ဖခင္ျဖစ္သူက တစ္ရက္ကို TV 15 မိနစ္သာၾကည့္ခြင့္ေပးလို႔ ေဘးတိုက္ခန္းကTV ကိုခိုးၾကည့္ေနရတဲ့ ကေလးငယ္ (႐ုပ္သံ)

ကေလးငယ္ေတြဟာ မိဘေတြရဲ႕စကားကိုနားေထာင္တတ္ၾကေပမဲ့လည္း တစ္ခါတစ္ေလမိဘေတြရဲ႕ကြယ္ရာမွာေတာ့ သူတို႔လုပ္ခ်င္တာေတြကိုလုပ္ေနတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ video ထဲက ကေလးငယ္ဟာ ပုတင္ေပါက္ကေနတစ္စံုတစ္ခုကိုအခ်ိန္အေတာ္ၾကာလွမ္းၾကည့္ေနခဲ့တဲ့အတြက္ စစ္ေဆးၾကည့္လိုက္ခ်ိန္မွာေတာ့ အိမ္နီးခ်င္းတိုက္ခန္းမွာ႐ွိေနတဲ့ TV ကိုခိုးၿပီးၾကည့္ေနခဲ့တာပါ ။

ျဖစ္စဥ္ကေတာ့ ကေလးငယ္ဟာ TV ကိုတအားၾကည့္လြန္းတဲ့အတြက္ သူမရဲ႕ဖခင္ျဖစ္သူက မ်က္စိထိခိုက္မႈမ႐ွိေအာင္ သူမကိုအခ်ိန္အကန္႔အသတ္ျဖင့္သာ TV ၾကည့္ေစခဲ့ၿပီးေနာက္ ၊ တစ္ရက္လ်ွင္ 15 မိနစ္သာ TV ၾကည့္ဖို႔ခြင့္ေပးခဲ့ပါတယ္ ။ မၾကာေသးခင္ကမွ ဖခင္ျဖစ္သူဟာ သူ၏သမီးျဖစ္သူဟာ ပုတင္းေပါက္အနားတြင္ 1နာရီ, 2နာရီခန္႔ မလႈပ္ဘဲထိုင္ေနခဲ့ၿပီး တစ္ခါတစ္ေလမုန္႔ပါယူၿပီး အဆိုပါပုတင္ေပါက္မွာ မလႈပ္မရြပဲထိုင္ေနခဲ့တာကို သတိျပဳမိခဲ့ပါတယ္ ။

ထို႔ေၾကာင့္ ဖခင္ျဖစ္သူက သမီးရဲ႕အေျခအေနကိုစစ္ေဆးၾကည့္လိုက္ခ်ိန္မွာေတာ့ လမ္းၾကားတစ္ခုျခားေနတဲ့ တိုက္ခန္းတစ္ခုမွ ျမင္ေနရတဲ့ TV ကိုသမီးျဖစ္သူက လွန္းၿပီးၾကည့္႐ႈေနခဲ့တာပါ ။ တစ္ခါတစ္ေလ အဆိုပါတိုက္ခန္းရဲ႕ပုတင္းေပါက္မွာ ခန္းဆီးခ်ထားတဲ့အခ်ိန္မ်ိဳးနဲ႔ဆံုရင္ သမီးျဖစ္သူက ငိုေနတတ္ေသးေၾကာင္းဖခင္ျဖစ္သူကေျပာျပခဲ့ပါတယ္ ။ TV ကိုခိုးၾကည့္ေနတဲ့ သမီးငယ္ေလးကဲ့ video ဟာ အေတာ္ေလးကိုအျပစ္ကင္းစင္ၿပီး ခ်စ္ဖို႔ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးငယ်တွေဟာ မိဘတွေရဲ့စကားကိုနားထောင်တတ်ကြပေမဲ့လည်း တစ်ခါတစ်လေမိဘတွေရဲ့ကွယ်ရာမှာတော့ သူတို့လုပ်ချင်တာတွေကိုလုပ်နေတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ video ထဲက ကလေးငယ်ဟာ ပုတင်ပေါက်ကနေတစ်စုံတစ်ခုကိုအချိန်အတော်ကြာလှမ်းကြည့်နေခဲ့တဲ့အတွက် စစ်ဆေးကြည့်လိုက်ချိန်မှာတော့ အိမ်နီးချင်းတိုက်ခန်းမှာရှိနေတဲ့ TV ကိုခိုးပြီးကြည့်နေခဲ့တာပါ ။

ဖြစ်စဉ်ကတော့ ကလေးငယ်ဟာ TV ကိုတအားကြည့်လွန်းတဲ့အတွက် သူမရဲ့ဖခင်ဖြစ်သူက မျက်စိထိခိုက်မှုမရှိအောင် သူမကိုအချိန်အကန့်အသတ်ဖြင့်သာ TV ကြည့်စေခဲ့ပြီးနောက် ၊ တစ်ရက်လျှင် 15 မိနစ်သာ TV ကြည့်ဖို့ခွင့်ပေးခဲ့ပါတယ် ။ မကြာသေးခင်ကမှ ဖခင်ဖြစ်သူဟာ သူ၏သမီးဖြစ်သူဟာ ပုတင်းပေါက်အနားတွင် 1နာရီ, 2နာရီခန့် မလှုပ်ဘဲထိုင်နေခဲ့ပြီး တစ်ခါတစ်လေမုန့်ပါယူပြီး အဆိုပါပုတင်ပေါက်မှာ မလှုပ်မရွပဲထိုင်နေခဲ့တာကို သတိပြုမိခဲ့ပါတယ် ။

ထို့ကြောင့် ဖခင်ဖြစ်သူက သမီးရဲ့အခြေအနေကိုစစ်ဆေးကြည့်လိုက်ချိန်မှာတော့ လမ်းကြားတစ်ခုခြားနေတဲ့ တိုက်ခန်းတစ်ခုမှ မြင်နေရတဲ့ TV ကိုသမီးဖြစ်သူက လှန်းပြီးကြည့်ရှုနေခဲ့တာပါ ။ တစ်ခါတစ်လေ အဆိုပါတိုက်ခန်းရဲ့ပုတင်းပေါက်မှာ ခန်းဆီးချထားတဲ့အချိန်မျိုးနဲ့ဆုံရင် သမီးဖြစ်သူက ငိုနေတတ်သေးကြောင်းဖခင်ဖြစ်သူကပြောပြခဲ့ပါတယ် ။ TV ကိုခိုးကြည့်နေတဲ့ သမီးငယ်လေးကဲ့ video ဟာ အတော်လေးကိုအပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဖခင္ျဖစ္သူက တစ္ရက္ကို TV 15 မိနစ္သာၾကည့္ခြင့္ေပးလို႔ ေဘးတိုက္ခန္းကTV ကိုခိုးၾကည့္ေနရတဲ့ ကေလးငယ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*