ကိုယ်ဝန်ဆောင်ဆိုပေမဲ့လည်း စိတ်ဓာတ်ယုတ်မာပြီး ကလေးအပေါ် လက်စားပြန်ချေခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ စားသောက်ဆိုင်တစ်ခုရဲ့တံခါးဝအနီးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းနှင့်အတူ စားသောက်နေကြစဉ် 4နှစ်အရွယ်ကလေးငယ်ဟာ တံခါးဝကနေပြေးဝင်လာခဲ့သဖြင့် သူမကိုတံခါးပေါက်မှာချိတ်ထားတဲ့ ပလပ်စတစ်ခန်းဆီးပျော့နှင့် ရိုက်မိခဲ့ပါတယ် ။ ထို့နောက် အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အတော်လေးစိတ်ဆိုးဒေါသထွက်နေခဲ့ပြီးနောက် ကလေးငယ်နောက်တစ်ကြိမ်တံခါးဝဆီသို့ပြန်ပြေးလာခဲ့တဲ့အချိန်မှာတော့ သူမရဲ့ခြေထောက်ကိုမသိမသာလေးထုတ်လိုက်ပြီး ကလေးငယ်ကိုခြေထိုးပစ်ခဲ့ပါတော့တယ် ။ ကလေးငယ်မှာလည်း အရှိန်ဖြင့်ပစ်လဲကျ သွားခဲ့ပါတယ် ။

ပြီးနောက်သူမဟာ အမူအရာမပျက်ဘဲ ဆက်လက်ပြီး စားသောက်နေခဲ့ပါတယ် ။ ကလေးငယ်၏မိခင်ဖြစ်သူမှာလည်း အစပိုင်းမှာတော့ ခလုတ်တိုက်၍လဲကျသွားခဲ့တာလို့ထင်နေခဲ့ပေမဲ့လည်း ကလေးငယ်က၎င်းကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့အားခြေထိုးလိုက်လို့ပစ်လဲကျသွားတာဖြစ်ကြောင်း မိခင်ကိုပြန်တိုင်ခဲ့ပါတော့တယ် ။ မိခင်ကလည်း သင်္ကာမကင်းဖြစ်ပြီး CCTV ကြည့်ပြီးစစ်ဆေးလိုက်ချိန်မှာတော့ အလွန်အမင်းဒေါသထွက်သွားကာ ရဲဌာနသို့တိုင်ကြားခဲ့ပါတော့တယ် ။

အဆိုပါ CCTV ရုပ်သံဟာ တရုတ်နိုင်ငံရဲ့ Social Media ပေါ်မှာအတော်လေးကိုရေပန်းစားခဲ့ပြီး လူအများအပြားကလည်း အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးကို မျိုးစုံဝေဖန်ရှုံချခဲ့ကြ၍ သူမမှာမခံစားနိုင်တော့ဘဲ နောက်တစ်ရက်တွင် ရဲစခန်းသို့ကိုယ်တိုင်သွားရောက်ပြီး စစ်ဆေးမှုခံယူခဲ့ပါတော့တယ် ။ ထို့အပြင် သူမရဲ့အပြုအမှုအတွက် ကလေးငယ်၏မိခင်ကိုပါတောင်းပန်ခဲ့ပြီး ကလေးငယ်၏ဆေးစရိတ်ကိုပါ အကုန်အကျခံပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သူမဟာ ကလေးငယ်ကို ကိုယ်ထိလက်ရောက် ကျူ းလွန်ခဲ့တဲ့အတွက် အချုပ်ခန်းထဲတွင် 10 ရက်ထိန်းသိမ်းခံခဲ့ရပြီး ဒဏ်ကြေးငွေအဖြစ် ယွမ်ငွေ 1000 ပေးချေခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ်ဝန်ဆောင်ဆိုပေမဲ့လည်း စိတ်ဓာတ်ယုတ်မာပြီး ကလေးအပေါ် လက်စားပြန်ချေခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*