ဆွေမျိုးများက အလိုမရှိတာကြောင့် တောအလယ်မှာ ခြင်ထောင်နဲ့ အိပ်ခဲ့ရပြီး ခက်ခဲတဲ့ ဘဝကို ရင်ဆိုင်နေရတဲ့ မသန်စွမ်းအဘိုးအို



.

.

.

.

JRose (Mckzone daily)

Reference : thainewsonline

Unicode

Facebook သုံးသူ Ton Trainer လို့ခေါ်တဲ့ အမျိုးသားတစ်ဦးက မသန်စွမ်း ဦးလေးကြီးတစ်ယောက်ရဲ့ ပုံကိုတင်တဲ့အခါ ၎င်းဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ သတင်းတစ်ခုဖြစ်လာခဲ့ပါတယ် ။ အဘိုးဟာ ဆွေမျိုးများက အလိုမရှိတာကြောင့် ဒွန်မောင်းရှိဘန်ကောက်တောအုပ်အလယ်မှာ အိပ်စက်ရန် ခက်ခဲတဲ့ ဘဝနဲ့ ရင်ဆိုင်နေရပါတယ် ။ ဘာလို့လဲဆိုတော့ သူ့ဆွေမျိုးတွေက ဦးလေးကိုဝန်ထုပ်ဝန်ပိုးတစ်ခုလို့မြင်တဲ့အတွက် အလိုမရှိတာကြောင့်လို့ postပိုင်ရှင်က ဦးလေးရဲ့အဖြစ်အပျက်ကို ဝေမျှခဲ့ပါတယ် ။ အဘိုးကို သက်ဆိုင်ရာအေဂျင်စီတွေက ကူညီလိမ့်မယ်လို့မျှော်လင့်ပါတယ် ။

“ဦး လေးအတွက် ကျွန်တော်တကယ်စိတ်မကောင်းပါဘူး။ ဦးလေးကိုကူညီဖို့ ကျွန်တော်လာခဲ့တယ်။ ဘကြီးကို ငါတတ်နိုင်သမျှကူညီဖို့ ကြိုးစားပါ့မယ် ။ ဆွေမျိုးတွေက မောင်းထုတ်ပေမဲ့ ဦးလေးက ပိုကောင်းတဲ့ဘဝကို လိုချင်တယ်လို့ ပြောခဲ့တယ် ။ ကျေးဇူးပြုပြီး ဦးလေးကို ကူညီနိုင်သူတိုင်း ကျေးဇူးပြုပြီး ငါ့ကိုဆက်သွယ်ပါ ။ အဘိုးက ခြင်ထောင်နဲ့ တောအုပ်အလယ်မှာ ဖြန့်ပြီး အိပ်နေရတယ် ။ အဲဒါက ကြောက်စရာကောင်းပါတယ်။ ရေမရှိ၊ လျှပ်စစ်မီးလည်း မရှိပါဘူး။ ဒါပေမယ့် အေဂျင်စီ ဒါမှမဟုတ် ဖောင်ဒေးရှင်းအသီးသီးက ဦးလေးကို လာကူညီစေချင်တယ် ” လို့ ရေးသားပြီး အဘိုးရဲ့အကြောင်းကို Ton Trainer က ဝေမျှခဲ့ပါတယ် ။ မကြာသေးမီက ဒီဖေ့စ်ဘွတ်ခ်သုံးသူဟာ အေဂျင်စီ (သို့) အမျိုးမျိုးသော ဖောင်ဒေးရှင်းများက လာရောက်ကူညီရန် စောင့်ဆိုင်းနေစဉ် မသန်စွမ်းအဘိုးအိုအတွက် အခန်းငှားပေးခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဆွေမျိုးများက အလိုမရှိတာကြောင့် တောအလယ်မှာ ခြင်ထောင်နဲ့ အိပ်ခဲ့ရပြီး ခက်ခဲတဲ့ ဘဝကို ရင်ဆိုင်နေရတဲ့ မသန်စွမ်းအဘိုးအို"

Leave a comment

Your email address will not be published.


*