လစဉ်ယွမ် ၂,၀၀၀ သာရသော်လည်း တရုတ်မှအသက် ၅၈ နှစ်အရွယ်လမ်းသန့်ရှင်းရေးသမားတစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းမှစ၍ ဆင်းရဲနွမ်းပါးသောကလေးများအား ယွမ် ၁၈၀,၀၀၀ (ဒေါ်လာ ၂၇၀၀၀) အထိလှူဒါန်းပေးခဲ့ပါတယ်။ အဆိုပါ Mr Zhao အမည်ရှိအမျိုးသားဟာ တရုတ်နိုင်ငံအရှေ့မြောက် Liaoning ပြည်နယ် Shenyang မှလမ်းသန့်ရှင်းရေးသမားတစ်ဦးဖြစ်ပြီး သူ၏လစာနှင့်အတူသူဟာ အနည်းဆုံးသက်တောင့်သက်သာနေနိုင်တဲ့ဘဝကိုပိုင်ဆိုင်ထားပေမဲ့လည်း စိတ်အားထက်သန်စွာ အခြားသူများအား အကူအညီပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဆင်းရဲတဲ့နောက်ခံမှလာတဲ့ Mr Zhao ရဲ့ဖခင်ဟာ သူငယ်ရွယ်စဉ် မိခင်ဖြစ်သူက စိတ်ကျရောဂါခံစားနေရစဉ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ထို့ကြောင့် သူဟာ အခြားနည်းလမ်းမရှိတာကြောင့် သူတစ်ပါးကိုအားကိုးခဲ့ရပါတယ်။ သူဟာ အိမ်နီးနားချင်းများထံမှရရှိခဲ့သောကြင်နာမှုနှင့် သူနှင့်အတူအစားအစာအနည်းငယ်ဝေမျှရန် လုံလောက်တဲ့ကြင်နာတတ်တဲ့အနည်းဆုံးမိသားစု ၁၀၀ စုမှ အတူစားသုံးခြင်းဖြင့် သူမည်သို့ရှင်သန်လာခဲ့ပုံကိုလည်း အမြဲမှတ်မိနေခဲ့ပါတယ်။ လမ်းသန့်ရှင်းရေးလုပ်သားအဖြစ် အလုပ်လုပ်လာတဲ့အခါ Zhao ဟာ ငယ်စဉ်ကသူ့အား ကူညီခဲ့သည့်နည်းတူ အခြားဆင်းရဲတဲ့ကလေးများအား ပြန်ကူညီရန်စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
သို့ပေမယ့် နွမ်းပါးတဲ့ကလေးတွေကိုကူညီဖို့သူ့ရဲ့လစာအများစုကိုလှူဖို့ဆုံးဖြတ်တဲ့အခါ အစပိုင်းမှာမလွယ်ကူရခဲ့ပါဘူး။ သူ့မိသားစုက သူ့လုပ်ရပ်ကိုနားမလည်ပေမယ့် Zhao ကတော့ သူလုပ်တာမှန်တယ်ဆိုတာကို သိနေခဲ့ပါတယ်။
ဇနီးဖြစ်သူက သူတို့တောင် စားသောက်ဖို့အနိုင်နိုင်ဖြစ်နေတာကို ဘာကြောင့် အခြားလူတွေကို ကူညီရတာလဲလို့မေးကာ သူ့အား ခက်ခဲတဲ့အချိန်တွေကိုပေးလေ့ရှိခဲ့ပါတယ်။ ထို့နောက် သူဟာ ဇနီးဖြစ်သူအား ၎င်းတို့၏အခြေအနေကိုမြင်နိုင်ရန် ကလေးများနေထိုင်တေဲ့တောင်ရွာတစ်ခုသို့ခေါ်ဆောင်သွားခဲ့ပြီးနောက်မှာ ဇနီးဖြစ်သူဟာ သူ့အားငြင်းခုံနေတာကိုရပ်လိုက်ရပါတယ်။
Zhao ဟာ နှစ်ပေါင်း ၃၀ ကျော်သူရရှိထားခဲ့တဲ့အလှူငွေလက်မှတ်များကို စုဆောင်းထားပြီး သူ၏လစဉ်ဝင်ငွေအများစုကို ငတ်မွတ်တဲ့သူများအားပုံမှန်လှူဒါန်းခဲ့တာကြောင့် သူဟာ နှစ်ပေါင်းများစွာအဝတ်အစားအသစ်မ ၀ယ်ခဲ့သလို ခေါက်ဆွဲခြောက်များကိုသာစားလေ့ရှိပြီး အလွန်ကျိုးနွံတဲ့အိမ်၌သာ နေထိုင်လျက်ရှိပါတယ်။
သူပြန်ရမယ့်သူ့ရဲ့ကြင်နာမှုကိုမြင်ဖို့ရည်ရွယ်ချက်မရှိခဲ့ပေမယ့် Zhao ဟာ အကူညီလိုတဲ့ကလေးတွေကို ကူညီပေးရတာက သူ့အတွက်ပိုပျော်စရာကောင်းပုံရပါတယ်။ လွန်ခဲ့တဲ့ဒီဇင်ဘာလက သူဟာ ပြင်းထန်တဲ့အူလမ်းကြောင်းပိတ်ဆို့မှုကိုခံစားခဲ့ရပြီး ဆေးရုံတက်ရန်လိုအပ်လာတဲ့အခါ ဇနီးသည်က အိမ်မှမရှိနေခဲ့တာကြောင့် သူ့ကိုကူညီမည့်သူမရှိခဲ့ပါဘူး။
ကံကောင်းစွာနဲ့ ကလေးများရောက်လာပြီး သူ့ကိုစောင့်ကြည့်ပြုစုပေးခဲ့ကြပါတယ်။ အသက် ၆၀ နီးနေပြီဖြစ်သလို သူ့ရဲ့အလုပ်အကိုင်ဟာ သူ့ကျန်းမာရေးကိုထိခိုက်စေသော်လည်း Zhao ဟာ ဆင်းရဲပြီးခိုကိုးရာမဲ့ကလေးများအား ဆက်လက်ကူညီပေးချင်တာကြောင့် အငြိမ်းစားယူဖို့လည်း ငြင်းဆန်နေခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ မှစ၍ ဆင်းရဲနွမ်းပါးတဲ့ကလေးများကိုကူညီရန် လစဉ်ဝင်ငွေ ဒေါ်လာ ၃၀၀ ကိုလှူဒါန်းပေးခဲ့တဲ့ သန့်ရှင်းရေးလုပ်သားတစ်ဦး"