.
.
.
.
.
.
.
.
.
JRose (Mckzone daily)
Reference : sanook
Unicode
အသက် ၂၃ နှစ်အရွယ် Mexican rapper တစ်ဦးဖြစ်တဲ့ Dan Sur ဟာ သူ့ရဲ့ ဦးရေပြားထဲသို့ လည်ဆွဲများစွာထည့်သွင်းထားတဲ့ ပထမဆုံးလူသားဖြစ်လာခဲ့ပါတယ် ။ ၎င်းဟာ သူ့ရဲ့ဆံပင်အစား သူ့ရဲ့ ဦး ခေါင်းမှ တွဲလောင်းကျနေတဲ့ ရွှေဆွဲကြိုးကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ် ။ Dan Sur က ကမ္ဘာပေါ်မှာ သူ့ရဲ့အဆန်းသစ်ဆုံးဖက်ရှင်ကို TikTok မှာ ထုတ်ဖော်ပြသပြီးနောက် ကမ္ဘာတစ်ဝှမ်းလုံးမှာ သတင်းခေါင်းစဉ်များတင်ခဲ့ပြီး သူဟာ အခြားသူများနဲ့ မတူချင်ဘူးလို့ နိုင်ငံတကာမီဒီယာသို့ လှုံ့ဆော်မှုကို ထုတ်ဖော်ခဲ့ပါတယ် ။ လူတိုင်းက ဆံပင်တွေကို အရောင်ဆိုးကြတယ် ဒါပေမဲ့သူက သူ့ရဲ့ဆံပင်ကို ရွှေရောင်ဆိုးမဲ့အစား စစ်မှန်တဲ့ ရွှေလည်ဆွဲကိုသုံးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုခဲ့ပါတယ် ။ အခုဆိုရင် သူ့ကို အတုခိုးပြီး လိုက်လုပ်မဲ့လူ ရှိမှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လုပ်ခဲ့ဖူးကမျှထက် ပိုပြီး အဆင့်မြင့်တယ်လို့ ဆိုနိုင်ပေမဲ့ သူ့ထက်ဆန်းသစ်အရာတွေ ထပ်လာဦးမလားဆိုပြီး မျှော်လင့်မိပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ဆံပင်တွေကို ဆေးဆိုးအလှဆင်မဲ့အစား ဦးရေပြားကို ရွှေကြိုးတွေနဲ့ ခွဲစိတ်ဖောက်ထွင်းပြီး အလှဆင်ခဲ့တဲ့ Rapper အမျိုးသား"