ဝိုင္အတူတူထပ္ေသာက္ဖို႔ျငင္းလို႔ဆိုၿပီး သူငယ္ခ်င္းကို ဓားနဲ႔ခုတ္ခဲ့တဲ့အမ်ိဳးသား

ဒီအျဖစ္အပ်က္ကေတာ့ စင္ကာပူႏိုင္ငံမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီးတစ္အိမ္တည္းအတူေနၾကတဲ့ သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ အသက္31ႏွစ္အရြယ္ Li Yubao ႏွင့္ အသက္ 41ႏွစ္အရြယ္ Zhao Dong တို႔ဟာ ညစာအတူတူစားၾကရင္းကေန အစျပဳၿပီး စကားမ်ားရန္ျဖစ္ကာဓားခုတ္မႈအထိ ျဖစ္ပ်က္ခဲ့ၾကတာျဖစ္ပါတယ္ ။ ျဖစ္စဥ္ကေတာ့ Li ဟာ Zhao ကိုသူႏွင့္ဝိုင္ျဖဴအတူတူထပ္ေသာက္ရန္ေျပာၾကားခဲ့ေပမဲ့လည္း Zhao ဟာမူးေနၿပီ ထပ္မေသာက္ႏိုင္ေတာ့ေၾကာင္းေျပာဆိုၿပီး Li ရဲ႕ကမ္းလွမ္းခ်က္ကို ျငင္းဆိုခဲ့ပါတယ္ ။

Li ကလည္း Zhao ကိုသူႏွင့္အတူတူေသာက္ၾကရန္အတင္းေျပာဆိုရာမွ ေနာက္ဆံုးလံုးေထြးသတ္ပုတ္ၾကတဲ့ အထိျဖစ္သြားခဲ့ရာ Li ဟာမီးဖိုေခ်ာင္မွာ႐ွိတဲ့ ဓားကိုလွမ္းဆြဲယူၿပီးေနာက္ Zhao ၏မ်က္ႏွာတည့္တည့္ခုတ္ပစ္ဖို႔ ရြယ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း Zhao ဟာကိုယ့္ကိုကာကြယ္ရင္းႏွင့္ ဘယ္ဖက္လက္ေမာင္းေပၚအခုတ္ခံလိုက္ရပါတယ္ ။ ထို႔ေၾကာင့္ အျခားတစ္အိမ္တည္းအတူေန သူငယ္ခ်င္းတစ္ေယာက္က ဝင္ေရာက္ျဖန္ေျဖေပးခဲ့ၿပီးေနာက္ Zhao ကိုေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ပါတယ္ ။ Li မွာေတာ့ Zhao ကိုေဆးရံုသို႔လိုက္မပို႔ေပးဘဲ ေနအိမ္တိုက္ခန္းတြင္သာ က်န္ရစ္ေနခဲ့ပါတယ္ ။ Zhao မွာေတာ့ ေဆးကုသမႈအတြက္ ေဆးရံုကို 12 ရက္ခန္႔တက္ေရာက္ခဲ့ရပါတယ္ ။

အစပိုင္းမွာေတာ့ Zhao မွာ သူငယ္ခ်င္းျဖစ္သူ Li ရဲ႕အသက္ေမြးဝမ္းေက်ာင္းကိုထိခိုက္မည္ဆိုးေသာေၾကာင့္ အဆိုပါကိစၥကိုရဲအရာ႐ွိမ်ားထံတိုင္ၾကားျခင္းမ်ိဳးမ႐ွိေပမဲ့လည္း ၊ Li ဟာေနာက္ဆံုးအခ်ိန္ထိ ေဆးဝါးကုသစရိတ္ကိုပါေပးေဆာင္းျခင္းမ်ိဳးမ႐ွိခဲ့တဲ့အတြက္ Zhao ဟာ Li ကိုအမႈဖြင့္တိုင္ၾကားခဲ့လို႔ Li ဟာသူ၏အျပဳအမႈလုပ္ရပ္အတြက္ ေထာင္ဒဏ္ 10 လခ်မွတ္ခံခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ စင်ကာပူနိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတစ်အိမ်တည်းအတူနေကြတဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ အသက်31နှစ်အရွယ် Li Yubao နှင့် အသက် 41နှစ်အရွယ် Zhao Dong တို့ဟာ ညစာအတူတူစားကြရင်းကနေ အစပြုပြီး စကားများရန်ဖြစ်ကာဓားခုတ်မှုအထိ ဖြစ်ပျက်ခဲ့ကြတာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ Li ဟာ Zhao ကိုသူနှင့်ဝိုင်ဖြူအတူတူထပ်သောက်ရန်ပြောကြားခဲ့ပေမဲ့လည်း Zhao ဟာမူးနေပြီ ထပ်မသောက်နိုင်တော့ကြောင်းပြောဆိုပြီး Li ရဲ့ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပါတယ် ။

Li ကလည်း Zhao ကိုသူနှင့်အတူတူသောက်ကြရန်အတင်းပြောဆိုရာမှ နောက်ဆုံးလုံးထွေးသတ်ပုတ်ကြတဲ့ အထိဖြစ်သွားခဲ့ရာ Li ဟာမီးဖိုချောင်မှာရှိတဲ့ ဓားကိုလှမ်းဆွဲယူပြီးနောက် Zhao ၏မျက်နှာတည့်တည့်ခုတ်ပစ်ဖို့ ရွယ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း Zhao ဟာကိုယ့်ကိုကာကွယ်ရင်းနှင့် ဘယ်ဖက်လက်မောင်းပေါ်အခုတ်ခံလိုက်ရပါတယ် ။ ထို့ကြောင့် အခြားတစ်အိမ်တည်းအတူနေ သူငယ်ချင်းတစ်ယောက်က ဝင်ရောက်ဖြန်ဖြေပေးခဲ့ပြီးနောက် Zhao ကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ပါတယ် ။ Li မှာတော့ Zhao ကိုဆေးရုံသို့လိုက်မပို့ပေးဘဲ နေအိမ်တိုက်ခန်းတွင်သာ ကျန်ရစ်နေခဲ့ပါတယ် ။ Zhao မှာတော့ ဆေးကုသမှုအတွက် ဆေးရုံကို 12 ရက်ခန့်တက်ရောက်ခဲ့ရပါတယ် ။

အစပိုင်းမှာတော့ Zhao မှာ သူငယ်ချင်းဖြစ်သူ Li ရဲ့အသက်မွေးဝမ်းကျောင်းကိုထိခိုက်မည်ဆိုးသောကြောင့် အဆိုပါကိစ္စကိုရဲအရာရှိများထံတိုင်ကြားခြင်းမျိုးမရှိပေမဲ့လည်း ၊ Li ဟာနောက်ဆုံးအချိန်ထိ ဆေးဝါးကုသစရိတ်ကိုပါပေးဆောင်းခြင်းမျိုးမရှိခဲ့တဲ့အတွက် Zhao ဟာ Li ကိုအမှုဖွင့်တိုင်ကြားခဲ့လို့ Li ဟာသူ၏အပြုအမှုလုပ်ရပ်အတွက် ထောင်ဒဏ် 10 လချမှတ်ခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဝိုင္အတူတူထပ္ေသာက္ဖို႔ျငင္းလို႔ဆိုၿပီး သူငယ္ခ်င္းကို ဓားနဲ႔ခုတ္ခဲ့တဲ့အမ်ိဳးသား"

Leave a comment

Your email address will not be published.


*