တိရိစ္ဆာန်ဘေးမဲ့တောကိုပိတ်ပစ်လိုက်တာကြောင့် နေအိမ်မရှိတော့တဲ့ဝက်ဝံတစ်ကောင်အား မွေးစားခဲ့တဲ့ အမျိုးသမီးတစ်ဦး

ဝက်ဝံများဟာ ရက်စက်တဲ့တိရိစ္ဆာန်များဖြစ်ပုံရပေမဲ့လည်း လူသားများကာကွယ်မှုအောက်မှာ ကြီးပြင်းလာပြီး အကန့်အသတ်မဲ့ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပေးတဲ့နိုင်ငံများမှ ကြီးပြင်းလာခဲ့တဲ့ ဝက်ဝံများလည်း များစွာရှိပါတယ်။ ရုရှားနိုင်ငံ Siberia မြောက်ပိုင်း Novosibirsk မြို့ရှိ Veronika Dichka အမည်ရှိအမျိုးသမီးငယ်တစ်ဦးဟာ Archie လို့နာမည်ပေးထားတဲ့ဖော်ရွေတဲ့မွေးစားဝက်ဝံနှင့်အတူ ဖမ်းယူထားခဲ့တဲ့ဓာတ်ပုံများက လူမှုကွန်ယက်များစွာရဲ့အာရုံကိုဖမ်းစားစေခဲ့ပါတယ်။ Archie ဟာ Veronika နှင့်ခဏတာမျှမခွဲခွါဘဲ သူမ ဘယ်သွားသွား သူမအနားမှာအမြဲရှိနေတတ်ပါတယ်။ Archie ရဲ့အကြိုက်ဆုံးလုပ်ဆောင်ချက်မှာ သူချစ်မြတ်နိုးတဲ့လူသားမိခင်နှင့်အတူ လှေပေါ်မှငါးဖမ်းခြင်းဘဲ ဖြစ်ပါတယ်။ ဝက်ဝံနဲ့လူသားတို့ရဲ့ပေါင်းသင်းဆက်ဆံရေးက မြို့ပြကြီးများမှာဖြစ်မလာနိုင်တာကြောင့် Veronika က Siberia ကဲ့သို့ဝေးလံခေါင်သီတဲ့ဒေသဆီသို့ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

.

ကူးစက်ရောဂါကြောင့် ဒေသခံတိရိစ္ဆာန်ဥယျာဉ်က ဒေဝါလီခံလိုက်ရတဲ့အခါမှာ Archie က ပေါက်စအရွယ်သာရှိပါသေးတယ်။ တိရိစ္ဆာန်ဘေးမဲ့တောကိုပိတ်ပစ်လိုက်ခြင်းကြောင့် Archie က ၎င်းရဲ့အိမ်ကိုဆုံးရှုံးရလိမ့်မယ်ဆိုတဲ့သတင်းကြောင့် Veronika ဟာ တိရိစ္ဆာန်ဥယျာဉ်သို့ချက်ချင်းသွားခဲ့ပြီး Archie အား မွေးစားခွင့်တောင်းကာ သူမရဲ့နေအိမ်သို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပါတယ်။

.

“ Archie က ကျွန်မကို သူ့ရဲ့မိသားစုဝင်တစ်ယောက်လိုဘဲမြင်တယ် ၊ ကျွန်မတို့က အစားအသောက်တွေ အချင်းချင်း ဝေမျှကြတယ်၊ သူကြောက်ရင် ကျွန်မကသူ့ကိုပွေ့ချီပြီးအိပ်တတ်တယ် ၊ သူ့ကို Safari Safari ဥယျာဉ်ကနေကယ်ထုတ်ခဲ့ပြီး သူကတစ်သက်လုံးချုပ်နှောင်ခံရလိမ့်မယ်လို့ထင်ခဲ့ပေမဲ့ သူ့ကို တောထဲမလွှတ်ပေးနိုင်ခဲ့ဘူး ” လို့ Veronika က ဆိုခဲ့ပါတယ်။

.

Siberia ဝက်ဝံမျိုးသုဉ်းခြင်းအန္တရာယ်မှကာကွယ်ရန်ပြဌာန်းပြီးကတည်းက Archie ကဲ့သို့သောအညိုရောင်ဝက်ဝံများကို ရုရှားအာဏာပိုင်များက အိမ်မွေးတိရိစ္ဆာန်များအဖြစ်မွေးရန် ခွင့်ပြုထားခဲ့ပါတယ်။ သို့ပေမဲ့ Archie ကတော့ Veronika ရဲ့စောင့်ရှောက်မှုကို ခံယူဖို့အထူးခွင့်ပြုချက်တစ်ခုရထားတဲ့အပိုဆုတစ်ခုလိုပါဘဲ။

.

“ Archie က ကျွန်မတို့နဲ့ဘဲ နေ့တိုင်းအချိန်ကုန်ဆုံးစေတယ်၊ သူက ရေကို အရူးအမူးချစ်ပြီး သူ့ကို နေရာအသစ်တွေဆီခေါ်သွားတဲ့အခါတိုင်း သူက အရမ်းပျော်နေတတ်တယ် ၊ဒါကြောင့် ဒီဓာတ်ပုံတွေရိုက်ရတာက သူ့အတွက် ပျော်စရာကောင်းနေတယ်” လို့ Veronika က သူမရဲ့post မှာ ပြောကြားခဲ့ပါတယ်။

.

Veronika နှင့် Archie တို့ကြားတည်ဆောက်ခဲ့တဲ့ခင်မင်ရင်းနှီးမှုက လူသားဆန်မှုရဲ့ကောင်းကျိုးအတွက် ၎င်းတို့အား ရိုသေလေးစားရန်နှင့်ထိန်းသိမ်းစောင့်ရှောက်ရန်မရှိမဖြစ်လိုအပ်တဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။

.

အရေးအကြီးဆုံးကတော့ Archie ဟာ Verieika ရဲ့အဖော်ပြုပေးမှုမှာ အတော်လေးပျော်ရွှင်နေပုံရပါတယ်။ ဒီလိုတိရိစ္ဆာန်က အရိုင်းဆန်ခြင်းမရှိဘဲ ၎င်းဟာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လိုပြုမူနေတာကို ဓာတ်ပုံများအရ မြင်တွေ့နိုင်သလို Verieika နှင့် Archie တို့ဟာ မည်သူမဆိုလိုချင်တဲ့အကောင်းဆုံးသူငယ်ချင်းတွေဖြစ်နေမှာ အမှန်ပါဘဲ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "တိရိစ္ဆာန်ဘေးမဲ့တောကိုပိတ်ပစ်လိုက်တာကြောင့် နေအိမ်မရှိတော့တဲ့ဝက်ဝံတစ်ကောင်အား မွေးစားခဲ့တဲ့ အမျိုးသမီးတစ်ဦး"

Leave a comment

Your email address will not be published.


*