Mask တပ္ဆင္ျခင္းဟာ ယခုအခါလိုအပ္ခ်က္တစ္ခုျဖစ္ေသာေၾကာင့္ macaque ေမ်ာက္တစ္ေကာင္ဟာ စြန႔္ပစ္ထားတဲ့ မ်က္ႏွာဖုံးကို ေကာက္ယူၿပီး သူ႔ဘာသာသူ စမ္းၾကည့္ျခင္းျဖင့္ လူမႈေရးအရ တာဝန္ယူရန္ ဆုံးျဖတ္လိုက္ပုံရပါတယ္ ။ Raina Tang အမ်ိဳးသမီးတစ္ေယာက္က ၾသဂုတ္လ ၂၆ ရက္ေန႔မွာ Bukit Batok Nature Park က ႐ိုက္ထားတဲ့ ေမ်ာက္ေလးရဲ႕ရယ္ေမာစရာဓာတ္ပုံေတြကို မွ်ေဝခဲ့ပါတယ္ ။ Ms Tang က သူမရဲ႕ခရီးစဥ္အတြင္း macaques မ်ိဳးႏြယ္စု ေမ်ာက္တစ္ေကာင္ကို ေတြ႕ခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါတယ္ ။ ေမ်ာက္က စြန္႔ပစ္ထားတဲ့ Mask ကို ေကာက္ယူၿပီး သူမရဲ႕ နားကိုသိုင္းႀကိဳးခ်ိတ္ႏိုင္လို႔ Mask စြပ္ပုံကို နားလည္ပုံရပါတယ္ ။
ခဏအၾကာမွာ ေမ်ာက္တစ္ေကာင္ဟာ သူမရဲ႕နားကို Mask စြပ္ထားတဲ့ႀကိဳးနဲ႔ ခ်ိတ္ၿပီးလမ္းေလွ်ာက္လာေနတာကို ေတြ႕လိုက္ရပါတယ္ ။ Ms Tang က သူမရဲ႕ဆြဲတင္ထားတဲ့ ေမ်ာက္ရဲ႕ဓာတ္ပုံကို “ေမ်ာက္ေတာင္ Mask တပ္ႏိုင္ရင္ မင္းလည္းဒီလိုပဲ လုပ္ႏိုင္ရမယ္ ” ဆိုတဲ့ caption နဲ႔ တင္လိုက္ပါတယ္ ။ ေမ်ာက္က ဟာသဆန္တဲ့ အျပဳအမူမ်ားရွိေနေသာ္လည္း လူအမ်ားစုက အမႈိက္သ႐ိုက္မ်ားဟာ ေတာ႐ိုင္းတိရစာၦန္မ်ားကို အႏၲရာယ္ျဖစ္ေစတာကို သတိေပးသင့္ပါတယ္ ။ Covid-19 ကပ္ေရာဂါကာလအတြင္းတစ္ခါသုံးအကာအကြယ္ပစၥည္းမ်ားျဖစ္တဲ့ လက္အိတ္မ်ားနဲ႔ ႏွာေခါင္းစည္းမ်ားပိုမိုလိုအပ္လာျခင္းေၾကာင့္ အမႈိက္မ်ား ပိုမိုမ်ားျပားလာေစခဲ့ပါတယ္ ။ ဒါ့ေၾကာင့္ ေတာ႐ိုင္းတိရစာၦန္မ်ားက မသင့္ေလ်ာ္တဲ့ စြန႔္ပစ္ထားတဲ့ အမႈိက္သ႐ိုက္မ်ားကို သုံးျခင္းကိုင္ျခင္းေၾကာင့္ ၎တို႔ရဲ႕ က်န္းမာေရးနဲ႔ ရွင္သန္မႈကို အႏၲရာယ္ျဖစ္ေစပါတယ္ ။
.
.
JRose (Mckzone daily)
Reference : theindependent
.
.
Unicode
Mask တပ်ဆင်ခြင်းဟာ ယခုအခါလိုအပ်ချက်တစ်ခုဖြစ်သောကြောင့် macaque မျောက်တစ်ကောင်ဟာ စွန့်ပစ်ထားတဲ့ မျက်နှာဖုံးကို ကောက်ယူပြီး သူ့ဘာသာသူ စမ်းကြည့်ခြင်းဖြင့် လူမှုရေးအရ တာဝန်ယူရန် ဆုံးဖြတ်လိုက်ပုံရပါတယ် ။ Raina Tang အမျိုးသမီးတစ်ယောက်က သြဂုတ်လ ၂၆ ရက်နေ့မှာ Bukit Batok Nature Park က ရိုက်ထားတဲ့ မျောက်လေးရဲ့ရယ်မောစရာဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ် ။ Ms Tang က သူမရဲ့ခရီးစဉ်အတွင်း macaques မျိုးနွယ်စု မျောက်တစ်ကောင်ကို တွေ့ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ် ။ မျောက်က စွန့်ပစ်ထားတဲ့ Mask ကို ကောက်ယူပြီး သူမရဲ့ နားကိုသိုင်းကြိုးချိတ်နိုင်လို့ Mask စွပ်ပုံကို နားလည်ပုံရပါတယ် ။
ခဏအကြာမှာ မျောက်တစ်ကောင်ဟာ သူမရဲ့နားကို Mask စွပ်ထားတဲ့ကြိုးနဲ့ ချိတ်ပြီးလမ်းလျှောက်လာနေတာကို တွေ့လိုက်ရပါတယ် ။ Ms Tang က သူမရဲ့ဆွဲတင်ထားတဲ့ မျောက်ရဲ့ဓာတ်ပုံကို “မျောက်တောင် Mask တပ်နိုင်ရင် မင်းလည်းဒီလိုပဲ လုပ်နိုင်ရမယ် ” ဆိုတဲ့ caption နဲ့ တင်လိုက်ပါတယ် ။ မျောက်က ဟာသဆန်တဲ့ အပြုအမူများရှိနေသော်လည်း လူအများစုက အမှိုက်သရိုက်များဟာ တောရိုင်းတိရစ္ဆာန်များကို အန္တရာယ်ဖြစ်စေတာကို သတိပေးသင့်ပါတယ် ။ Covid-19 ကပ်ရောဂါကာလအတွင်းတစ်ခါသုံးအကာအကွယ်ပစ္စည်းများဖြစ်တဲ့ လက်အိတ်များနဲ့ နှာခေါင်းစည်းများပိုမိုလိုအပ်လာခြင်းကြောင့် အမှိုက်များ ပိုမိုများပြားလာစေခဲ့ပါတယ် ။ ဒါ့ကြောင့် တောရိုင်းတိရစ္ဆာန်များက မသင့်လျော်တဲ့ စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်များကို သုံးခြင်းကိုင်ခြင်းကြောင့် ၎င်းတို့ရဲ့ ကျန်းမာရေးနဲ့ ရှင်သန်မှုကို အန္တရာယ်ဖြစ်စေပါတယ် ။
JRose (Mckzone daily)
Be the first to comment on "လူေတြလို ႏွာေခါင္းစည္း mask ကို စမ္းဝတ္ၾကည့္ဖို႔ႀကိဳးစားေနခဲ့တဲ့ ေမ်ာက္ငယ္ေလး"