.
.
.
JRose (Mckzone daily)
Reference : thainewsonline
Unicode
အသက် ၁၈ နှစ်အရွယ် အင်ဒိုနီးရှားသတို့သားဟာ အလုပ်မှရတဲ့ ငွေကိုချွေတာပြီး ၄ သန်း ကျော် တန်ဖိုးကြီးဇိမ်ခံကားတစ်စီးကို ဝယ်ယူပြီး မင်္ဂလာဆောင်သတို့သမီးကို surprise ပေးခဲ့ပါတယ် ။ ၎င်းဟာ စွဲမက်ဖွယ် သတင်းတစ်ပုဒ်ဖြစ်ပါတယ် ။ အသက် ၁၈ နှစ်အရွယ်သတို့သားကသတို့သမီးကို Ford Mustang ကားအမျိုးအစားကို မင်္ဂလာဆောင်လက်ဆောင်အဖြစ် surprise ပေးတဲ့အခါမှာ ထိုအမျိုးသမီးက အလွန်ထိတ်လန့်သွားပြီးမျက်ရည်များကို မထိန်းနိုင်ဘဲ ကျေးဇူးတင်နေမိခဲ့ပါတယ် ။ သတင်းအရ သတို့သားနဲ့ သတို့သမီးက အသက် ၁၈ နှစ်သာရှိသေးပြီး မလေးရှားမှာ အတူတကွ အလုပ်လုပ်ရင်း ငွေစုဆောင်းခဲ့တာပါ ။ သူတို့ရဲ့ အိမ်မက်တွေက မင်္ဂလာပွဲမတိုင်ခင်အထိ သူတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင်ကားတစ်စီးရှိချင်တယ်လို့ ဆိုခဲ့ပါတယ် ။
ယခင်က ၎င်းတို့ဟာ ဟောင်းနွမ်းတဲ့ကားဟောင်းတစ်စီး ဝယ်ရန် လုံလောက်တဲ့ငွေကိုစုနိုင်ခဲ့သော်လည်း ယောက်ျားဖြစ်သူက သူမကို ဤမျှကြီးမားတဲ့ အမျိုးအစားနဲ့ surprise ပေးလိမ့်မယ်လို့ မခင်ခဲ့ဘူး ဆိုပြီး ဇနီးဖြစ်သူက ပြောဆိုလာခဲ့ပါတယ် ။ ဒီလိုအဖြစ်အပျက်ကို မည်သူမဆို ကြုံဖူးချင်ကြမှာအမှန်ပါ ။ Netizen များစွာက သတို့သမီး အားကျပြီး မနာလိုဝန်မိတယ်ဆိုပြီး မှတ်ချက်ပေးလာကြပါတယ် ။ ဒါဟာ အားကျစရာကောင်းတဲ့ သတင်းလေးပါဗျာ ။
JRose (Mckzone daily)
Be the first to comment on "အလုပ်မှ ရတဲ့ငွေကိုချွေတာပြီး ၄သန်းကျော် ဇိမ်ခံကားတစ်စီးကို ဝယ်ယူကာ သတို့သမီးကို surprise gift ပေးခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်သတို့သား"