တစ်သျှူးရောင်းသူတွေဟာ အချို့သောအကြောင်းများကဲ့သို့ ဘဝ၌ကံဆိုးသည့်အခြေအနေများကြောင့် ဤကုန်သွယ်မှုကို ရွေးချယ်ကြရခြင်းဖြစ်ပါတယ်။ ထို့ပြင် တစ်သျှူးရောင်းချသူများ၏အသက်မွေးဝမ်းကျောင်းဟာ မည်သည့်အခါကမျှအာမခံချက်မရှိတာကြောင့်ငွေကြေးအကူအညီများလက်ခံရယူခြင်းဟာ ၎င်းတို့အတွက် ကြီးမားသောခြားနားချက်ကိုဖြစ်ပေါ်စေပါတယ်။ စေတနာ့ဝန်ထမ်းအုပ်စုဟာ လမ်းဘေးတစ်နေရာမှာ တစ်သျှူးရောင်းသူအဘိုးတစ်ဦးအား ငွေသားပါတဲ့ angbao ကိုပေးလိုက်တဲ့အခါ အဘိုးအား ဝမ်းသာပီတိမျက်ရည်ကျသွားစေခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Gilbert Goh ဟာ တစ်သျှူးရောင်းသူအဘိုးတစ်ဦး၏ဓာတ်ပုံကို facebook post တစ်ခုဖြင့် မျှဝေခဲ့ပြီး အဘိုး၏တစ်သျှူးများက်ုဝယ်ယူခြင်းဖြင့် လူအများအားထောက်ခံပေးရန်တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့တွင် မျှဝေထားခဲ့တဲ့ အဆိုပါ post အရ Goh နှင့်သူ၏စေတနာ့ဝန်ထမ်းအဖွဲ့ဟာ angbao တစ်ခုကိုလက်ခံရရှိပြီးနောက် မျက်ရည်ကျသွားခဲ့တဲ့ တစ်သျှူးရောင်းသူအဘိုးတစ်ဦးကြောင့် အံ့အားသင့်သွားခဲ့ကြရပါတယ်။
အသက်အရွယ်ကြီးပြီဖြစ်တဲ့အဆိုပါအဘိုးဟာ ထိုဒေသတွင်ပုံမှန်အရောင်းအ၀ယ်လုပ်သူဖြစ်ပြီး စေတနာ့ဝန်ထမ်းများက အဘိုးအား ညဥ့်နက်သည့်တိုင်အောင်သူ၏တစ်နေ့တာပုံမှန်ထိုင်နေကျနေရာ၌ထိုင်နေသည်ကို မြင်ခဲ့ကြရပါတယ်။
ရင်းနှီးသောမျက်နှာတစ်ခုအနေနှင့် ဖြတ်သွားဖြတ်လာသူများစွာတို့ကလည်း သူ့ရဲ့တစ်သျှူးများဝယ်ခြင်း (သို့) ငွေသားအနည်းငယ်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ၎င်းတို့၏ကိုယ်ပိုင်နည်းလမ်းများဖြင့် အဘိုးအား ထောက်ခံခဲ့ကြပါတယ်။
အဘိုးရဲ့မျက်ရည်ကျရင်းတုံ့ပြန်တဲ့တုံ့ပြန်မှုကိုမြင်လိုက်ရတဲ့အခါ Goh ဟာ လူထုအား တတ်နိုင်သမျှ အဘိုးကိုထောက်ခံပေးရန် တိုက်တွန်းခဲ့ရပါတယ်။ ထို့ကဲ့သို့ လူထုအား အကူအညီတောင်းခံခြင်းဟာ Goh အတွက် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
အဆိုပါတစ်သျှူးရောင်းသူအဘိုးအတွက် ၎င်း angbao သေးသေးလေးက သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို တစ်စိတ်တစ်ပိုင်းအနေနဲ့သက်သာစေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။
Goh နှင့်သူ၏စေတနာ့ဝန်ထမ်းအဖွဲ့သားတို့လို ကျွန်ုပ်တို့မမြင်နိုင်တဲ့လူ့ဘောင်အဖွဲ့အစည်းရှိလူများကို စောင့်ကြည့်နေတတ်တဲ့လူများရှိနေခြင်းကလည်း ကျေးဇူးတင်စရာအရာတစ်ခုပါဘဲ။
JRose (Mckzone daily)
Reference : mustsharenews
Be the first to comment on "မမျှော်လင့်ဘဲ အမ်ပေါင်းတစ်ခုကို လက်ခံရရှိခဲ့ပြီးနောက် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ လမ်းဘေးတွင်တစ်သျှူး ရောင်းနေရသူ အဘိုးအို"