အဘြားျဖစ္သူႏွင့္စကားမ်ားရန္ျဖစ္ရင္း 1ႏွစ္သားအရြယ္ကေလးကို တိုက္ခန္းရဲ႕ 6လႊာကေန ပစ္ခ်ခဲ့တဲ့ ဖခင္

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Zhang အမည္႐ွိတဲ့အမ်ိဳးသားဟာ ၿပီးခဲ့တဲ့ June 14 ရက္ေန႔က သူ၏မိခင္ျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ၾကရင္း သူ၏ 1ႏွစ္အရြယ္ သားငယ္ေလးကို တိုက္ခန္းရဲ႕ 6လႊာကေန ပစ္ခ်ခဲ့မႈျဖစ္ပ်က္ခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအခင္းျဖစ္ပြားရာေန႔ ညမိုးခ်ဳပ္အခ်ိန္မွာ Zhang ၏မိခင္ျဖစ္သူဟာ ဧည့္ခန္းထဲတြင္ေျမးျဖစ္သူႏွင့္ ေဆာ့ကစားေနစဥ္ Zhang ကို ေျမးေလးအတြက္ေငြေရးေၾကးေရးေထာက္ပံ့မႈအေၾကာင္း စတင္ေမးျမန္းခဲ့ပါတယ္ ။

ေငြေရးေၾကးေရးအခက္အခဲျဖစ္ေနၿပီး အိမ္ေထာင္ကြဲျဖစ္ေနခဲ့တဲ့ Zhang ဟာ ကေလးငယ္ကိစၥႏွင့္ပက္သက္ၿပီး မိခင္ႏွင့္စကားအျငင္းအခံုျဖစ္ရင္း စိတ္ရွဳပ္ေထြးလြန္းၿပီး သည္းမခံႏိုင္ေတာ့တဲ့အဆံုး 1ႏွစ္အရြယ္သားေလးကို 6လႊာမွာ႐ွိတဲ့တိုက္ခန္းရဲ႕ပုတင္းေပါက္ကေန ပစ္ထုတ္ခဲ့ပါေတာ့တယ္ ။

မိခင္ျဖစ္သူမွာေတာ့ အေတာ္ေလးကိုအံ့ျသထိတ္လန္႔သြားခဲ့ၿပီး ေလွကားမွအျမန္ေျပးဆင္းၿပီး ေျမးေလးကိုသြားကယ္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း အေတာ္ေလးေနာက္က်သြားခဲ့ပါတယ္ ။ ေျမးေလးမွာေတာ့ ေျမျပင္ေပၚ႐ွိ ေသြးအိုင္ထဲမွာလံုးဝကို မလႈပ္႐ွားေတာ့ပဲ ေသဆံုးေနခဲ့ပါၿပီ ။ တ႐ုတ္ media ေတြမွာပ်ံ့ႏွံ႔ေနတဲ့ video ထဲမွာေတာ့ အဘြားျဖစ္သူဟာ သူ၏ေျမးေလးကိုေပြ႔ဖက္ၿပီး ေျမျပင္ေပၚမွာထိုင္လ်က္ေအာ္ငိုေနခဲ့ပါတယ္ ။ မည္သို႔ေသာ စိတ္ဒုကၡမ်ိဳးေတြ႔ၾကံဳၿပီး ပင္ပန္းေနပါေစ အျပစ္မဲ့လြန္းလွတဲ့ ကေလးငယ္အေပၚမွာေတာ့ ဖခင္၏လုပ္ရပ္ဟာ ရက္စက္လြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ Zhang အမည်ရှိတဲ့အမျိုးသားဟာ ပြီးခဲ့တဲ့ June 14 ရက်နေ့က သူ၏မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ကြရင်း သူ၏ 1နှစ်အရွယ် သားငယ်လေးကို တိုက်ခန်းရဲ့ 6လွှာကနေ ပစ်ချခဲ့မှုဖြစ်ပျက်ခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအခင်းဖြစ်ပွားရာနေ့ ညမိုးချုပ်အချိန်မှာ Zhang ၏မိခင်ဖြစ်သူဟာ ဧည့်ခန်းထဲတွင်မြေးဖြစ်သူနှင့် ဆော့ကစားနေစဉ် Zhang ကို မြေးလေးအတွက်ငွေရေးကြေးရေးထောက်ပံ့မှုအကြောင်း စတင်မေးမြန်းခဲ့ပါတယ် ။

ငွေရေးကြေးရေးအခက်အခဲဖြစ်နေပြီး အိမ်ထောင်ကွဲဖြစ်နေခဲ့တဲ့ Zhang ဟာ ကလေးငယ်ကိစ္စနှင့်ပက်သက်ပြီး မိခင်နှင့်စကားအငြင်းအခုံဖြစ်ရင်း စိတ်ရှုပ်ထွေးလွန်းပြီး သည်းမခံနိုင်တော့တဲ့အဆုံး 1နှစ်အရွယ်သားလေးကို 6လွှာမှာရှိတဲ့တိုက်ခန်းရဲ့ပုတင်းပေါက်ကနေ ပစ်ထုတ်ခဲ့ပါတော့တယ် ။

မိခင်ဖြစ်သူမှာတော့ အတော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ပြီး လှေကားမှအမြန်ပြေးဆင်းပြီး မြေးလေးကိုသွားကယ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း အတော်လေးနောက်ကျသွားခဲ့ပါတယ် ။ မြေးလေးမှာတော့ မြေပြင်ပေါ်ရှိ သွေးအိုင်ထဲမှာလုံးဝကို မလှုပ်ရှားတော့ပဲ သေဆုံးနေခဲ့ပါပြီ ။ တရုတ် media တွေမှာပျံ့နှံ့နေတဲ့ video ထဲမှာတော့ အဘွားဖြစ်သူဟာ သူ၏မြေးလေးကိုပွေ့ဖက်ပြီး မြေပြင်ပေါ်မှာထိုင်လျက်အော်ငိုနေခဲ့ပါတယ် ။ မည်သို့သော စိတ်ဒုက္ခမျိုးတွေ့ကြုံပြီး ပင်ပန်းနေပါစေ အပြစ်မဲ့လွန်းလှတဲ့ ကလေးငယ်အပေါ်မှာတော့ ဖခင်၏လုပ်ရပ်ဟာ ရက်စက်လွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အဘြားျဖစ္သူႏွင့္စကားမ်ားရန္ျဖစ္ရင္း 1ႏွစ္သားအရြယ္ကေလးကို တိုက္ခန္းရဲ႕ 6လႊာကေန ပစ္ခ်ခဲ့တဲ့ ဖခင္"

Leave a comment

Your email address will not be published.


*