ပါတယ် ။ သူတို့က ကျွဲကို ကောင်းမွန်စွာ ဂရုစိုက်မစိုက်ခဲ့လို့ ယခုလိုဖြစ်ပျက်ခဲ့တာပါ ။ ဒါကြောင့် အိမ်မွေးတိရိစ္ဆာန်တွေဆိုပေမဲ့ ကိုယ့်ရဲ့ မိသားစုလို ဂရုစိုက်ပေးမှ သူတို့ကို မဆုံးရှုံးရမာလေ ။

JRose (Mckzone Daily)

Be the first to comment on "မွေးမြူရေးလုပ်ရန် ငွေသားများစွာနဲ့ ဝယ်ခဲ့တဲ့ကျွဲတစ်ကောင်ကို ဆုံးရှုံးလိုက်ရလို့ ထိုင်ကာ ငိုယိုနေခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*